သင်ဒါတွေ သိရောသိရဲ့လား?
သင်ဒါတွေ သိရောသိရဲ့လား?
တမန်တော်မြတ်ကြီး ﷺ နှင့်ပတ်သတ်သော မှတ်သားစရာအချို့
.(1.)တမန်တော်မြတ်ကြီး ﷺ ကို ခရစ်နှစ် လို ဘယ်နှစ်ခု နှစ် ဘယ် နှစ်လ မှာ မွေးသနည်း။
အဖြေ။ ။ April 22 571
(2) တမန်တော်မြတ်ကြီး ﷺ သည် ခရစ်နှစ် ဘယ်နှစ်ခု နှစ် ဘယ် နှစ်လ မှာ အရှင့်အမိန့် ခံ သက်နော်ကုန်ခဲ့သနည်း။
အဖြေ။ ။ 8 June 632
(3)ဘယ် အရပ် မှာ မွေး၍ ဘယ်အရပ်မှာ အရှင့်အမိန့်ခံခဲ့သနည်း။
အဖြေ။ ။ မက္ကာဟ် မှာ မွေး၍ မဒိနာဟ် မှာ အရှင့်အမိန့်ခံခဲ့သည်။
(4)နဗူဝသ် ရ သော အချိန် နှင့် နေရာ ကို ပြောပြပါ။
အဖြေ၊ ။ ရမဇန် လ့။ August လ 610ခုနှစ်၊ ဟေရဟ် လှိုင်ဂူ မက္ကာဟ် မြို့
(5) တမန်တော်မြတ်ကြီး ﷺ ၏ နို့တိုက်မိခင် နှစ်ပါး အမည်ကို ပြောပြပါ။
အဖြေ။ ။ ဟလီမဟ် စအ်ဒီယာ သခင်မနှင့် ၊ ဆိုဝိုင်ဘာဟ် သခင်မ၊
(6) တမန်တော်မြတ်ကြီး ﷺ ၏ အထက်ဆက်၌ မည်သည့် တမန်တော် ပထမဦးဆုံး စ ရှိသနည်း။
ဖြေ။ ။ တမန်တော် အစ္စမာအိးလ် သခင်
(7) တမန်တော်မြတ်ကြီး ﷺ ၌ နို့စို့ဘက် မောင်နှမ မည်မျှ ရှိသနည်း။ အမည်များကို ဖော်ပြပါ။
ဖြေ။ အမျိုးသားလေး ယောက် ၊ အမျိုးသမီး နှစ်ယောက်ရှိသည်။ (1)ဟမ်ဇာဟ် သခင်ကြီး(2)အဗူဆလ်မဟ် ဗင် အဗ်ဒွလ် အဆဒ် (3)အဗူဆိုဖီယာန် ဗင် ဟာရိစ်
(4)အဗ်ဒွလ်လဟ် ဗင် ဟာရိစ် (5) ရှီးမာ ဗင်သေ့ ဟာရိစ် (6)အနီးစဟ် ဗင်သေ့ဟာရိစ်
(8) တမန်တော်မြတ်ကြီး ﷺ,၏ သားတော်မည်မျှ ရှိသနည်း ။ အမည်များကို ဖော်ပြပါ။
ဖြေ။ ။ သူံးပါး၊ (1)ကာစင်(2)အဗ်ဒွလ်လဟ် (3)အီဗရာဟင်မ်
(9) တမန်တော်မြတ်ကြီး ﷺ ၌ သမီးတော်မည်မျှ ရှိသနည်း?
ဖြေ။ ။ လေးပါးရှိသည်။ (1)ဇိုင်နဗ်(2)ရိုကိုင်ယာ(3)အွမ်မေ့ကုလ်စွမ်(4)ဖာသေမဟ်ဇဟ်ရာအ်
(10) တမန်တော်မြတ်ကြီး ﷺ ၏ ဖခင်၏ မိခင်အမည်-(/ တမန်တော်မြတ်ကြီး ﷺ ဒါဒီးအဖွား၏)ကို ဖော်ပြပါ။
ဖြေ။ ။ ဖာသေမဟ် ဗင်သေ့ အမရ်
(11) တမန်တော်မြတ်ကြီး ﷺ ၏ ဖခင် အဗ်ဒွလ်လဟ် သည် ခရစ်နှစ် ဘယ်နှစ်ခုနှစ် ဘယ်နေရာမှာမွေးပြိး ဘယ်နှခုနှစ် ဘယ်နေရာ မှာ ကွယ်လွန်ခဲ့သနည်း။
ဖြေ။ 544ခုနှစ် မက္ကာဟ် မှာမွေးပြိး-571၌ မဒီနာဟ် ၌ ကွယ်လွန်ခဲ့သည်။
(12) တမန်တော်မြတ်ကြီး ﷺ ၏ ဖခင် အဗ်ဒွလ်လဟ် ၌ ညီမ ဘယ် နှစ်ဦးရှိသနည်း အမည်များကို ဖော်ပြပါ။
ဖြေ။ ညီမ တစ်ဥိးသာရှိသည်။ အမည်မှာ ၊ ဆွဖီးယာဟ်
(13)ဟဇရသ် အလီနှင့် တမန်တော်မြတ်ကြိး မည်သို့တော်စပ်သနည်း။
ဖြေ။ ဟဇရသ် အလီသည် တမန်တော်မြတ်ကြိး၏ ဦးလေးအရင်းဖြေစ်သော
အဗူသွယလိဗ် ၏ သားဖြစ်သောကြောင့် ညိကိုယ်ဝမ်းကွဲတော်သည်။ ၎င်းနောက်
သမီးတော်ဖွာသေမဟ် နှင့် နေကာဟ်ဖြစ်ပြိးနောက် သမက်လည်းတော်သည်။
(14) တမန်တော်မြတ်ကြီး ﷺ သည် မက္ကာဟ် ၌ တိုးတိုးတိတ်တိတ် ဒအ်ဝသ် မည်မျှပေးခဲ့၍ ကျယ်ကျယ်လောင်လောင် ပေါ်ပေါ်တင်တင်မည်မျှ ပေးခဲ့သနည်း။
ဖြေ။ နဗူဝသ် ရပြိးနောက် သုံးနှစ်တိတိ တိုးတိုးတိတ်တိတ် ဒအ်ဝသ်ပေး၍ ကျန် ဆယ်နှစ်အား ပေါ်ပေါ်တင်တင်ပေးခဲ့သည်။
(15) ဆွဟာဗဟ် များ၏ပထမဥိးဆုံး ဟိဂ်ျရသ်ခရိးစဉ် ဖြစ်သော ဟဗ်ရှာ နိုင်ငံသို့ ကူးပြောင်းသော ခရီးစဉ်၌ မည်သည့် ဆွဟာဗာဟ် ကြီးမှ မွစ်လင်တို့အား ဥိးဆောင်ခေါ်သွားသနည်း?။
ဖြေ။ ဟဇနသ် အွစ်မာန်း ဗင် အဖ်ဖာန်း သခင်ကြိး
ဒါက ကျနော် မိတ်ဆွေများကို တမန်တော်မြတ်ကြီး ဆွ ၏ အတ္ထုပတ္တိ လေ့လာချင်လာအောင်၊အမြည်းတင်ပြသည့်သဘောသာ ဖြစ်သည်။ မွစ်လင်မ် တိုင်း လေ့လာဖို့အရေးကြီးပါတယ်၊ တမန်တော်မြတ်ကြီး အကြောင်းမသိသရွှေ့၊ကျနော်တို့၏ ဘဝ ကုန်ဆုံးနည်း မှားနေဦးမည်၊ အမှန်ဖြစ်နေမည်မဟုတ်ပါ။
This post has received a 0.14 % upvote from @drotto thanks to: @banjo.
You got a 1.23% upvote from @upmewhale courtesy of @yoonmyat!