TV စက်ပြင်မှတ်တမ်း အပိုင်း(၁၀)
TV စက်ပြင်မှတ်တမ်း အပိုင်း(၁၀)
အရင်အပတ်ကတင်ပြခဲ့သောအပိုင်းသည်
အဖြူအမဲအဆင့်ရဲ့လုပ်ဆောင်ချက်သဘောတရားများသာဖြစ်ပါသည်၊ ကာလာတီဗွီကြတော့နဲနဲပိုရှူပ်သွားပါသည်၊အဘယ့်ကြောင့်ဆိုသော် အရင်အပတ်ကဖော်ပြခဲ့သည့်အတိုင်း ကက်သုတ်ငုပ်သုံးခုပါလာသောကြောင့်ဖြစ်လေသည်၊အဖြူအမဲကတော့တခုသာပါ ပါသည်၊
ကက်သုပ်ငုပ်သုံးခုတို့မှာ Rဆိုတဲ့အနီရောင်စပေါ့ကိုပြစ်ပေးသောဂန်း ၊Gဆိုတဲ့အစိမ်းရောင်စပေါ့ကိုပြစ်ပေးသောဂန်း၊Bဆိုသောအပြာရောင်စပေါ့ကိုပြစ်ပေးသောဂန်းတို့ဖြစ်လေသည်၊ဒီငုပ်သုံးခုဆီလာသောဖေကွန်စီအပြောင်းအလဲပေါ်မူတည်ပြီးအရောင်ပြစ်လွှပ်ပါသည်၊တီဗွီဖန်သားပြင်မှာသုပ်လိမ်းထားသောရောင်ပြန်စပေါ့လေးကလဲ အဖြူအမဲလိုမဟုပ်တော့ပေ စပေါ့လေးတခုအပေါ်မှာ R G B ဆိုသောစပေါ့လေးသုံးခုစုထားသောစပေါ့လေးတခုဖြစ်နေပါသည်၊ Rဂန်းမှာလာသောအလင်းတန်းသည်Rစပေါ့ကိုထိမှန်ပြီး၊အနီရောင်ထွက်သလို၊Gဂန်းမှလာသောအလင်းတန်းသည်လည်းGစပေါ့ကိုထိမှန်ပြီးအစိမ်းရောင်ထွက်လေသည်၊ထိုနောက်Bဂန်းသည်လည်းထိုနည်းအတူပင်ဖြစ်လေသည်၊ ကျန်သောအရောင်များသည် အရောင်ရောနှောခြင်းနီယာမသဘောတရားအတိုင်း ဒီRGB အရောင်သုံးမျိုးနဲ့ပင်ရောနှောသွားလေသည်၊
ကျွန်တော်တို့တွေမြင်နေသောရောင်စဉ်ခုနှစ်သွယ်သည် ဒီအရောင်သုံးရောင်ကိုအခြေခံပြီးပေါင်းစပ်ထားခြင်းဖြစ်ပေသည်၊ဥပမာ အဝါရောင်ကိုလိုခြင်ပါက အနီစပေါ့နဲ့အစိမ်းစပေါ့ကိုပြိုင်တူပြစ်ပြီး အနီရောင်နဲ့အစိမ်းရောင်ရောနှောလိုက်ခြင်းဖြစ်သလို၊ပန်းရောင်ကိုလိုခြင်ပါက အနီစပေါ့နဲ့ အပြာစပေါ့ကိုပြိုင်တူပြစ်ပြီးအနီရောင်နဲ့အပြာရောင်ရောနောလိုက်ခြင်းဖြစ်သည်၊ကျန်သောအရောင်များသည်လည်းထိုကဲ့သို့အချိုးကျ ရောနှောကြခြင်းဖြစ်ပါသည်၊ဖန်ပြင်မှာပေါ်စေခြင်သောအရောင်ကို ကက်သုပ်ငုပ်ဆီသို့ဝင်ရောက်လာသော ဖေကွန်စီမှထိန်းချုပ်လေသည်၊ထိုဖေကွန်စီသည် ဗီုဒီယိုကင်မရာရိုက်စဉ်တုန်းကပါဝင်လာသောဖေကွန်စီ ကြိမ်နူန်းပင်ဖြစ်လေသည်၊ RGB စပေါ့ကိုတိတိကျကျထိမှန်ရန်အတွက်မီလုံးလည်တိုင်မှာစွတ်ထားသောရုပ်ကွိုင်ရဲ့သံလိုက်စက်ကွင်းကတာဝန်ယူရလေသည်၊အကယ်၍ရုပ်ကွိုင်သံလိုက်စက်ကွင်းရဲ့လုပ်ဆောင်ချက်ကိုအနှောက်အရှက်ပေးသော တခြားသံလိုက်စက်ကွင်းများဝင်လာပါကRGP စပေါ့ကိုတိတိကျကျ မထိမှန်ဘဲ ကာလာတွေကစောက်ကစက်ထွက်ပြီး မှန်ပြင်မှာ ကာလာများကွက်နေပါလိမ့်မည်၊တီဗွီမီးလုံး၏မှန်ပြင်နားတွင် စပီကာသံလိုက်ကလေးနဲတို့ထိကြည့်ရင်သိနိုင်ပါသည်၊
တချို့မသိတဲ့ပိုင်ရှင်တွေက မီးလုံးအားကျသည်မီးလုံးမကောင်းတော့ဟုထင်ကြပါသည်၊ထိုကဲ့သို့ကာလာမကွက်ရန် တီဗွီမျက်နာပြင်နှင့် နီးကပ်စွာသံလိုက်စက်ကွင်းတွေထွက်သော ဆောင်းဘောက်များ မီးမြှင့်စက်များနှင့်တခြားလျှပ်စစ်ပစ္စည်းများမထားသင့်ပေ၊အဲ့ဒီပစ္စည်းများဖယ်ထားသော်လည်းကာလာများကွက်နေလျှင် မီလုံးထဲတွင်ဝင်အောင်းနေသော သံလိုက်စက်ကွင်းကို ထုပ်ပြစ်မှ ရပါလိမ့်မည် ၊
နောက်အပတ်မှဆက်လက်ပြီးသံလိုက်စက်ကွင်းထုပ်ပုံထုပ်နည်းတင်ပြပါအုံးမည်
ဆက်ရန်....
Post writer=@yuzana(shineshine)
MSC=146
သြော် ဘာလိုလိုနဲ့ စက်ပြင်မှတ်တမ်း(၁၀)ထိရောက်လာပါလား
Posted using Partiko Android
ဟုပ်ပါ့ဗျာ
အရင်ကဆို TV အနားကိုSound box တွေနီးနီးကပ်ကပ် အမြဲထားဖြစ်တာ
အခုတော့သတိထားပြီ ဦးယုရေ
ဟုတယ် ကွက်တပ်တယ် တခြားအကြာင်းကြာင့်လဲ ကွက်တပ်တယ်နောက်ပိုစ်မှဆက်ရေးရမှာ
errorတွေကလည်း အမျိုးမျိုးဘဲနော်
အမျိုးမျိုးပါ့ ညီမရေ့
ကာလာကွက်လာရင်အနီးနားပစ္စည်းတွေအရင်သတိထားကြည့်ရမယ်...ဒါလည်းအသိတိုးပါတယ်...ဆက်အားပေးပါမယ်....
Posted using Partiko Android
ကာလာကွက်တာတခြားအကြောင်းတွေကြောင့်လဲကွက်တပ်တယ်
နောက်အပိုင်းတွေမှာပါ ပါ့မယ်ဗျာ့
ကိုယ်မသိတာတွေသိရတယ်
ဖတ်ရှူတဲ့အတွက်ကျေးဇူးပါ
သာမန်လူ နားလည်စေတဲ့ နည်းပညာ post ပါဗျာ
ဗဟုသုတရဘို့အတွက် သာမန်လူနားလည်နိုင်အောင်ရေးရတာပါဗျာ
RGB ကတော့ Photoshop မှာ ရင်းနီးပါတယ် သံလိုက်စက်ကွင်းကျ ဖြစ်ဖူးတယ် တစ်ခါတစ်လေ နဂိုပါလာတဲ့ စပီကာကြောင့်ရော ဖြစ်တတ်လားဘဲ ဘာသံလိုက်မှ မကပ်ဖဲ ဖြစ်လို့ ။ နောက်တော့ tv အလုံးကြီးတွေ သုံးကြပါ့ဦးမလားမသိ အိမ်မှာတော့ အလုံးကြီးပါဘဲ ။ ဆိုင်တွေမှာ သိပ်မမြင်တော့ဘူး ။
နဂိုပါတဲ့စပီကာကသံလိုက်စက်ကွင်းအကာပါတယ် သံမလိုက်ဖူး အပြင်ကနေဆိုရင် အကာကိုခွာလိုက်မှလိုက်တာ တခြားအကြောင်းကြောင့်လဲကွက်တပ်တယ် နောက်အပိုင်းကြမှပါမှာ
aww ဟုတ်ကဲ့ ဥဥ
ကိုယုရေ အားပေးပါရစေဗျာ 😄😄
Posted using Partiko Android
ပေါ်လာပြီလားဆရာပါး ကျေး ဇူးပါ
ပေါ်လာပီလေ ပုန်းနေတာ 😁😁
Posted using Partiko Android
လေးစားပါတယ် ဦးယု။
ကျေးဇူးပါ
သံလိုက်စက်ကွင်းမိပြီး TV ကအရောင်ထွက်နေတာဖြစ်ဖူးတယ်။ သံလိုက်ပါတဲ့ ပစ္စည်းကိုရွေ့လိုက်မှအဆင်ပြေတယ်
ဟုပ်တယ်ဆရာ သံလိုက်လျှပ်စက်ကွင်းထုပ်တဲ့ပစ္စည်းတွေဝေး
ဝေးထားတာကောင်းတယ်