Google Ass:

in #newvoice7 years ago

Google Assistant ဟာ ပြီးခဲ့တဲ့ Android Version 6.0 Marshmallow မှာ စတင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ အကောင်းဆုံးသော Virtual Assistant အဖြစ်သတ်မှတ်ခံထားရရုံတင်မဟုတ်ပဲ Android အပြင် iOS မှာပါ အသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။
IMG_20180608_152320.jpg
ဒါပေမယ့် Google Assistant ကို အသုံးပြုဖူးတဲ့သူဆိုရင် Google Assistant ရဲ့ ပုံမှန် မိန်းကလေးအသံကို ငြီးငွေ့နေတဲ့သူတွေရှိကောင်းရှိမှာပါ။ တကယ်လို့ ရှိတယ်ဆိုရင် သတင်းကောင်းတစ်ခုကိုပြောပြပေးသွားချင်ပါတယ်။

အဲ့ဒါကတော့ Google Assistant ကနေ ကိုယ့်ကို ပြန်ပြောတဲ့ စကားသံတွေကို ကိုယ်နားထောင်ချင်တဲ့အသံကို ရွေးချယ်နိုင်တာပဲဖြစ်ပါတယ်။ အခုအသစ်ရွေးချယ်နိုင်မယ့် အသံ ၆ မျိုးထဲက ကိုယ်အကြိုက်ဆုံးအသံကို ဘယ်လိုနားထောင်မလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။IMG_20180608_152333.jpg

အရင်ဆုံး Google App ကို ဖွင့်ပြီး Settings ထဲကနေ Google Assistant Settings ထဲကို သွားပါ၊ အဲ့ဒီထဲကမှ Preferences ကို နှိပ်ပြီး Assistant Voices ကနေ အသံ ၈ မျိုးထဲကမှ ကိုယ်ကြိုက်တဲ့အသံကိုထားလိုက်ရုံပါပဲ။

အခုလိုမျိုး Google Assistant ကို စိတ်ကြိုက်အသံထားနိုင်တာက ဘယ်ဖုန်းမဆိုမှာ Google Assistant ဆိုလိုက်တာနဲ့ တူညီတဲ့အသံထွက်လာမှာမဟုတ်တော့ပဲ တစ်မျိုးစီထွက်လာတော့မှာဖြစ်တဲ့အတွက် ကောင်းတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။