Never Give-Up

in #steemit7 years ago

1-BnXHRV0vQCqJqpzE6escSQ.jpeg

Hello Steemit Myanmar

အခုဆိုရင် ကျနော်တို့ steemit myanmar အဖွဲ့ဟာ အချိန်ကာလ တစ်ခုအထိ ရောက်ရှိခဲ့ပြီဖြစ်သည်၊ ထို့အတူ Voting မှ $များရရှိခဲ့ကြသည် ၊နောက်တစ်ချက်က အခုဆိုရင် Steem dollars SBD Price ဟာ တဟုန်တိုး တက်ခဲ့လို့ အတော်အများက steemit ဆီ ပြန်လှည့်လာကြသည်၊ တချိန်က steem dollars ဈေးသည် steem ဈေးလောက် အဖြစ်မရှိခဲ့ပါ ထို့အပြင် မြန်မာအဖွဲ့များတွင် အတော်အများ စိတ်ပျက်ခဲ့ကြသည် ၊ ကျနော်အပါအဝင်ဖြစ်ခဲ့သည် ၊

ရတဲ့ $ကို 75% သာ ပိုင်ဆိုင်ပြီး အဆိုပါ ထဲမှ 50% သာ အလွယ်တကူ ထုတ်ယူသုံးစွဲလို့ ရခဲ့ပါသည် ထိုအချက်တွေဟာ ငပျင်းများတဲ့ ကျနော်တို့အတွက် အတော်ပင် စိတ်ပျက်ခဲ့ပါတယ် ၊သို့ပေမယ့် အချိန်ကာလ ပြောင်းလဲပြီး sbd ဈေးဟာ steem ဈေးထက် အင်မတန် ထောင်တက်သွားတာ အားလုံးအသိပါ၊

ကျနော်တို့အဖွဲ့ steemit Vote တွေ မရခင်တုန်းက ကျနော်တို့ စတင်ခဲ့တဲ့ နေ့ရက်တွေဟာ အခုအချိန်ထက်အလွန်အင်မတန် စိတ်ပျက်စေခဲ့ပါသည်၊ 0.01$ ကျေနပ်ခဲ့သည်မှာ အတော်အများပင် ဖြစ်သည်
Cheetah ဆိုတဲ့ ကောင်လေးကြောင့်လဲ ကျနော်တို့အတော် ပညာရခဲ့ပါသည် အခုဆိုရင် promotion မရှိတော့ အားမရှိကြ၊ မတင်ကြတော့ပါဘူး ကျနော်ကိုယ်တိုင်ပါဝင်ပါသည်၊သို့ပေမယ့်
အခုအချိန်မှာ ပူနေပေမယ့် နောင်တချိန်မှာ အရိပ်ဖြစ်လာမည်ကို ရေရှည်တွေးပြီး ဆက်လက် လျှောက်လှမ်းစေချင်ပါသည် ကျနော်တို့သည် english အားနည်းတယ် မြန်မာလိုပဲ ရေးကြသည်၊ တကယ်ဆို တတ်သလောက်မှတ်သလောက် လေ့လာပြီး တတ်သလောက် english လို ရေးသားကြမယ်ဆိုရင် တချိန်မှာ professional ဆန်ဆန် ရေးတတ် ပြောတတ် ဆိုတတ်လာမှာ ဖြစ်ပါသည်၊ထို့အပြင် အပြင်သင်တန်းတွေ တက်ကြတယ် ပြောတော့ မြန်မာလိုပဲ အထိအတွေ့ အားနည်းနေရင် သင်တန်းတက်လဲ အလကားပါပဲ ဒါကြောင့် သင်တန်းတက်သူဖြစ်စေ မတတ်သူဖြစ်စေ engလို တမျိုး မြန်မာလို တဖုံ ရေးသားရင်း တချိန်မှာ dollars ပေါင်းများစွာ ပိုင်ဆိုင်နေတဲ့ နိုင်ငံသားတွေ ဖြစ်စေချင်ပါတယ်

တချို့က အလုပ်ကြောင့်
တချို့က အိမ်ကြောင့်
တချို့က ကျောင်းကြောင့်
ဖြစ်ပါတယ် ဟုတ်ပါတယ် ကျနော်ကျောင်းသားဘဝတုန်းက လုပ်နိုင်ခဲ့ပေမယ့် အလုပ်ဝင်တဲ့အခါ အတော် ခက်ခဲပါသည်၊သို့ပေမယ့် ကျနော် မျက်ချေ မပြတ်ခဲ့ပါ၊ လေ့လာဆဲ သတင်းတွေ နားစွင့်နေဆဲပါ ၊အလုပ်ကြောင့်ပင်ပန်းပေမယ့်အားတဲ့အချိန်မှာ ကြိုးစားကြရအောင်လေဗျာ...
အိပ်မနေပါနက်
Talent ဆိုတာ နေ့စဉ်သွေးနေမှ ထက် တဲ့ ဓားလိုပါပဲ၊.....
ဒါဟာ ကျနော်အကြံပြုတာပါ ကျနော့်ဦးနှောက်သေးသေးလေးနဲ့ ဆံ့သလောက်ပါ ၊ positive အမြင်နဲ့ ကြည့်စေလိုပါသည် အမိန့်ပေးခြင်းမဟုတ် အကြုံပြုခြင်းသာ....

Credit to google images
Written by yairthiha
MSC-003
STEEMIT MYANMAR
FB_IMG_1511872650509.jpg

Sort:  

Steemit မှ ရှိနေဆဲပါ စာရေးဖို့ ကြိုးစားတိုင်းခေါင်းထဲမှ မခွံ ပဲရှိတော့ တခါတလေ အားငယ်မိတယ် ညီရေ။

hoke par tal နားလည်တယ် ကျနော်လဲ မစဉ်းစားတတ်တော့လို့ မရေးတော့တာပါ

ကောင်းမွန်​တဲ. ဗဟုသုတပါ

ကျေးဇူး

ပရိုမိုးရှင်းက မရှိတော့ဘူးလား။

မရှိတော့တာမဟုတ်လောက်ပါဘူး အခက်အခဲ ကြောင့် ရပ်တန့် နေတဲ့ သဘောပါ

ကောင်းတယ်ခွာ ထုံးလေးလေးဆေးလေးလေးစားလိုက်ရသလိုဘဲ

အင်း

ကြိုးစားလျက်ပါ

good vro ကြိုးစားထား

ဒိုမီလို အတွေးမျှင်လွှင့်လိုက်ပေါ့။ ပတ်ပတ်လည်ရေးကွက်ချည်းပါ။