Steemit Myanmar အကြောင်းတစေ့တစောင်း (KSZY)
Steemit ကို အကို @kachinhenry က မြန်မာတွေကိုစတင်ချပြခဲ့ပါတယ်။Steemit Myanmar group ကို 15 June မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုဆို member 300 နီးပါးရှိလာခဲ့ပြီဖြစ်ပါတယ်။အခုဆိုရင်ဖြင့် steemit group ဟာ ကိုယ်တိုင်ရေး ပိုစ့်များလဲထွက်ပေါ်လာပြီး အတော်အောင်မြင်လာပြီလို့ဆိုရမှာ ဖြစ်ပါတယ်။အရင်က Steemit Myanmar group တစ်ခုတည်းသာရှိပြီး အခုဆိုရင် Steemit ကိုစတင်လုပ်ကိုင်သူတွေအတွက် Introduction Steemit Myanmar group ရှိပြီး Steemit ကိုသုံးစွဲသူတွေ တိုင်ပင်ဆွေးနွေးဖို့အတွက် Steemit Myanmar group အဖြစ်ခွဲထုတ်ခဲ့ကြပါတယ်။Vote link group ဆိုပြီး မိမိ၏ပိုစ့်အတွက် vote တောင်းတဲ့ group လဲရှိပါတယ်။
Introduction Steemit Myanmar
Introdution Steemit Myanmar မှာဆိုရင် Steemit ကိုစတင်မဲ့သူတွေအတွက် Steemit Account ဖွင့်နည်း၊esteem application အသုံးပြုနည်း နဲ့ တစ်ခြားအသုံးဝင်မဲ့ post တွေကိုတင်ပါတယ်။
Steemit Myanmar
Steemit Myanmar group မှာဆိုရင် Steemit သုံးစွဲသူတွေရဲ့အခက်အခဲ၊Steemit သုံးစွဲသူတွေ အောင်မြင်ဖို့ နည်းလမ်းများ စသည်ဖြင့် ပိုစ့်တင်ဆွေးနွေးနိုင်ပါတယ်။
Vote link group
Vote Link group ဟာဆိုရင် မိမိတင်ထားသော post ကို vote တောင်းဖို့ သီးသန့်ခွဲထုတ်ထားတဲ့ group ဖြစ်ပါတယ်။တင်တဲ့အခါမှာ မိမိတင်ထားသော အကြောင်းအရာကို အနည်းငယ်ရေးသားပြရပြီး တင်ပေးရပါတယ်။တင်တဲ့အခါမှာလဲ တစ်နေ့ကို ပိုစ့်တစ်ခုသာတင်ခွင့်ရှိပါတယ်။
ကျွန်တော်တို့ဟာ Steemit ကိုစတင်သုံးစွဲခြင်းမှာ အခက်အခဲလေးတွေတွေ့ခဲ့ကြပါတယ်။နောက်ပိုင်းမှာ admin တွေက group rules တွေပြောင်းပြီး အစီအစဉ်အသစ်တွေနဲ့ ပြန်လည်စတင်ခဲ့ကာ အခုဆိုရင် အတော်အသင့် အောင်မြင်နေပြီဖြစ်ပါတယ်။ကျွန်တော်တို့ အတူတကွ တိုင်တိုင်ပင်ပင်နဲ့ ရှေ့ဆက်သွားကြမယ်ဆိုရင် ရေရှည်မှာ ဧကန်မုချပါဘဲ။
Photo Credit to Steemit Myanmar
Writer-Kaung Set Zaya
I have followed and upvoted you brother😁😁
Thz you bro😃
like
😃😃😃
ဆာ fb group link တွေပါ တွဲတင်လိုက်ရင် ပိုကောင်းမလားလို့
အြုတဲ့အတွက်ကျေးဇူးတင်ပါတယ်
good post.... keep it up
Thanks @kachinhenry