ဟေလား မောင်တို့ ဝါး
ေ ဟ လ ာ း ေ မ ာ င် တို့  ဝါး
အဲသည့်ခေတ်က မောရစ်ကောလစ်ဟာ မြန်မာပြည်မှာ မရောက်သေးဘူး
သိန်းဖေမြင့်လည်း တက်ခေတ်နတ်ဆိုး မရေးရသေးဘူး
မောင်ထင်လည်း ငဘကို အသက်မသွင်းရသေးဘူး
ငါတို့လည်း ရေသည်ပြဇာတ်ထဲက သူဆင်းရဲ လို
ရေကို ဆာတယ် ပြီးရင် ရေကို ရှာတယ်
ရေငတ်သလို ချ မ်းသာခြင်းကို ငတ်ပေါ့ 
တောင်တွေ ခြားသလို တောတွေ ခြားသလို
အချစ်တွေ ခြားထားတယ်
မူးကြီးမတ်ရာ သေနာပတိ ပလ္လင်ပေါ်က စစ်ခွေးတွေ
သြော် သေသော်မှတည့် သြော်ကောင်း၏
ရဲဘော်တွေလည်း သေပြီး သေသော ရဲဘော်များ
ကောင်းရာသုဂတိ လားပါစေ
ေ ဟ လား မော င် တို့  ဝါး က ဗျာ ။ ။
ကို ကျူး
၂၆ရက် အောက်တိုဘာ ၂၀၁၈ ။
Posted using Partiko Android
Thank you so much for being an awesome Partiko user! You have received a 0.94% upvote from us for your 135 Partiko Points! Together, let's change the world!