နွေရင့်နှင်းစက်..၁
နွေရင့်နှင်းစက်..၁
credit-org-source
" မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လျှာဖျားပေါ်တင်ပြီး ဖျက်ဆီးပစ်တတ်တဲ့ ရှင့်လိုလူနဲ့ ဆုံဆည်းပေးခဲ့တဲ့ ကျွန်မရဲ့ ကံကြမ္မာကိုပဲ အပြစ်တင်လိုက်မယ်..ရှင့်မှာ အစ်မတွေ နှမတွေ အမေတွေမရှိလို့ ကိုယ်ချင်းမစာတတ်ရင်လည်း နောင်တစ်ချိန် နောင်တတွေ မရပါစေနဲ့လို့ ဆုတောင်းပေးခဲ့မယ်...ထင်...မင်း...လတ်..."
သူမ အံကြိတ်သံနဲ့ ပြောပြီး လှည့်ထွက်ခဲ့လိုက်တယ်။ထင်မင်းလတ်ရဲ့ နှုတ်ခမ်းဖျားက မထီတရီအပြုံးတွေရဲ့ လှောင်ရိပ်တွေက သူမကို ပါးရိုက်လိုက်တာထက် ပိုပြီး နာကျင်စေခဲ့တယ်။
မျက်နှာကို ပင့်မော့ပြီး မျက်ရည်တွေမကျအောင် ထိန်းထားလိုက်ပေမယ့် သူမ မတတ်နိုင်ခဲ့ဘူး။
အယုံလွယ်ခဲ့တာ မဟုတ်ပါပဲနဲ့ ဆုံဆည်းမိခဲ့တဲ့ ယုံကြည်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရင်း သူမအတွက် ငိုကြွေးပစ်လိုက်ပေမဲ့ ရင်မှာ နာနေဆဲ ဒဏ်ရာကတော့ မပျောက်နိုင်ခဲ့တော့ဘူး..။
အဲ့ဒီဒဏ်ရာဟာ သေရာပါလည်း ဖြစ်ကောင်ဖြစ်နိုင်တယ်ဆိုတာ သူမကိုယ်တိုင် ပိုသိနေခဲ့ပါတယ်...။
သူမ မျက်ဝန်းတွေမှာ မျက်ရည်စတွေနဲ့မို့ အမြင်တွေက ဝေဝါးနေခဲ့တယ်။ကျောပိုးအိတ်သေးသေးလေးကို ဖြစ်ကတတ်ဆန်းပဲ လက်မှာ ဒီအတိုင်း ဆွဲကိုင်ပြီး လမ်းမတွေထက်မှာ လျှောက်နေခဲ့လိုက်တာ...
တိမ်ညိုတိမ်မည်းတွေကို မြင်ပေမဲ့ ထီးကိုလည်း ယူမလာခဲ့သလို ကျောပိုးအိတ်ထဲမှာလည်း သူမရဲ့ ထည့်နေကျမိန်းကလေးအသုံးအဆောင် ဘီး မှန်နဲ့ ဒိုင်ယာရီစာအုပ်ပါးလေးက လွှဲရင် ဖုန်းပါ ပါမလာခဲ့တာကို သူမ သတိမထားခဲ့မိဘူးလေ..
မိုးရေတွေ တပေါက်ပေါက်နဲ့ ခုန်ဆင်းလာကြပေမဲ့ သူမ ခိုစရာနေရာကို မရှာတော့ပဲ မျက်နှာကို ပင့်မော့လို့ ဒီအတိုင်းပဲ လျှောက်သွားနေခဲ့လိုက်တယ်။ သိပ်မကြာခင်မှာပဲ မိုးတွေသည်းလာပေမဲ့ သူက မရွေ့မလျား ရပ်နေမိတုန်းပဲ..
credit-org-source
ကုန်သွားကြစမ်း..သူ့အတွက်ကျတဲ့ ငါ့မျက်ရည်တွေ ဒီမိုးရေတွေနဲ့ အကုန်မျှောသွားကြစမ်း...
သူမရဲ့ပါးပြင်မှာ မျက်ရည်တွေရော မိုးရေတွေရော ရောနှောစီးဆင်းနေကြပြီလေ...
မျက်လုံးတွေကို မှိတ်ချလိုက်တော့ ထင်မင်းလတ်ရဲ့ လျော့ရဲရဲအပြုံးထဲက လှောင်ရိပ်တွေကို ထင်ထင်ရှားရှား မြင်တွေ့နေရတယ်..
သူမခေါင်းကို ခါယမ်းပစ်လိုက်ပြီး သူမ လျှောက်နေတဲ့ လမ်းဘေးက ကုက္ကိုပင် မြစ်ပေါ်မှာ ထိုင်ချလိုက်မိတယ်။
ထင်မင်းလတ်..
သူမဘဝထဲကို တခဏဝင်လာခဲ့ပြီး တစ်သက်စာ ဒဏ်ရာကို ရောဂါရင့်ရင့် နဲ့ ပေးသွားခဲ့သူ။
ချမ်းသာတယ်..လွတ်လပ်တယ်...ပွင့်လင်းတယ်..အမြဲတမ်း ထီမထင်ဟန်နဲ့ ပြုံးရိပ်ဆင် ချော့မြူနေတတ်တဲ့ နှုတ်ခမ်းတစ်စုံနဲ့ လူချောတစ်ယောက်...
အစ်မတွေကြားမှာ အလိုလိုက်ခံ ကောင်လေးတစ်ယောက်..။
ငယ်ကတည်းက ယုယဆိုတဲ့ နာမည်နဲ့ ဆန့်ကျင်စွာ ရုန်းကန်ခဲ့ရတဲ့ သူမနဲ့ ထင်မင်းနဲ့က ဘယ်လိုမှ ဆက်စပ်ပတ်သက်ဖွယ်တော့ မရှိခဲ့ပေမယ့် အကြောင်းတရားများစွာက ပတ်သက်ဖို့ ဖန်တီးလာခဲ့လေရဲ့..။
သူမရဲ့ ဘဝရှေ့ရေးအတွက် သူမရဲ့ဘဝရုန်းကန်မှုထွက်ပေါက်က ပညာဆိုတာ ယုယက နားလည်နေခဲ့ပြီးသားမို့ သူမ စာကိုပဲ ကြိုးစားနေခဲ့တယ်။ မပြည့်စုံခြင်းတွေကြားထဲက သိမ်ငယ်ခြင်းတွေကို သူမ စာကြိုးစားခြင်းဆိုတဲ့အရာတွေထဲမှာပဲ မြှုပ်နှံထားမိတယ်။
ပညာကို အပျော်သင်သာ သင်တဲ့ ထင်မင်းလတ်ကတော့ သူမနဲ့ ဆန့်ကျင်စွာ အပေါင်းအသင်းများစွာနဲ့ ဟေးလေးဝါးလားကို ပိုသဘောကျတဲ့သူ..။
သူမတို့ တွေ့ဆုံခြင်းက ရိုးစင်းစွာပဲ ဆယ်တန်းဓာတုဗေဒဘာသာလက်တွေ့ခန်းထဲမှာ စတင်ခဲ့တယ်။စည်းကမ်းကြီးတဲ့ ဆရာမရဲ့ တစ်ယောက်ချင်း ထုတ်ပြရတဲ့ ဖော်မြူလာမှာ သူမအတွက်က လွယ်လင့်တကြူုဖစ်ခဲ့ပေမဲ့ ထင်မင်းလတ်အတွက်တော့ အတော် ဒုက္ခများနေခဲ့တယ်လေ.။
credit-org-source
" ယုယ ငါ့ကို ကူညီပါအုံးဟ.."
နဂိုက သိပ်ခင်ကြလွန်းတာ မဟုတ်ပေမဲ့ တစ်တန်းတည်းသားချင်း သူငယ်ချင်းတွေမို့ သူမ ဆရာမအလစ်မှာ သူ့ကို ပြောပြလိုက်တယ်။
အဲ့ဒီကူညီမှုကနေ စတင်ခဲ့တဲ့ ခင်မင်မှုတွေကနေ သူမအပေါ်ထားတဲ့ ထင်မင်းလတ်ရဲ့ အချိုးတွေ သိသိသာသာကြီး ပြောင်းလဲလာခဲ့တယ်။
ပထမဆုံး ရင်ခုန်ခြင်းနဲ့ ပထမဆုံး ချစ်ခဲ့မိသူ ယုယဆိုတဲ့ သူမတစ်ယောက် ထင်မင်းလတ်အပေါ်မှာ တကယ်ပဲ ညွှတ်တိမ်းခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ သူမက ကိုယ်ကျင့်တရားနဲ့ ပတ်သက်လာရင် ဘယ်တော့မှ အတိမ်းပါးမခံခဲ့ဘူး။ ချစ်သူချင်းပေမယ့် ဆိတ်ကွယ်ရာကို နှစ်ယောက်ထဲမသွားဘူး..လူကြားသူကြားထဲ လူအမြင်မသင့်အောင် ဘယ်တော့မှ မနေခဲ့ဘူး။ ထင်မင်းလတ်ရဲ့ အခွင့်အရေးက သူမရဲ့ လက်ကလေး ကိုင်ဖို့လောက်ပဲ ဖြစ်ခဲ့လေရဲ့...။
အလိုလိုက်ခံ ဘဝကလာတဲ့ ဉာဉ်ဆိုးလေးနဲ့ ထင်မင်းလတ်ရဲ့ မကျေနပ်ချက်တွေက အဲဒီကနေ စတင်ခဲ့မှန်း သူမ မရိပ်မိခဲ့ဘူး..။
:::::>>> အပိုင်း ၂သို့...
Writter @yekungsatthone
Msc 213
အားပေးနေတယ်နော်
ဟုတ်ဗျ..အားပေးပါဗျ
နောက်ထပ်ဝတ္ထုကောင်းတစ်ပုဒ် ဖတ်ရတော့မယ်။
ကျေးဇူးပါဗျ ကြိုးစားရေးပါ့မယ်
ဝတ္ထုရှည်တွေရေးတတ်တော့အဆင်ပြေတာပေါ့ဗျာ
ဝထ္တုကကောင်းမည့်ပုံပဲ စောင့်နေပါ့မယ်
ကျေးဇူးပါ ကြိုးစားနေပါတယ်ဗျ
အားပေးနေတယ် နော် next post မျှော်နေပါသည်
ဆက်လက်အားပေးပါ
ဝတ္ထုကောင်းကောင်း တစ်ပုဒ်တော့ဖတ်ရတော့မယ် ဆန့်တငင်ငင်တော့မလုပ်နဲ့နော်
ဟီး....ကြိုးစားနေပါတယ်ဗျ
Wow စာဖတ်ရတာတော့ ဆက်ဖတ်ချင်နေတုန်းပဲ😆😆
ဆက်လက်အားပေးပါဗျ
ဖတ်ကောင်းတယ်ဗျာ။
အပိုင်းသစ်ကိုေ မျှာ်နေပါတယ်။
ကျေးဇူးပါ အားပေးပါအုံး
ဆက်အားပေးပါ့မယ်...ဒါကအခန်းဆက်ဝတ္ထုရှည်နောက်တစ်ပုဒ်ပေါ့...
ဟုတ်တယ်ဗျ
သားက တော်သားပဲ စိတ်ဝင်စားအောင် ရေးတတ်တယ်😊
မကြိမောင်ပဲလေ..ဒီလောက်တော့ရှိမပေါ့😁
အစ်ကို့အရေးအသားက အစပျိုးထားတာလေးကအစ သဘောကျနှစ်သက်စရာကောင်းပါတယ်။စာဖတ်သူကိုလည်း စိတ်ဝင်စားအောင် ဆွဲဆောင်ထားနိုင်ပါတယ်။နောက်အပိုင်းမျှော်နေမယ်ဗျာ
ကျေးဇူးပါ ဆက်လက်အားပေးပါဗျ