တို့ကထိန်အောင်ပွဲ...!

in #myanmar7 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
image
#photo credited by @uthantzin
ဒီနေ့ 11.11.2018 ရက် တနင်္ဂနွေနေ့ မနက်အစောပိုင်းတွင် ကျွန်တော်တို့ဝန်ထမ်းများမှ ဒိုးပတ်ဝိုင်းများဖြင့် မဟာဒုတ်ဘုရားမဲပေါက်သောအိမ်များသို့ ဘုရားပင့် လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။
ပို့ပြီးတာနဲ့ ပဒေသာပင်များအား မဲပေါက်သောဘုန်းကြီးကျောင်းသို့ ဒိုးပတ်ဝိုင်းများ ဆိုင်းဝိုင်းများဖြင့် ဝန်ထမ်းမိသားစုများမှ ပျော်ရွှင်စွာ သီဆိုကခုန်ခြင်းများနှင့်အတူ  စီတန်းလှည့်လည်ပြီး ပို့ဆောင်လှူဒါန်းကြမည်ဖြစ်ပါသည်။ထို့ကြောင့် မိမိတို့ဝန်ထမ်းမိသားစုများ၏ တစ်နှစ်တာ စုဆောင်းခဲ့သောလှူဒါန်းငွေများ.. စတုဒိသာကျွေးမွေးခြင်းများ.. မဟာဒုတ်ဘုရားမဲဖောက်ခြင်းများနှင့်အတူ ပျော်ရွှင်စွာ တက်ညီလက်ညီ ကုသိုလ်ပြုဆောင်ရွက်ခြင်းများအား ကြည်နူးပီတိဖြစ်မိပါ၍ ကဗျာလေးတစ်ပုဒ်ဖြင့် ဂုဏ်ပြုခဲ့ချင်ပါသေးသည်။
မိမိသည်စာရေးရတာဝါသနာပါသော်လည်း လက်ရှိအချိန်အထိ ကဗျာတစ်ပုဒ်မှမရေးဘူးသေးပဲ ဒီကဗျာဟာ ကျွန်တော်ပထမဦးဆုံး ရေးဖြစ်သော ကဗျာလေးပဲဖြစ်ပါသည်။ဒီလိုမျိုးတစ်ခါမျှမရေးဖူးသေးပါ။ထို့ကြောင့် ကျွန်တော်၏ကဗျာမကျ စာမကျလေးအား သီးခံဖတ်ရှုပေးပါရန် ကြိုတင်မေတ္တာရပ်ခံပါရစေ...။မည်သို့ပင်ဆိုစေ ရေးချင်သောစိတ်ဖြစ်လာပါ၍ ဟိုမရောက် ဒီမရောက်စာလေးအား သူ့အလိုလို ရေးချဖြစ်သွားပါသဖြင့် အားပေးကြပါအုံးခင်ဗျာ...
image
#photo credited by @uthantzin
               ...""တို့ကထိန်ပွဲ""...
အောင်မြင်တော့မည်  လ တန်ဆောင်ဆီ
စုပေါင်းကောင်းမှု  တို့ရှေ့ရှု
တွဲလက်ညီညာ  ပျော်ရွှင်စွာဖြင့်
မြင့်မြတ်  ကုသိုလ်
အထိုထိုကို
နိဗ္ဗါန်ရည်မှန်း  လှူဒါန်းပါ၏။

တို့၏သန့်ရှင်း  တို့ငွေရင်းကို
တစ်လတစ်ကြိမ်  စုပေါင်းကာဖြင့်
တို့ဘာသာ၏  သာသနာကို
ရည်ရွယ်မျှော်မှန်း  ကြိုးပမ်းကုသိုလ်
အထိုထိုကို
တွဲလက်ညီညာ  လှူဒါန်းပါ၏။

မိုးတဖွဲဖွဲ  ရွှဲကာစိုလည်း
အေးချမ်းနိမိတ်  ထင်ဟပ်စေသည်
မမောမပန်း  ထမ်းကြကုသိုလ်
အထိုထိုကို
မြင့်မြတ်သဒ္ဒါ  ဖြူစင်စွာဖြင့်
လှူဒါန်းပါ၏။

စတုဒိသာ  စုံလင်စွာဖြင့်
အယုတ်အမြတ်  ကျွေးမွေးဧည့်ခံ
ပျော်ရွှင်ကြည်နူး  လ ထူးပေမို့
အေးချမ်းပီတိ
ရရှိခံစား
မြင့်မြတ်ဘဝ  ရည်မှန်းကာဖြင့်
လှူဒါန်းပါ၏။

ပစ္စည်းငွေသား  အတူထား၍
ဝေဝေဆာဆာ  ပဒေသာပင်များ
ကြည့်ကာ  ရွှင်လန်း
ပီတိလွှမ်းသည်  စည်ကာလှည့်လည်
မြတ်ဗုဒ္ဓ၏သားတော်များထံ ကိုယ်တိုင်ကိုယ်ကျ  လှူဒါန်းပါ၏။

ဒီအကြိမ်မှာ  တမူထူခြား
မဟာဒုတ်  ဘုရားမဲအား
ထည့်သွင်းကုသိုလ်  ပိုမိုပြုသည်
တတိယအကြိမ်  မြတ်ကထိန်ကို
သဒ္ဒါပြည့်ဖြိုး  ကြိုးပမ်းကြညီ
အောင်မြင်တော့မည်...အောင်တော့မည်။
တို့ဝန်ထမ်းများ  စုပေါင်းကောင်းမှု
ကုသိုလ်ပြုသည်
အောင်မြင်စေသား  အောင်စေသား...။
image
#photo credited by @uthantzin
ကျွန်တော်တို့၏တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲလေးဟာ စည်စည်ကားကားနဲ့ အောင်မြင်စွာပြီးဆုံးတော့မည်ဖြစ်ပါကြောင်း ကဗျာလေးတစ်ပုဒ်နဲ့ ဂုဏ်ပြုရေးသား မျှဝေလိုက်ရပါတော့သည်။
image
#photo credited by @uthantzin
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

ဘာပဲဖစ်ဖြစ်ဘုံကထိန်တော့အားပေးရမှာပဲ

Posted using Partiko Android

အဲဒါတွေကြောင့် လေးစားနေရတာပါ။ကျေးဇူးအများကြီးတင်ပါတယ်ဦးမင်း။

ကဲ သာဓု သာဓု သာဓု

ကျေးဇူးအများကြီးတင်ပါတယ်အစ်မ။

ကိုသန့်‌ရင်‌ထဲက ပီတိ‌တွေ မြင်‌‌နေရပါတယ်‌။သာဓုပါ ကိုသန့်‌‌ရေ။

ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

သာဓုပါဗျာ သာဓု ပျော်စြာကြိ ကဗျာလေးလဲမတ်တယ် ။

ကျေးဇူးတင်ပါတယ်အစ်ကို။

ကထိန် ကထိန် နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့ရတဲ့ ကထိန်ပါပဲ အနယ်နယ်အရပ်ရပ်မှာလည်း ကျင်းပမြဲမို့ ၀မ်းသာမိပါတယ်ဗျာ

ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ်။

ပျော်စရာကြီးပါပဲနော်

Posted using Partiko Android

ဟုတ်တယ်အစ်ကို အရမ်းပျော်ဖို့ကောင်းပါတယ်ခင်ဗျာ။

ထပ်တူ ဝမ်းသာပီတိဖြစ်ရပါတယ်

Posted using Partiko Android

ဟုတ်ကဲ့အစ်မ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကဗျာပထမဆုံး​ရေးတာဖြစ်​​ပေမဲ့​ကောင်းပါတယ်​....စည်းစည်းကားကားနှင့်​​အောင်​မြင်​စွာပြီးသွားလို့ပီတိဖြစ်​ပါတယ်​...

Posted using Partiko Android

တို့အစ်မက အားပေးတော့ ဝမ်းသာရတာပေါ့။ကျေးဇူးတင်ပါတယ်အစ်မ။

နောက်​လည်း လုပ်​နိင်​ကြပါ​စေဗျာ😊

Posted using Partiko Android

ပေးတဲ့ဆုနဲ့ပြည့်ပါစေခင်ဗျာ။

နောက်​လည်း လုပ်​နိင်​ကြပါ​စေဗျာ😊

Posted using Partiko Android