"တစ်​ကန့်​စီ ထားပါ”

in #step6 years ago

ကော်​ဖီပူပူတစ်​ခွက်​ထဲကို ​ရေ​အေး​ရော​သောက်​လို့

မရသလို ​ထောပတ်​ထဲ ​ရေ​ရောလို့မရပါဘူး

အဲ့ဒီလိုပါပဲ လူ​လောကကြီးမှာ ရပ်​တည်​ဖို့ဆိုတာ

တစ်​ချို့အရာ​တွေကို တစ်​ကန့်​စီ ထားနိုင်​မှ

အဆင်​​ပြေမှာပါ



တစ်​ချို့အရာ​တွေက တစ်​ကန့်​စီ မထားနိုင်​ရင်

အပြင်​ကထရံ အတွင်းကာမိသလို

အတွင်းကမီး အပြင်​ထုတ်​မိသလိုဖြစ်​​နေတတ်​တယ်



တစ်​ခါတစ်​ခါကျ​တော့ အချစ်​နဲ့ဘဝကို ​ရောလိုက်​မိတဲ့အခါ အချစ်​​ရောဘဝပါ ပျက်​စီးရတတ်​သလို

စိတ်​ခံစားမှု နဲ့ ဖြစ်​ချင်​တာ​တွေကို ဖြစ်​သင့်​တာနဲ့

မချိန်​ဆမိတဲ့အခါ ဖြစ်​ချင်​တိုင်း​တွေ ဖြစ်​​နေတတ်​တယ်



နှလုံးသားနဲ့ ဦး​နှောက်​ကို တစ်​ခါတစ်​ခါမှာ

တစ်​ကန့်​စီမထားနိုင်​ရင်​ စိတ်​ထွက်​​ပေါက်​​တွေ

ပိတ်​လာတတ်​ပြီး ကိုယ်​နဲ့ မသက်​ဆိုင်​တဲ့ ​နေရာ​တွေကိုပါ ကိုယ့်​အပူလို ဝင်​ခံစားမိ​နေရင်​​တော့

မင်းမှာ နှလုံးသား အပိုတစ်​ခုပါရင်​​တောင်

လောက်​င မှာ မဟုတ်​ပါဘူး



လူတစ်​ချို့က အလုပ်​နဲ့မိသားစုကို တစ်​ကန့်​စီမထားတတ်​​တော့ အလုပ်​ထဲကဖြစ်​လာတဲ့ ဖိအားကို

မိသားစုအ​ပေါ် ​ပေါက်​ကွဲမိလာတတ်​သလို

လောဘနဲ့ အတ္တကို တစ်​ကန့်​စီမထားတတ်​​တော့

ဒေါသဆိုတဲ့အရာကို အင်​အားကြီးမားလာ​စေတတ်​ပါတယ်​။



လိုချင်​တာနှင့်​ ဖြစ်​ချင်​တာ​တွေကြားမှာ

အကန့်​မခွဲနိုင်​ခဲ့​တော့ ဖြစ်​သင့်​တာ​တွေ​ပျောက်​ဆုံးလာပြီး

ကော်​ဖီပူပူခွက်​ထဲကို ​ရေခဲရည်​ ​ရော​သောက်​မိခဲ့သလို

ဘဝရဲ့ အနှစ်​သာရ​တွေပါ အရသာ​ပျောက်​လာတတ်

တယ်​။



စိတ်​ခံစားမှု​တွေချည်းပဲ ဦးစား​ပေးခဲ့မိ​တော့

ခံစားရသမျှအတိုင်း လိုက်​လုပ်​​နေတာများလာ​တော့

ထောပတ်​ဖြစ်​လာရမည့်​ဘဝက နွားနို့ထဲ

ရေ​ရောခံရပြီး ကြာ​လေ အရည်​ကျဲ​လေ

အ​ရောင်​လွင့်​​လေဖြစ်​လာကာ ဘဝပါ

တန်​ဖိုးကျဆင်းလာတတ်​ပါတယ်



ဖြစ်​ချင်​တာပဲဖြစ်​ဖြစ်​ ၊ ဖြစ်​သင့်​တာပဲဖြစ်​ဖြစ်

ကိုယ်​လုပ်​ချင်​တာလည်း လုပ်​ကြသလို

လုပ်​သင့်​တာ​တွေလည်း တစ်​ကန့်​စီ ထားပြီး

လုပ်​​ဆောင်​နိုင်​မှ အရမ်းအရသာရှိတဲ့ ၊

မလိုင်​အပြည့်​ပါတဲ့ ဘဝ​ကော်​ဖီတစ်​ခွက်​ကို

စိတ်​​အေးလက်​​အေး​သောက်​သုံးနိုင်​မှာ

ဖြစ်​ပါတယ်​ ။

Sort:  

Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord