ဝဋ္မွာအၿမဲငရဲမွာအပ(ဘာသာျပန္ပံုျပင္)
Credit to Google image
Zawgyi
ဝဋ္မွာအၿမဲငရဲမွာအပ(ဘာသာျပန္ပံုျပင္)
တစ္ခါကအလြန္ရက္စက္ၾကမ္းၾကဳတ္ေသာဘုရင္တစ္ပါးရိွသည္။ျပည္သူမ်ားသည္ဘုရင္၏နိွပ္စက္မႈဒဏ္ကိုမခံနိုင္ေသာေၾကာင့္နန္းက်ကာနတ္႐ြာစံေစခ်င္ၾကသည္။တစ္ေန႔ေတာ့ဘုရင္ကသူ၏အက်င့္ဆိုးမ်ားကိုစြန္႔လြန္႔ကာစိတ္သစ္လူသစ္ျဖင့္ဘဝသစ္စေတာ့မည္
ဟုေၾကညာျခင္းျဖင့္ျပည္သူမ်ားကိုအံ့ၾသသင့္ေစလိုက္သည္။
"ရက္စက္မႈ၊အဓမၼမႈဆိုတာေနာက္ထက္မရိွေတာ့ဘူး"ဟုကတိကဝတ္ျပဳသည္။ထိုကတိအတိုင္းလည္းေကာင္မြန္စြာက်င့္ႀကံေနထိုင္သည္။
မၾကာမီသူသည္ "မင္းက်င့္တရားနွင့္ျပည္စံုကာ
စိတ္ႏွလံုးႏူးညံ့ေသာမင္းဧကရာဇ္"အျဖစ္ေက်ာ္ၾကားလာသည္။ဘုရင္မင္းျမတ္ေျပာင္းလဲလာၿပီးလအေတာ္ၾကာသူ၏ ဝန္ႀကီးမ်ားထဲမွ တစ္ေယာက္က ဘုရင္ႀကီးယခုကဲ့သို႔ေျပာင္းလဲလာရျခင္းအေၾကာင္းအရင္းကိုေမးျမန္းသည္။
ထိုအခါဘုရင္က"တစ္ေန႔ငါေတာထဲျမင္းတစ္စီးနဲ႔ပတ္ေနတုန္း ေျမေခြးတစ္ေကာင္ကိုအမဲလိုက္ေခြးတစ္ေကာင္ကလိုက္ေနတာရိပ္ခနဲေတြ႕လိုက္တယ္...အဲဒီေျမေခြးဟာ အက်ဥ္းအက်ပ္ထဲကလြတ္သြားတယ္..ဒါေပမဲ့မလြတ္ခင္ေလးမွာအမဲလိုက္ေခြးကိုက္လိုက္လို႔ေျခ
တစ္ဖက္က်ိဳးသြားတယ္....အဲဒီေနာက္ငါ႐ြာတစ္ေရာက္ေတာ့ေစာနကအမဲလိုက္ေခြးကိုျပန္ေတြ႕တယ္....အဲဒီေခြးကလူတစ္ေယာက္ကိုေဟာင္ေနတာ....ငါၾကည့္ေနတုန္းမွာပဲအဲဒီလူက ေက်ာက္တံုးတစ္တံုးကိုေကာက္ၿပီးပစ္လိုက္တာအမဲလိုက္ေခြးကေျခေထာက္က်ိဳးသြားတယ္...အဲဒီလူလည္းသိပ္အေဝးႀကီးေတာင္မေရာက္ေသးပါဘူး...ေဘးနားကျမင္းတစ္ေကာင္ကန္လိုက္တာေျခေထာက္က်ိဳးသြားျပန္ေရာ...ျမင္းလည္းကန္ၿပီးေျပးတယ္..မၾကာပါဘူးတြင္းတစ္ခုထဲက်ၿပီးေျခေထာက္က်ိဳးသြားတယ္...တန္ျပန္သက္ေရာက္မႈေတြျဖစ္္ေနၾကတာပဲ..ငါေတြးမိတယ္..မေကာင္းတာလုပ္ရင္ အဲဒီအက်ိဳးက ကိုယ့္ဆီျပန္လာမွာပဲ...
ငါသာဆက္ၿပီးမေကာင္းမႈေတြမွာေပ်ာ္ေမြ႕ေနအံုးမယ္ဆိုရင္တစ္ေန႔အဲဒီအက်ိဳးေတြျပန္ခံရမွာက်ိန္းေသပဲ..အဲဒါေၾကာင့္ေျပာင္းလဲဖို႔ငါဆံုးျဖတ္လိုက္တာ"
ဝန္ႀကီးမွာ ထုိေနရာမွျပန္လာရင္း "အခုခ်ိန္ကဘုရင္ကိုထီးနန္းခ်ၿပီး နန္းသိမ္းဖို႔အေကာင္းဆံုးပဲ..အခ်ိန္တန္ၿပီ"ဟုေတြးသည္။အေကာက္ႀကံခ်င္ေသာဝန္ႀကီး
သည္အေတြးႏြံတြင္နစ္ျမဳပ္ကာအေရွ႕မွ ေလွကားထစ္ကိုမျမင္ဘဲရုတ္တရက္ ေျခေခ်ာ္လဲကာ လည္တိုင္က်ိဳးသြားေလေတာ့သည္။
အက်ိဳးနွင့္အေၾကာင္းသံသရာသည္သူတစ္ပါးအားကြၽန္ုပ္တို႔ျပဳမႈသည့္အတိုင္းလည္ကာကြၽန္ုပ္တို႔ဆီျပန္ေရာက္လာသည္။သူ တစ္ပါးကိုေကာင္းလ်ွင္ကြၽန္ုပ္တို႔သည္လည္းေကာင္းေသာအက်ိဳးကိုခံစားရမည္ျဖစ္ၿပီးသူတစ္ပါးအား မေကာင္းႀကံလ်ွင္ေတာ့ကြၽန္ုပ္တို႔သည္ထိုမေကာင္းမႈကို ျပန္ခံစားရမည္ျဖစ္ေပသည္။
လက္သစ္ၾကယ္
မူရင္း
https://www.moralstories.org/cycle-of-evil/
Unicode
Credit to google image
ဝဋ်မှာအမြဲငရဲမှာအပ(ဘာသာပြန်ပုံပြင်)
တစ်ခါကအလွန်ရက်စက်ကြမ်းကြုတ်သောဘုရင်တစ်ပါးရှိသည်။ပြည်သူများသည်ဘုရင်၏နှိပ်စက်မှုဒဏ်ကိုမခံနိုင်သောကြောင့်နန်းကျကာနတ်ရွာစံစေချင်ကြသည်။တစ်နေ့တော့ဘုရင်ကသူ၏အကျင့်ဆိုးများကိုစွန့်လွန့်ကာစိတ်သစ်လူသစ်ဖြင့်ဘဝသစ်စတော့မည်
ဟုကြေညာခြင်းဖြင့်ပြည်သူများကိုအံ့သြသင့်စေလိုက်သည်။
"ရက်စက်မှု၊အဓမ္မမှုဆိုတာနောက်ထက်မရှိတော့ဘူး"ဟုကတိကဝတ်ပြုသည်။ထိုကတိအတိုင်းလည်းကောင်မွန်စွာကျင့်ကြံနေထိုင်သည်။
မကြာမီသူသည် "မင်းကျင့်တရားနှင့်ပြည်စုံကာ
စိတ်နှလုံးနူးညံ့သောမင်းဧကရာဇ်"အဖြစ်ကျော်ကြားလာသည်။ဘုရင်မင်းမြတ်ပြောင်းလဲလာပြီးလအတော်ကြာသူ၏ ဝန်ကြီးများထဲမှ တစ်ယောက်က ဘုရင်ကြီးယခုကဲ့သို့ပြောင်းလဲလာရခြင်းအကြောင်းအရင်းကိုမေးမြန်းသည်။
ထိုအခါဘုရင်က"တစ်နေ့ငါတောထဲမြင်းတစ်စီးနဲ့ပတ်နေတုန်း မြေခွေးတစ်ကောင်ကိုအမဲလိုက်ခွေးတစ်ကောင်ကလိုက်နေတာရိပ်ခနဲတွေ့လိုက်တယ်...အဲဒီမြေခွေးဟာ အကျဉ်းအကျပ်ထဲကလွတ်သွားတယ်..ဒါပေမဲ့မလွတ်ခင်လေးမှာအမဲလိုက်ခွေးကိုက်လိုက်လို့ခြေ
တစ်ဖက်ကျိုးသွားတယ်....အဲဒီနောက်ငါရွာတစ်ရောက်တော့စောနကအမဲလိုက်ခွေးကိုပြန်တွေ့တယ်....အဲဒီခွေးကလူတစ်ယောက်ကိုဟောင်နေတာ....ငါကြည့်နေတုန်းမှာပဲအဲဒီလူက ကျောက်တုံးတစ်တုံးကိုကောက်ပြီးပစ်လိုက်တာအမဲလိုက်ခွေးကခြေထောက်ကျိုးသွားတယ်...အဲဒီလူလည်းသိပ်အဝေးကြီးတောင်မရောက်သေးပါဘူး...ဘေးနားကမြင်းတစ်ကောင်ကန်လိုက်တာခြေထောက်ကျိုးသွားပြန်ရော...မြင်းလည်းကန်ပြီးပြေးတယ်..မကြာပါဘူးတွင်းတစ်ခုထဲကျပြီးခြေထောက်ကျိုးသွားတယ်...တန်ပြန်သက်ရောက်မှုတွေဖြစ်နေကြတာပဲ..ငါတွေးမိတယ်..မကောင်းတာလုပ်ရင် အဲဒီအကျိုးက ကိုယ့်ဆီပြန်လာမှာပဲ...
ငါသာဆက်ပြီးမကောင်းမှုတွေမှာပျော်မွေ့နေအုံးမယ်ဆိုရင်တစ်နေ့အဲဒီအကျိုးတွေပြန်ခံရမှာကျိန်းသေပဲ..အဲဒါကြောင့်ပြောင်းလဲဖို့ငါဆုံးဖြတ်လိုက်တာ"
ဝန်ကြီးမှာ ထိုနေရာမှပြန်လာရင်း "အခုချိန်ကဘုရင်ကိုထီးနန်းချပြီး နန်းသိမ်းဖို့အကောင်းဆုံးပဲ..အချိန်တန်ပြီ"ဟုတွေးသည်။အကောက်ကြံချင်သောဝန်ကြီး
သည်အတွေးနွံတွင်နစ်မြုပ်ကာအရှေ့မှ လှေကားထစ်ကိုမမြင်ဘဲရုတ်တရက် ခြေချော်လဲကာ လည်တိုင်ကျိုးသွားလေတော့သည်။
အကျိုးနှင့်အကြောင်းသံသရာသည်သူတစ်ပါးအားကျွန်ုပ်တို့ပြုမှုသည့်အတိုင်းလည်ကာကျွန်ုပ်တို့ဆီပြန်ရောက်လာသည်။သူ တစ်ပါးကိုကောင်းလျှင်ကျွန်ုပ်တို့သည်လည်းကောင်းသောအကျိုးကိုခံစားရမည်ဖြစ်ပြီးသူတစ်ပါးအား မကောင်းကြံလျှင်တော့ကျွန်ုပ်တို့သည်ထိုမကောင်းမှုကို ပြန်ခံစားရမည်ဖြစ်ပေသည်။
လက်သစ်ကြယ်