အာပတ်ဖြေသူ

in #myanmar8 years ago

*** အာပတ်ဖြေသူ ***

ဘယ်သိပါ့မလဲ

ငြင်းထုတ်ရန်
သမ္မာန်စာမလာသေးခင်
ခေါင်းခါနှင့်လိုက်တယ်

နောက်ကျောကလည်း မလုံဘူး
ရှေ့ရင်ကလည်း မကော့ရဲဘူး

မျက်လုံးတော့
မှိတ်ထားလိုက်တယ်
ကြောက်လို့ ။

လာ တူတူအဖြေထုတ်ကြမယ်တဲ့
တုတ်ဆွဲဓါးဆွဲမှာ
တရားခံဖြစ်ဖို့ တည်းတည်းလေးပဲ လို ။
အို
ကံကောင်းလို့ပါလားးးဟူးးးး
ညည်းတွားရှိုက်သံကို ခဏငှားးပါရစေ
မူရင်း ခွက်ဒစ်

လောကရဲ့ ဖြစ်ပျက်ပုံတွေက
ဗလာရောင်ထီးထီးးနဲ့
ညကြီးမင်းကြီးမှာတောင်
တေးသီသံ ခြောက်လှန့်လို့
ကြယ်တာရာ ငိုခဲ့ရသတဲ့ ။

ငါကရော
ဘာကောင်မို့လို့လဲ
အာာာ မဟုတ်သေးးပါဘူးး
ငါက
ခေါင်းခါထားပြီးသား
ဘာဆို ဘာမှ မသိဘူး
မ........သိ........ဘူး.......။
( ဟိုနားကတော့ တီးတိုး ပြောကြတယ် ။သူက ရူးနေတာ တဲ့ )

Sort:  

Thanks for yur good posts, I followed you!