Alatel 1
alcatel ရဲ့ နောက်ထပ်ထွက်လာမယ့် Android Go စမတ်ဖုန်းဖြစ်
တဲ့ Alcatel 1 ရဲ့ အချက်အလက်တွေဟာဒီနေ့မှာတော့ ရုရှဝက်
ဘ်ဆိုက်တစ်ခုမှာ ထွက်ပေါ်လာပါတယ်။ သူ့မှာ Alcatel 1X ထ
က်စွမ်းဆောင်ရည်ပိုင်းမှာ နိမ့်သွားမှာ ဖြစ်ပြီး လုံးဝဈေး သက်သာ
ဖို့ ကြိမ်းသေပါတယ်။ နောက်ဆုံးထွက်ထားတဲ့ သတင်းတွေအရ
Alcatel 1 မှာ ပါဝါပိုင်းအတွက် MT6739 Octa core ပရိုဆက်
ဆာကို သုံးထားမှာဖြစ်ပြီး RAM 1GB နဲ့အတူ ROM 8GB
storage နဲ့ဖြစ်ပါတယ်။
မျက်နှာပြင်အကျယ် 5 လက်မမှာ 18:9 display, 960x480
resolution ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ တန်ဖိုးနည်းဖုန်း
ဖစ်တာနဲ့အညီ နောက်ကျောဘက်မှာ 5MP နဲ့ အရှေ့ဘက်မှာ
2MP သာထည့်သွင်းပေးထားမှာပါ။ ကင်မရာ၂ခုလုံးမှာ auto
focus လုပ်ဆောင်ချက် ပါဝင်မှာမဟုတ်ပါဘူး။ အရွယ်အစားက
တော့ 137.6 x 65.7 x 9.8 ဖြစ်ပြီး၊ အလေးချိန် 134g ရှိမှာဖြစ်ပါ
တယ်။ 2,000mAh ဘက်ထရီထည့်သွင်းပေးထားပြီး Android
8.1 OS အခြေပြု Android Go Os ကိုသုံးနိုင်မှာပါ။ အရောင်
ကိုတော့ရွေ့၊ အနက်နဲ့ အပြာဆိုပြီး ထုတ်လာမှာဖြစ်ပါတယ်။
Android Oreo (Go Edition) ကို ၂၀၁၇ ဇွန်လက မိတ်ဆက်
ကညာခဲ့ပြီး စွမ်းဆောင်ရည်နိမ့်ဖုန်းတွေကို တွင်ကျယ်စွာ အသုံး
ပကြတဲ့ ဖွံ့ဖြိုးဆဲဈေးကွက်တွေအတွက် နာမည်ကျော် Google
app တွေကို ပြန်လည်ဖန်တီးထားတာပါ။ Android Go ဟာ
RAM နဲ့ Processing Power နည်းပါးတဲ့ စွမ်းဆောင်ရည်နိမ့် စမ
တ်ဖုန်းများအတွက် အထူး ဖန်တီးထားတဲ့ Google ရဲ့
Operating System ဖြစ်ပြီး ပင်မ Android OS ရဲ့ ပေါ့ပါးတဲ့ ဗား
ရှင်းဖြစ်ပြီး စွမ်းဆောင်ရည်နိမ့် Specification များ ပါတဲ့ ဖုန်းများ
မှာ လျှင်မြန်စွာ အလုပ်လုပ်မှာပါ။ သူ့ကို 512MB ကနေ 1GB
RAM သာပါတဲ့ ဖုန်းများအတွက် အထူး ဖန်တီးထားတာပဲဖြစ်ပါတယ်
source
Go to @bible.com