ကြက်ဥဖြင့်မြွေဆိပ်တွေကို စုပ်ယူနည်း"

in #myanmar7 years ago

#CrdFB_IMG_1518770822327.jpg

ကြက်ဥဖြင့်မြွေဆိပ်တွေကို စုပ်ယူနည်း"

ကျေးလက်ဒေသများအတွက် ယခုတိုင် တန်ဖိုး ထားထိန်းသိမ်းကြသော အသက်ကယ်နည်း လမ်းလေးများဖြစ်ပါတယ်။ယနေ့အခါတွင်ခေတ်မီဆေးဝါးများဖြင့် မြွေဆိပ်ကို နိုင်နင်းနေပြီဖြစ်သော်လည်း ဝေးလံခေါင်ပါးသည့် အချို့တောနယ်နေပြည်သူတို့အတွက် လွန်စွာအသုံးဝင်ပါလိမ့်မည်။
မြွေကိုက်ပိုးထိခြင်းသည် မြို့မှာထက်ကျေးလက်ဒေသများတွင် ပို၍အဖြစ်များတတ်ပါသည်။

အဆိပ်ရှိမြွေဆိုးများအကိုက်ခံရပြီဆိုပါလျှင်

အစွယ်ရာနှစ်ခုထင်ကျန်ရစ်တတ်ပါသည်။ထိုသို့ဖြစ်ပါလျှင်
ကိုယ်ငွေ့ရသော အိမ်ကြက်ဥ (၁)လုံးကို အစွယ်ရာထင်ကျန်သည့် အကွာအဝေးအတိုင်း ကြက်ဥကိုအပေါက်နှစ်ပေါက်ထိပ်ကိုဖေါက်ပြိး မြွေကိုက်ဒဏ်ရာပေါ်အုပ်ပေးလိုက်ခြင်းဖြစ်ပါသည်။ကြက်ဥကိုကိုင်ထားရန်မလိုပဲ အ၀တ်အကူအညီဖြင့်ဖေးထားပါက ကြက်ဥသည် အဆိပ်ကိုစုပ်ယူနေသည့်အတွက် မလဲပါဟုဆိုပါသည်။

(၁၀)မိနစ်လောက်အတွင်း ကြက်ဥကိုခွဲကြည့်လိုက်ပါက
အထဲတွင်တစ်လုံး လုံးအဆိပ်များနှင့်မည်းနက်နေပါလိမ့်မည်။

ယင်းနည်းဖြင့်ကုသခဲ့သော ပိုးထိလူနာတစ်ယောက်အား ဆေးရုံရောက်ရှိစစ်ဆေးစဉ် ကိုယ်ထဲတွင်အဆိပ်မရှိတော့သည်ကို ကြုံဖူးခဲ့ပါသည်ဟုဆိုပါသည်။

နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ကြက်ဥဖြင့် မြွေဆိပ်စုပ် ယူနည်း(လေးလေး)ရေးထားခြင်းမှထုတ်နုတ်ဖေါ်ပြပါသည်။
လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ…။

ရဲမျိုးသူ(ဗောဓိမြိုင်)