အီလက်ထရောနစ် နည်းပညာ
Variable Resister အကြောင်း
**********************
Variable resistors တို့သည် wire-wound သို့မဟုတ် carbon အမျိုးအစားတို့နှင့်တွေရသည်ကများပါတယ်
resistance တန်ဖိုးကိုအမျိုးမျိုးပြောင်းလဲပေးနိုင်သောထူခြားမှုရှိသည့် resistor အမျိုးအစားဖြစ်ပါတယ်။ ထိုသို့တန်ဖိုးအမျိုးအမျိုးပြောင်းလဲနိုင်ရန်ပြုလုပ်ပေးသောပစ္စည်းကို wiper ဟုခေါ်တယ်။ အဆိုပါ wiper ဖြင့်ပါဝင်သည့် ohm တန်ဖိုးကိုအနိမ့်ဆုံး Zero ohm မှအမြင့်ဆုံးတန်ဖိုးအထိခုခံမှုတန်ဖိုးကိုအမျိုးမျိုးပြောင်းလဲပေးနိုင်ပါတယ်။ ဥပမာ-
10k variable resistor သို့မဟုတ် 10000 ohm ဆိုပါက၄င်း wiper ဖြင့် 0 ohm မှ 10000 ohm အထိလိုအပ်သည့် ohm တန်ဖိုးကိုရွှေ့ပြောင်းချိန်ညှိနိုင်ပါသည်။ Variable resistor သုံးမျိုးရှိပါတယ် 1. Potentiometer သို့မဟုတ် Pots
2. Trimmers or Presets
3. Rheostats တိုဖြစ်ပါတယ်။ 1. Potentiometer or Pots ၄င်းကို electronic circuit များတွင်အတွေ့ရအများဆုံးနှင့်အသုံးအများဆုံးဖြစ်သည် Potentiometer ကိုအတိုကောက်အားဖြင့်
Pot ဟုခေါ်ပါတယ် Carbon composition material သို့မဟုတ် resistive wire ဖြင့်ပြုလုပ်ပြီးခုခံမှု့တန်ဖိုးကိုအစမှအဆုံးပြောင်းလဲနိုင်ရန်ချိန်ကိုက်ပြောင်းလဲနိုင်ရန်စဉ်ဆက်မပြတ်ပြောင်းလဲနိုင်ရန်အထူး design ပြုလုပ်ထားပါတယ် wiper ကို Clockwise သို့မဟုတ် counterclockwise ပုံစံ metal shast ဖြင့်လှည့်ပြီးအသုံးပြုနိုင်ပါတယ်။ 2. Trimmers or presets ၄င်းကိုပုံသေစကေးကိုက်ချိန်ညှိရန် (သို့မဟုတ်)မကြာခဏချိန်ညှိရန်မလိုသည့် Electronic circuit များတွင်အသုံးများပါသည်။ ၄င်း preset အပေါ်တွင်ချိန်ညှိမှု့ကိုစက်ရဲ့တုန်ခါမှုကြောင့်တန်ဖိုးပြောင်းမသွားစေရန်ကော်တမျိုးမျိုးဖြင့်ကပ်ထားတက်ပါတယ်။ မလိုအပ်ဘဲသို့မဟုတ်အလုပ်လုပ်မှုကိုသေချာမသိဘဲအကြောင်းမဲ့မချိန်ညှိရပါတခါတရံထိုသို့လှည့်မိပါကမလိုလားအပ်သည့်ဆိုးကျိုးများကိုကြုံတွေ့နိုင်ပါသည်။ ၄င်းမကောင်းတော့၍အသစ်အစားထိုးလဲလှယ်သည့်အခါတွင်လဲအပေါ်မှကော်ပြန်ကပ်ပေးရန်လိုအပ်ပါသည်။ 3. Rheostats ၄င်း Rheostats ကို High watt နှင့် Ac power Applications များအတွက် current နှင့် Voltလျှော့ချသည့် Circuit မျာတွင် Variable ပြုလုပ်နိုင်ရန်အသုံးပြုသည်။ ၄င်းသည် load နှင့်ချိတ်ဆက်ရန် series လုပ်ထားသည် terminals နှစ်ခုပါရှိ့ပါသည် Rheostats များကို wire wound သို့မဟုတ် carbon တခုခုဖြင့်ပြုလုပ်ထားပါတယ်။
really
Congratulations @bluemintar! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!