ငှက်ပျောသီးစားပေးပါ
တကယ်တော့ ငှက်ပျောသီးမှာ ကောင်းကျိုး တွေ အများကြီး ရှိပါတယ် သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ အတွက် သွေးအားကောင်းစေပီး တစ်နေ့တစ်လုံး စားပေးပါက သွေးတိုးကိုကာကွယ်ပေးပါတယ်ငှက်ပျောသီး အစွမ်းတွေကတော့အများကြီးရှိပါတယ် website တွေနှင့် facebook တို့မှာလည်းရှာဖွေနိုင်ပါတယ်
ငှက်ပျောသီးဟာ အမြင်အာရုံကိုကောင်းမွန်စေပီး အစာအိမ်-အရိုး-နှလုံးသွေးကြော-အူလမ်းကြောင်း-ကျောက်ကပ် စတာတွေကိုလည်း အကျိုးပြုပါတယ်=
ငှက်ပျောသီးရဲ့ အစွမ်းကတော့အများကြီးရှိပြီး လူ့ခန္ဓာကိုယ်တော်တော်များများကို အကျိုးပြုပေးပါတယ် အခြား သစ်သီးတွေနဲ့ယှဉ်ရင် ငှက်ပျောသီး မှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတယ်လို့ထင်ပြီး ငှက်ပျောသီးစားရင် ဝစေတယ်လို့ ထင်ကြပါတယ် အဲဒါဟာမဟုတ်ပါဘူး ငှက်ပျောသီးအပါအဝင် ဘယ်သစ်သီးမဆို သူတို့ကို သဘာဝအတိုင်း စားရင် မဝစေ ပါဘူး=
ငှက်ပျောသီးကို ဒီအတိုင်း အစိမ်းစားတာကသာ အကောင်းဆုံးဖြစ်ပီး ငှက်ပျောသီးကို နို့၊ ရေခဲမုန့်၊ သကြားစတာတွေနဲ့အတူ ရောစားရင်တော့ ဝစေတယ်လို့သိရပါတယ်-အမျိုးသမီးတွေ လက်ရှိ သုံးနေတဲ့ အလှကုန်တွေ အများစုမှာ ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေလည်း ပါဝင်ပါတယ်
ငှက်ပျောသီးဟာ အသားအရေ အတွက်လည်း အကျိုးရှိ စေပါတယ်
ဝက်ခြံများကိုပျောက်စေပြီး ဆံပင်များအတွက်လည်း နူးညံ့ပြီးနှစ်ခွဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်-နေ့လည်စာစားပီး
စားပြီး သွားရည်စာ အဖြစ် ငှက်ပျောသီးကို စားပေး တာဟာ ပျို့အန်ခြင်းကို တားဆီး ပေးနိုင်ပါတယ် ငှက်ပျောသီးမှာ ပိုတက်စီယမ် ပါဝင်မှုလည်းများတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိ ပေးပြီး အမျိုးသမီးတွေမှာ ရာသီမလာခင် ခံစားရတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေတယ်လို့ သိရပါတယ်
နယူးအင်္ဂလန် ဆေးပညာ ဂျာနယ်က ပြုလုပ်တဲ့ သုတေသန တစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိ ထားပါတယ်-
အရေပြားအတွက်လည်း ကောင်းမွန်စေပီး ငှက်ပျောသီး အခွံ သက်သက်ကို အရေပြား ပေါ်တွင် ပွတ်သပ် လိမ်းပေးခြင်း ဟာလည်း အရေပြား အတွက် ကောင်းစေ ပါတယ် ဝက်ခြံရှိတယ် ဆိုရင် မျက်နှာကို ငှက်ပျောသီး အခွံနဲ့ ပွတ်ပေးပါ ခဏတာ အတွင်း ဝက်ခြံတွေ ပျောက်ကင်း သွားပါ လိမ့်မယ်
ငှက်ပျောသီး ရဲ့ အစွမ်းတွေကတော့အများကြီးကျန်ရှိပါသေးတယ် ကျနော်တွေ့ရှိသလောက်တင်ပြထားတာပါ
ဝယ်ကျွေးပါ ဥဥ။ :P စတာပါ upvoted n followed
ဟားးးးးးးးး ok ဘရား
thank vote & follow