TV စက်ပြင်မှတ်တမ်း အပိုင်း(၁၂)
TV စက်ပြင်မှတ်တမ်း အပိုင်း(၁၂)
ဗာတီကယ်ပိုင်းအပေါ်အောက်ကျဉ်းတဲ့ပြဿနာကြုံရသလို တခါတလေဘေးနှစ်ဖက်ကျဉ်းတဲ့ပြဿနာလဲကြုံရတပ်ပါတယ်၊ဘေးနှစ်ဖက်ကျဉ်းတဲ့ပြဿနာကိုတချို့ပြစ်ချက်တွေမှာလွယ်ပြီးတချို့ပြစ်ချက်တွေမှာအတော်ခက်ခဲပါတယ်၊ဟော်လဇင်နယ်ပိုင်း ဟိုက်ဗို့ဒိပ်ပိုင်းဖြစ်နေလို့ပါဘဲ ၊ဒီလိုကျဉ်းတဲ့ပြစ်ချက်ဖြစ်ပေါ်စေတတ်တာကတခါတလေတရုပ်တီဗွီတွေမှာဖလိုင်းဖက်နားက ငုပ်ကလေး လေးခုကိုချိန်းပြီး တငုပ်ပြီးတငုပ်စမ်းပြီးချိန်းတပ်ကြည့်ရင်လဲကျယ်သွာတပ်ပါတယ်၊
ဒီငုပ်ကလေးတွေက ဘေးနှစ်ဖက်အကျဉ်းအကျယ် ချိန်းတဲ့ငုပ်ကလေးတွေပါ၊ဒါမျိုးပြစ်ချက်ကဖလိုင်းဖက်လဲတဲ့အခါဖလိုင်းဖက်မကိုက်ရင်လဲဖြစ်တတ်ပါတယ်၊ဒါကြောင့်ဖလိုင်းဖက်ကလည်းOutနေရင်မကောင်းရင်လဲ ဖြစ်တတ်ပါတယ်၊နောက်ပြီးဆားဗစ်မုကုဒ်လွဲနေရင်လည်းဖြစ်တတ်ပါတယ်၊တခါတလေ ဟော်လဇင်နယ်ပိုင်း ဖလိုင်းဖက်နားကဒစ်ကွန်ဒစ်ဆာတွေကွဲထွက်တာတွေလဲဖြစ်တတ်ပါတယ်၊အဲ့ဒီအနားက ဒိုင်အုပ်တွေယိုစီးနေရင်လည်းဖြစ်တတ်ပါတယ်၊အဲ့ဒီဟိုက်ဗို့ဒိတ်အပိုင်းကိုစက်ပြင်သမားတော်တော်များများကိုင်ရမှာကြောက်ပါတယ်၊အန္တရယ်တအားများလို့ပါ၊ သူ့အနားကလောင်တဲ့ပစ္စည်းသူ့တန်ဘိုးနဲ့သူ ညီတဲတန်ဘိုးကိုအတိအကျရှာထည့်သင့်ပါတယ်၊တန်ဘိုးမညီခဲ့ရင်တခါတလေ ပါဝါဖွင့်လိုက်တာနဲ့Hout tr လောင်သွားခြင်း ဖလိုင်းဖက်လောင်သွားခြင်းအပြင်နောက်ဆုံးမီးလုံးလည်တိုင်ပါကျိုးသွားတပ်ပါတယ်၊
အဲ့ဒီအနားကပစ္စည်းများတန်ဖိုးများရော့သွားခဲ့ရင် hout trခနလေးနဲ့ပူပြီးလောင်သွားခြင်း ဖလိုင်းဖက်ထဲမှစီစီအော်ပြီး ဖလိုင်းဖက်လောင်သွားခြင်း ရုပ်ပုံမှာ တခါတလေစွေစောင်းစောင်းတွေဖြစ်ပြီးတွန့်လိမ်သွားခြင်းဖြစ်တပ်ပါသည်၊ထိုပြဿနာမျိုးကအဖြေရှာဘို့တအားခက်ပါတယ်၊အဓိကကတော့ဒစ်ကွန်ဒစ်ဆာတွေကိုတန်းဘိုးတူညီတာရှာပြီလဲထည့်သင့်ပါတယ်၊တန်ဘိုးနီးစပ်လို့ဆိုပြီးမထည့်သင့်ပေ တော်ကြာမလိုလားအပ်တဲ့ပြဿနာတွေဖြစ်ပြီးစိပ်ညစ်သွားပါလိမ့်မည့်
ရုပ်ပုံမှာ အပေါ်နားမှာဖြစ်စေ အောက်နားမှာဖြစ်စေ လေးကိုင်းသဖွယ်ကွေးနေလျှင်တော့ မီးလုံးလည်တိုင်မှာစွပ်ထားသောရုပ်ကွိုင်ကိုဖြုတ်ကြည့်သင့်ပါသည်၊ဟော်လဇင်နယ်ကွိုင်လောင်နေတတ်တာတွေ့ရပါသည်၊ထိုရုပ်ကွိုင်သည်အသစ်မလာပါ၊အဟောင်းတွေထဲမှကိုက်ညိသည့်ရုပ်ကွိုင်ကိုရှာထည့်ရပါသည်၊ထိုရုပ်ကွိုင်ပြစ်ချက်သည်ဆမ်ဆောင်းတီဗွီများတွင်အဖြစ်များပါသည်၊ရုပ်ကွိုင်ကလည်းရှားပါးဖြစ်သဖြင့်ခက်ခက်ခဲခဲပြန်ပတ်ရပါသည်၊ပြန်ပတ်သည့်နေရာတွင် မိုလ် လုပ်ပြီးပတ်ရသဖြင့် လက်ခများပါသည်၊
နောက်ပြစ်ချက်တမျိုးက အပေါ်အောက်ထောင်လိုက် စဉ်းကြောင်တခုထဲပေါ်နေ ပြီးရုပ်ပုံမပေါ်တဲ့ပြစ်ချက်မျိုးလည်းဖြစ်တပ်ပါသည်ထိုပြစ်ချက်သည် ဟော်လဇင်နယ်ရုပ်ကွီုင်ကြိုးသည်ဟိုက်ဗို့ဒိပ်ဖြစ်သဖြင့် ပြတ်နေခြင်းများပြုတ်နေခြင်းများဖြစ်တပ်ပါသည်၊ရုပ်ကွိုင်လောင်နေလျှင်လည်း ဖြစ်တပ်ပါသည်၊
ဆက်ရန်....
Post writer=@yuzana(shineshine)
MSC=146
စက်ပြင်ဆရာတွေအလုပ်လည်း တဖြည်းဖြည်းရှားပါးလာပြီထင်တယ် ဦးယုရေ အချပ်လိုက်လဲ အလုံးလိုက်ဝယ်တွေခေတ်ကို ရောက်နေတော့ ကြာရင် တကယ် ပြင်တတ်သူတွေတောင်ရှားသွားမလားပဲဗျို့
ဘယ်လိုပင်အသစ်တွေပေါ် ပေါ် ဒီအဟောင်းတွေကိုဘဲ အခြေခံပြီးထွက်လာတာမို့သိထားသင့်ပါတယ်
ဦးယုတို့ ပညာက မလွယ်ပါဘူးဗျာ။လေးစားပါတယ်ဦးရေ။
ဟာ တကယ်မလွယ်ဘူး လိုက်မကုန်ဘူး
ကြိုးသေးသေးလေးတွေနဲ့ ရှုပ်ပွနေတာဘဲနော် အထဲမှာ
ပင်ကူ အိမ်ထက်တောင် ဆိုးတယ်နော်
ဒါမျိုးလေးတွေ ဗဟုသုတရတယ် ကိုယုရေ 😊😊
Posted using Partiko Android
ဗဟုသုတလောက်ပါဘဲ ခင်ဗျာ
ဟုတ် ကိုယု 😊😊
Posted using Partiko Android
အရင်ခေတ်က TV ဗုံးတွေက ရှားကုန်ပြီနော် LCD ပဲအတွေ့များ အသုံးများတာတွေ့တယ်
ဗဟုသုတပေါ့ဦးဇင်းရယ်
LCD တွေကလည်းဒီ CRT TV တွေကိုအခြေ ခံ ဆောက်ထားတာမို့
အခြေခံဗဟုတ ပေါ့
အေးပါ ခုလို ပြောပြပေးတာ ကောင်းတာပေါ့😁
Posted using Partiko Android
ဖတ်ပေးတာ ကျေးဇူးတင်ပါတယ် မတ်မတ်
တတ်နေရင် ပြင်ဆရာတွေ မပြင်ရမှာစိုးးသမို့
ပျက်ရင် ပြင်ဆိုင်ပဲပို့လိုက်တော့မယ်နော့😁
သိပ်မှန်တာပေါ့ လုပ်တပ်ရင် လုပ်နေရအုန်းမယ်
TV ပြင်တဲ့ ပိုစ့်ကို ဖတ်ရတော့ TV ပြင်ချင်စိတ်တော့ဖြစ်မိသားပဲ။
Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
ကျေးဇူးတင်ပါတယ်ဗျာ
TV မှာဈေးအကြီးဆုံးက မီးလုံးလား card လား သိချင်လို့
ဆရာသမား မီးလုံးကအသစ်မလာဘူးဗျာ့ အဟောင်းထဲက ရှားပါတဲ့ကောင်ကဈေးတန်ပါတယ်ကြိုက်ရောင်းကြိုက်ဝယ်ပါ ဆရာ
ကဒ်ကတော့အသစ် တရုပ်ကဒ်ဘဲလာပါတယ် လက်မပေါ်မူတည် ဈေးကွာပါတယ်