ယောက်ျားလေးတစ်ယောက် တကယ်ချစ်မိသွားရင်

in #poem6 years ago

ယောက်ျားလေးတစ်ယောက် တကယ်ချစ်မိသွားရင်

image
တွေ့ခါစက သင်အရမ်းလှနေလို့ ချစ်မိသွားတယ်။
ဒါပေမယ့် ချစ်သူဖြစ်ပြီးနောက်
သင် ညစ်ပတ်ပေစုတ်နေလဲ ဂျီးပေမလေးဆိုပြီး
အပြုံးမပျက်ဘဲ ချစ်နေလိမ့်မယ်။

သင့်အကြောင်း မသိသေးဘဲ ချစ်မိတယ်။
ချစ်သူဖြစ်ပြီးနောက် သင်ဘယ်လောက်ဆိုးဆိုး
ပစ်ခွာမသွားပဲ ပြုပြင်ယူလိမ့်မယ်။

သင်ရည်းစားရှုပ်ခဲ့တာကို လိမ်ထားမယ်။
ချစ်သူဖြစ်ပြီးနောက် သင်ရှုပ်ပွေတာတွေ သိခဲ့ရင်
အတိတ်ကဖြစ်ခဲ့တာတွေ ဗွေမယူဘဲ ခွင့်လွှတ်လိမ့်မယ်။

သင်သူ့အပေါ်အရမ်းဆိုးပြီး အနိုင်ကျင့်နေရင်တောင်
သည်းခံနိုင်တဲ့ အတိုင်းအတာဆိုတာမျိုး မရှိဘူး။
အဆုံးအစမရှိ သည်းခံလိမ့်မယ်။
ပြဿနာဖြစ်ကောင်း ဖြစ်လိမ့်မယ်။
သင်အရမ်းဆိုးလို့ ထားသွားတာမျိုးမရှိဘူး။

သင်နဲ့ပတ်​သက်​လာရင်​ သူငယ်ချင်းအပေါင်းအသင်း
ပတ်ဝန်းကျင် အကုန်လုံးကို အတိုက်အခံလုပ်ပြီး
သင့်ဘက်ကရပ်တည်ပေးလိမ့်မယ်။
သင်မှားနေရင်တောင် သင့်ကို အပြစ်မပြောဘူး။ နားဝင်အောင် ပြောဆိုဆုံးမလိမ့်မယ်။

ယောက်ျားလေးတစ်ယောက်က
မိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင်
တစ်လောကလုံးနဲ့ အဲ့မိန်းကလေးကို လဲရဲတယ်။ ♥

Sort:  

Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord

Congratulations @babylay! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!