TV စက်ပြင်မှတ်တမ်း အပိုင်း(၁၂)
TV စက်ပြင်မှတ်တမ်း အပိုင်း(၁၂)
နောက်တခါ တီဗွီမှာရုပ်တွေ အသံတွေလာပြီး မြင်ကွင်းအထက်အောက်ကျဉ်းတဲ့ပြဿနာလဲကြုံရတပ်တယ်၊အထက်အောက်ကျဉ်းပုံကျဉ်းနည်းကပြစ်ချက်နှစ်မျိုးရှိတယ်ဗျာ့ ၊စဖွင့်ဖွင့်ခြင်းကနေ အမြဲတမ်းကျဉ်းနေတာမျိုး၊နောက်ပြီးစဖွင့်ဖွင့်ချင်းကျဉ်းပြီးနာရီဝက်လောက်ကြတဖြေးဖြေးကျယ်လာတာမျိုးအဲဒါမျိုးပြစ်ချက်နှစ်မျိုးတွေရတယ်၊နောက်ရုပ်မပေါ်ဘဲ ခလယ်ခေါင်မှာအလျှားလိုက်ကန့်လန့်အဖြူစင်းကြီးတကြောင်းထဲပေါ်နေတာမျိုးလဲတွေရတပ်တယ်၊
အားလုံးသောပြစ်ချက်တွေကဗာတီကယ်အုပ်စုကပြစ်ချက်တွေဘဲ ဖြစ်ပါတယ်၊ဗာရီကယ်အိုင်စီဆီကို ဗို့ရောက်မရောက်အရင်ဆုံးသေအချာတိုင်းရပါမယ်၊ဗာတီကယ်အိုင်စီဆီကိုဗို့အား25v ရောက်ရပါမယ်၊ဗာတီကယ်အိုင်စီကိုတရုပ်တီဗွီအများစုကတော့ (LA 7840) နံပတ်နဲ့မောင်းတာများပါတယ်၊ အပေါ်ကပြစ်ချက်များဖြစ်လျှင်အဲ့ဒီအိုင်စီကိုအရင်ဆုံးလဲ ကြည့်ရပါမယ်၊အိုင်စီလဲပြီးလည်းဒီပြစ်ချက်ကရှိနေရင်တော့ အိုင်စီကိုပန့်ပိုးထားတဲ့တခြားပန့်ပိုးပစ္စည်းလေးတွေ ကြည့်ရပါမယ်၊ အလျှားလိုက်ကန့်လန့်စဉ်းတကြောင်းထဲဖြစ်နေတဲ့ ပြစ်ချက်ကတော့ ခဲလွတ်နေလျှင်သော်၎င်း၊အိုင်စီလောင်နေလျှင်သော်၎င်းဖြစ်တပ်တာမို့ အများအားဖြင့်အိုင်စီလဲလိုက်လျှင်ကောင်းသွာတာများပါတယ်၊
မြင်းကွင်ကျဉ်းနေတာမျိုကတော့ ဘေးကပန့်ပိုးပစ္စည်း ကွန်ဒစ်ဆာလေးတွေ ရီစစ္စတာလေးတွေ လောင်နေပြီးရှော့ကျနေတာလေးတွေဖြစ်တပ်ပါတယ်၊ ကြည့်နေရင်းတဖြေးဖြေးကျယ်လာတာမျိုးပြစ်ချက်ကတော့ စက်ပြင်သမားတွေတအားအုံးစားတဲ့ပြစ်ချက်ပါ၊ပြင်ဘို့လဲခက်ပါတယ်၊အဘယ်ကြောင့်ဆိုသော်ပျက်တဲ့ပစ္စည်းသည်ပူလာလျှင်ကောင်းပြီးအေးနေလျှင်မကောင်တဲပစ္စည်းမို့အဖြေရှာရခက်ပါတယ်၊ ကျွန်တော်ကတော့စဖွင့်ဖွင့်ချင်းပစ္စည်းအေးနေသဖြင့်ပျက်နေတဲ့အချိန်မှာ ကိုယ်မသင်္ကာသော ကွန်ဒစ်တွေအပေါ်၊ ရီစစ္စတာတွေအပေါ် ခဲခေါက်ပူပူနဲ့ထိထားကြည့်ပါတယ်၊ ကျဉ်းနေရာကနေကျယ်လာလျှင်ကိုထိထားသောပစ္စည်းမကောင်းဘူးဟုယူဆလိုက်ပါသည်၊ တဖန်သေခြာစေရန် တီဗီကိုပိတ်ထားပြီးနောက်တနာရီလောက်ပစ္စည်းအေးချိန်တခါဖွင့်ကြည့် မြင်ကွင်းကျဉ်းနေလျှင် တော်နေကခဲခေါက်ပူပူနဲ့ထိထားသောပစ္စည်းပေါ်သို့တခါပြန်ထိကြည့်ပါတယ် ထိကြည့်လို့မြင်ကွင်းကျယ်လာတယ်ဆိုလျှင်သေခြာပါသည်အဲ့ဒီပစ္စည်းကိုလဲ ကြည့်လိုက်ပါကောင်းသွားပါလိမ့်မည်၊
နောက်တခုကဆာဗစ်မု ကုဒ်ပြောင်းသွားရင်လဲ မြင်ကွင်းကျဉ်းနေတပ်ပါသည် နောက်အပတ်မှ ဆားဗစ်မုအကြောင်းရေးပါအုံးမည်၊
ဆက်ရန်......
Post writer=@yuzana(shineshine)
MSC=146
ဗဟုသုတရလို့...ဆက်ရန်ဖတ်ဖို့မျှော်နေပါ့မယ်....ငယ်ဘ၀အကြောင်းလည်းဆက်ပါဦး...😀
Posted using Partiko Android
ဖတ်ရူ့ပေးတဲ့အတွက်ကျေးဇူးပါ
ဖတ်ရင်း ဖတ်ရင်း tv အကြောင်း တီးမိ ခေါက်မိလာသလို
ဗဟုသုတအဖြစ်ပါဗျာ
င်ါအိမ်က တပီလဲ အာ့လို ခနခန ဖိတေဟ😞
Posted using Partiko Android
ခနခန ဖစ်ရင် အဲ့လိုလုပ်လိုက်
ပြစ်ချက်လေးတွေကို ဖြေရှင်းနည်းလေးတွေ တင်ပြသွားတာကောင်းလှပါတယ်။ဗဟုသုတရပါတယ်အစ်ကို။
ဖတ်ရှူပေးတဲ့အတွက် ကျေးဇူးပါ
ဗဟုသုတရ ရပါတယ် ခင်ဗျာ
ဗဟုသုတလောက်ဘဲ ရေးနိုင်ပါတယ်ဗျာ
ဗဟုသုတရပါတယ်ဦးယု၊ကျေးဇူးပါ။
ဖတ်ရှူပေးလို့ ကျေးဇူးတင်ပါတယ် ကိုမဟော်
တီးမိ ခေါက်မိသလောက်တော့ရှိပြီထင်တယ်
တီးမိ ခေါက်မိရုံလောက်ဘဲ ရေးနိုင်တာပါဗျာ
နည်းလမ်းလေးတွေ ကောင်းတယ် ကိုယု😄😄
Posted using Partiko Android
Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.