Myanmar water festival (Lashio)part-3
ဒီနေ့ဟာတော့ မဟာသင်္ကြန်အတတ်နေ့လေးဖြစ်ပါတယ် ဒီနေ့မှာတော့ လားရှိုးမြို့မှာ မိုးတွေဖွဲဖွဲကျနေပါတယ် အေးကလည်းအေး မိုးကလည်းရွာတော့ ကျွန်မတို့အဖို့တော့ အိပ်ရာထဖို့တောင်ဝန်လေးနေမိတယ် အေးအေးနဲ့စောင်ခြုံထဲ ကွေးရတာလည်း အရသာ တမျိုးလေးပါပဲ မြူတွေအုံမှိုင်းပြီး မိုးစက်လေးတွေနဲ့ ရာသီဥတုက ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေပါတယ် ကျွန်မတို့အဖွဲ့လည်း ၁၀နာရီလောက်မှစပြီး အပြန်ထွက်ဖြစ်ခဲ့တယ်
ဒီနေ့မှာတော့ မိုးကရွာနေတော့ သင်္ကြန်ကသိပ်မစည်ခဲ့ပါဘူး သင်္ကြန်မိုး ပွဲဖျက်တဲ့မိုးလေးပေါ့
မြန်မာတို့ရဲ့ မဟာသင်္ကြန်ဟာ လူမျိုးဘာသာမရွေးအတွက် ပျော်ရွှင်စရာ စရာ ချစ်စရာ့ ရိုးရာပွဲလေးဖြစ်ပါတယ် ညဘက်မှာတော့ လားရှိုးမြို့ရဲ့ ညဈေးသို့ အိမ်ရှင်အမကလိုက်ပို့ပေးလို့ရောက်ရှိခဲ့ပါတယ် အထည် ဖိနပ် တရုတ်နဲ့နီးတော့ တရုတ်ပစ္စည်းပေါများသော ညဈေးလေးပဲဖြစ်ပါတယ်
အဲလိုပဲဒီနှစ်သင်္ကြန်ကို လားရှိုးမြို့မှာပဲကုန်ဆုံးခဲ့ပါတယ်
ပျော်စရာ နှစ်သစ်ကူးလေးပါ
ဟုတ်ကဲ့
Good post အောင်မြင်ပါစေဗျာ
ကျေးဇူးတင်ပါတယ်
ပျော်ရွှင်ပါစေ ဗျာ