wanted (လိုချင်ခဲ့တယ်)
ကျနော်လိုချင်ခဲ့တယ်။ဘာတွေကိုလိုချင်ခဲ့တာလည်းဆိုရင်အများကြီးပေါ့။ကလေးဘဝအရွယ်တုန်းကတစ်မျိုး။အရွှယ်ရောက်လာတော့တစ်မျိုး။ဖြစ်ချင်တာတွေလိုချင်တာတွေကိုပိုင်ဆိုင်ခဲ့လားဆိုရင်တော့နိုးပါ။ပိုင်ဆိုင်ခဲ့တာအချို့လည်းရှိခဲ့ပါတယ်။ဒီဟာလိုချင်လို့
ရအောင်ကြိုးစားတယ် ရယူပိုင်ဆိုင်ခဲ့တယ်။ဒါပေမယ့်နောက်တစ်မျိုးလိုချင်စရာကပေါ်လာပြန်တယ်။ကျနော်သိလာရတာကလိုချင်စိတ်
ဆိုတာကြီးကဘယ်တော့မှတန့်ရပ်သွားမှာမဟုတ်ဖူးဆိုတာကိုပါ။လိုချင်တာတွေရရှိခဲ့မယ်ဆိုရင်လည်းအားရကျေနပ်သွားလိမ့်မယ်
လို့လည်းမထင်ပါဘူး။ကျနော်တို့လူသားတွေဆီမှာပါလာတဲ့မွေးရာပါအရည်အချင်းတစ်ခုက ရောင့်ရဲကျေနပ်ခြင်းမရှိတာပါပဲ။လူတိုင်း
ချမ်းသာပျော်ရွှင်အောင်မြင်သောဘဝကိုဦးတည်ပြီးတော့အလုပ်လုပ်နေကြပါတယ်။ရောင့်ရဲကျေနပ်နေတတ်ကြမယ်ဆိုရင်လည်း
ကျနော်တို့လေယာဉ်ပျံဆိုတာကိုအိပ်မက်ထဲမှာတောင်မြင်ဖူးမယ်မထင်ပါဘူး။phone ဆိုတာကိုလည်းဘာမှန်းသိမှာမဟုတ်ပါဘူး။ဒီလို
ပါပဲရုပ်ဝတ္ထုတော်တော်များများဟာလိုချင်စိတ်ကနေဖြစ်လာရလို့ပါပဲ။နည်းပညာသမားတွေကလည်းပိုကောင်းသထက်ကောင်းအောင်သူ့ထက်ငါအပြိုင်အဆိုင်လုပ်နေရတဲ့အတွက်အဆုံးသတ်သွားတယ်ဆိုတာမရှိလောက်အောင်တစ်မျိုးပြီးတစ်မျိုးတည်ထွင်ဖန်တီးနေတော့တာပါပဲ။ရောင့်ရဲကျေနပ်ခြင်းမရှိတဲ့နောက်ကွယ်မှာကျနော်တို့မဟာလူသားတွေအတွက်ရုပ်ဝတ္ထုပစ္စည်းတွေကလည်းအဆက်မပြတ်ပေါ်ထွက်နေမှာဖြစ်တဲ့အတွက်သင့်ရဲ့ရချင်လိုချင်စိတ်ကလည်းသင်သေတဲ့အထိအဆုံးသတ်သွားမှာမဟုတ်ပါဘူး။
ကဲကျနော်ပြောချင်တာက ချမ်းသာပျော်ရွှင်အောင်မြင်တဲ့ဘဝတစ်ခုကိုသင်ပိုင်ဆိုင်ခဲ့ပြီဆိုလျှင် လူဖြစ်ရတာကိုကျေနပ်သွားနိုင်ပါပြီ
လား? လောကမှာဆင်းရဲခြင်းကိုလည်းမခံစားချမ်းသာခြင်းကိုလည်းမခံစားပဲဒီအခြေအနေကနေလွှတ်မြောက်နေတဲ့မဟာလူသား
များလည်းရှိနေပါသေးတယ်။လိုချင်စိတ်ရှိနေသမျှတော့ဆင်းရဲနေဦးမှာပါ ။ဘာဖြစ်လို့လည်းဆိုတော့လူသားတစ်ယောက်ရဲ့လိုအပ်
ချက်တွေကများပြားလွန်းတဲ့အတွက် မိမိလိုချင်စိတ်ကိုလိုက်မမှီနိုင်လို့ပါ။ဒါဆိုမလိုချင်ရတော့ဘူးလား? လိုချင်ရချင်စိတ်မရှိပြန်က
လည်းမွဲတေနေဦးမှာပါ။ဘားမှမလိုချင်တဲ့အတွက်စိတ်သက်သာခွှင့်ရှိနိုင်ပေမယ့်မွဲတေခြင်းကသိမ်ငယ်စေပါလိမ့်ဦးမည်။ရှေးပညာရှိတွေဆိုမိန့်ခဲ့သလိုအလယ်အလတ်ကျကျ စိတ်ခံစားမှုမျိုးနဲ့နေထိုင်းခြင်းကသက်တောင့်သက်သာရှိနိုင်မှာပါ။ရာနုန်းပြည့်အ
ကောင်းတွေချည်းပဲမရနိုင်တာကတော့ဒီလောကရဲ့စံနစ်တစ်ခုပဲထင်ပါတယ်။မလျှော့လွန်းမတင်းလွန်း သောပုံမှန်စိတ်ဓာတ် ပုံမှန်
လုပ်ဆောင်ချက်မျိုးသာရှိသင့်သည်ဟုထင်ပါသည်။အစွန်းတဘက်ရောက်ပါကသင်လိုချင်နေသောချမ်းသာသုခနှင့်ဝေးချင်တိုင်း
ဝေးနေဦးမည်ဟုထင်ပါသည်။ယ္ခုေ၇းသားထားသောစာများသည်ကျနော့်ရင်တွင်းဖြစ်များဖြစ်သည့်အတွက်မှားချင်လည်းမှားပါလိမ့်
မည်။မှန်ချင်လည်းမှန်ပါလိမ့်မည်။ကျနော်ကိုယ်တိုင်လည်းဆင်းရဲသားတစ်ယောက်ရဲ့ဘဝကိုပိုင်ဆိုင်ထားသည်မို့ဒီလိုလုပ်ပါလား
ဟိုလိုလုပ်ပါလား ငါလည်းမလုပ်တတ်ဘူးဆိုသောလူရွှင်တော်ပျက်လုံးကဲ့သို့ရှိချေတော့မည်။အကောင်းဆုံးလူသားတစ်ယောက်
ဖြစ်ဖို့လိုအပ်သည်ဟုယူဆမိပါသည်။ချမ်းသာအောင်မြင်ပျော်ရွှင်ပြီးလိုတရနေသောဘဝကိုပိုင်ဆိုင်ထားယုံနဲ့အကောင်းဆုံးလူသား
တစ်ယောက်ဟုမယူဆပါ။သင့်ရင်ထဲကိုအတွေးတစ်ခုခုရခဲ့မည်ဆိုပါကလွန်စွာဝမ်းမြောက်ပါကြောင်း။သူငယ်ချင်းအားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ။
zawmyothant(philosophy)
ရှက်လိုက်တာဗျာ
up
Congratulations @zawmyothant! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP