နှစ်သက်စရာ မွေးရပ်မြေ...

in #myanmar7 years ago (edited)

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံသော နှစ်သစ်လေးပိုင်ဆိုင်ကြပါစေလို့ နှစ်ဦးဆုမွန်ကောင်းတောင်းလျက်...။
မိမိတို့ ကုမ္ပဏီမှ သင်္ကြန်ပိတ်ရက်(၁၀)ရက်ပိတ်၍ သင်္ကြန်ရက်အတွင်း မိဘအိမ်မပြန်တော့ပဲ သင်္ကြန်ပြီး နှစ်ဆန်း(၂)ရက်... (၁၈.၄.၂၀၁၈)ရက်နေ့မှသာ မိဘအိမ် ပဲခူးမြို့ သို့ပြန်ခဲ့ပါသည်။
image#photo credited by my phone camera
မိဘအိမ် မိမိမွေးရာဇာတိဖြစ်တဲ့အတွက် တစ်နှစ်ကိုနှစ်ကြိမ် သုံးကြိမ်လောက်တော့ ရအောင်ပြန် ဖြစ်ပါတယ်။မနက် (၈း၀၀)နာရီ မှစတင်၍ရန်ကုန်မှ ထွက်ခွာခဲ့ရာ (၁၀း၀၀)နာရီခန့်တွင် ပဲခူးမြို့ မိဘအိမ်သို့ရောက်ရှိခဲ့ပါသည်။မိဘအိမ်သို့ရောက်ရှိပြီး ခေတ္တခဏမျှအနားယူလျှက် စကားများပြောဆိုဖောင်ဖွဲ့ကြနေပြီလေ။ညီလေးရဲ့မိသားစုအခြေအနေများ... အဒေါ်များ၏မိသားစုအခြေအနေများက အစ ပြောဆိုနေခဲ့ကြပါသည်။ခြံဝင်းများမှာလည်း ရန်ကုန်မြေကွက်များလို ပေ(၂၀×၆၀)မြေကွက်မဟုတ်ပဲ ပေ(၄၀×၆၀)မြေကွက်များဖြစ်၍ကျယ်ဝန်းသော ခြံများဖြင့် လွတ်လပ်အေးချမ်းစွာ နေရတဲ့ အရသာကလည်း အရမ်းနှစ်သက်ကြည်နူးစရာကောင်းပါသည်။
image#photo credited by my phone camera
နောက်ပြီး မိမိတို့ မိဘအိမ်သည် ရွှေသာလျောင်းဘုရားနှင့်နီးခြင်း... အဖိုးအဖွားအိမ်များနှင့်လည်းနီးတဲ့ အတွက် ညနေပိုင်းဘုရားသွား၍ဖူးမျှော်ခြင်း... အဖိုးအဖွားအိမ်သို့သွားရောက် ကန်တော့ခြင်းဖြင့် ကုသိုလ်များပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ဘုရားမရောက်ခင် ငါးစာကျွေးသောရေကန်မှာလည်း မိမိတို့ ငယ်ငယ်တုန်းကပုံစံ မဟုတ်တော့ပဲ ပြီးခဲ့တဲ့ နှစ်ကအသစ်ပြန်လည် ခိုင်ခံ့စွာ ဆောက်လုပ်ခဲ့ တဲ့ အတွက် ဘုရားဖူးများ... ငါးလွှတ်ကုသိုလ်ပြုသူများ... ငါးစာကျွေးသူများ...အရင်ကထက် လူစည်ကားနေတာကို သတိပြုမိနေပြန်၏။
image#photo credited by my phone camera
မိမိတို့မိသားစုမှလည်း ငါးစာများဝယ်ယူ၍ငါးစာကျွေးကုသိုလ်ယူဆောင်ရွက်ခဲ့ပါသည်။ထိုနောက် မိမိညစ်အစ်ကိုဝမ်းကွဲမောင်နှစ်မ များ... ငယ်သူငယ်ချင်းများအားအချိန်ရသလောက်တွေ့ခဲ့ပြီး သတိရကြောင်း သာကြောင်း မာကြောင်း ပြောဆိုကြသေး၏။ပဲခူးသားဆိုတော့ ပဲခူးမြို့၏အထင်ကရ နေရာများဖြစ်သော ရွှေမေါဓေါဘုရား... ရွှေသာလျောင်းဘုရား... ဟင်္သာကုန်းဘုရား...ရွှေဂူလေးဘုရား...ကျိုက်ပွန်ဘုရား...တို့ဖြစ်ပြီး အခြားဘုရားများလည်းဖူးမျှော် စရာရှိပါသေးကြောင်း...ဒါ့အပြင် ရွှေဂူလေးဘုရားအနီး ကိုးသိန်းကိုးသန်းချောင်းတွင် ဘုရားဖူးပြည်သူများ ရေကစားပျော်ပါးကြသောနေရာလေးဟာလည်း ပဲခူးမြို့သွားရင် မပါမဖြစ် လည်ပတ်စရာ နေရာလေးတစ်ခုဖြစ်နေခဲ့ပါသည်။
image#photo credited by my phone camera
ထိုနေရာချောင်းစပ်အနီးတွင်လည်းဘုရားဖူးများအတွက် အထူးသဖြင့် ယောက်ျားလေးများအတွက် ထန်းရည်တဲလေးများဖြင့် အပန်းဖြေအနားယူသောက်သုံးနိုင်ရန်စီစဉ်ထားခြင်းဟာလည်း ဆွဲဆောင်မှုတစ်ခုဖြစ်နေပြန်သည်။နောက်ပြီး ပဲခူးမြို့ ဆိုတာနဲ့ နာမည်အကြီးဆုံးအရာတစ်ခုကိုလည်း သိကြမှာပါ။ နာမည်ကြီးတယ်ဆိုတာက တစ်ခြားမဟုတ်ပါ... ပဲခူးငါးချဉ်ကိုပြောတာပါ။ပဲခူးငါးချဉ်ဟာ ထုပ်ထားတဲ့ဖက်တွေ ဖြည်ရင်းဖြည်ရင်းနဲ့ နောက်ဆုံး ငါးချဉ်သေးသေးလေးသာ ကျန်သော အဖြစ်အပျက်လေးတွေကြောင့် နာမည်ကြီးတာဖြစ်ပါတယ်။ ဘုရားဖူးအလည်အပတ်လာသူများသည် အိမ်အပြန်လက်ဆောင်အဖြစ် ပဲခူးငါးချဉ်အား အများဆုံး ဝယ်ယူလေ့ရှိကြပါတယ်။Quality ကောင်းကောင်းလေးလိုချင်ရင်တော့ ပဲခူးမနီငါးဖယ်ချဉ်က နာမည်ကြီးပြီးအကောင်းဆုံးပဲဖြစ်ပါတယ်။မြို့ကွက်အနေအထားအရ တစ်နေ့ လည်ပတ်သွားရုံဖြင့် နေရာစုံလင်အောင်လည်ပတ်သွားလာနိုင်ပါကြောင်း...ဆိုင်ကယ်များ ခွေးဘီလူးကားလေးများဖြင့် လွယ်လင့်တကူ ငှားရမ်းသွားလာနိုင်ပါကြောင်း... မိတ်ဆွေသူငယ်ချင်းများအား တစ်ခါတစ်ခေါက် တော့ ဖြင့် လာရောက်လည်ပတ်စေချင်ပါကြောင်း... နှစ်သက်စရာမွေးရပ်မြေရောက် အမှတ်တရ များစွာဖြင့် ရေးသားလိုက်ရပါတော့သည်။
image#photo credited facebook
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သော ဘဝပိုင်ဆိုင်နိုင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

ဇာတိ​မွေးရပ်​​မြေပြန်​ရ​တော့​ပျော်​စရာကြီး​ပါဘဲ...

ဟုတ်တယ်အစ်မရေ ပျော်စရာအရမ်းကောင်းလို့ daily တောင်မတင်နိုင်ဘူးဖြစ်နေတယ်။

ငါးချဉ်တွေက ငါးရံ့တွေနဲ့ လုပ်ထားတာလားဗျ

ဘာနဲ့လုပ်တယ်တော့သိဘူးဗျ ပဲခူးငါးချင်ကိုတော့ အရမ်းကြိုက်တယ်

ခေါ်ကတည်းက ငါးဖယ်ချဉ် လို့ခေါ်တာလေ။ငါးဖယ်နဲ့ပေါ့ဗျာ။ဒါပေမယ့် ဆိုင်တွေနဲ့ လုပ်နည်းတွေများလာတော့ ဟဲဟဲ တစ်ချို့တော့ မပြောတတ်ဘူး

ပဲခူးဆို လာလည်‌‌လေဗျာ။အင်းတ‌ကော်‌ကို ၊စကား‌ပြောကြတာ‌ပေါ့။

ဟုတ်ပါ့ဗျာ။တစ်ခါလောက်တော့ ဆုံချင်သေးတယ်။

ကျနော်လည်းငါးချဉ်ကြိုက်တယ်ဗျာ ပုဇွန်ချဉ်ဆိုပိုကြိုက်

ပုစွန်ချဉ်ကြိုက်ရင် ပုစွန်ချဉ်ပို့မယ်ဗျာ။

ပဲခူးမနီက နာမည်ကြီးတယ် ငါးချဉ်လေ ခုတော့ ဖက်ကများနေရော😖😖မမ ပုစွန်ချဉ်ကြိုက်တယ်

မမ ပုစွန်ချဉ်ကြိုက်ရင် ပုစွန်ချဉ်ပို့လိုက်မယ်နော်။

😍😍

ရွှေသာလျောင်းလာဖူးရင် အိမ်အလည်ဝင်ခဲ့မယ် ပုန်းမနေနဲ့နော်။

ဦးညီ လာမယ်ဆိုတဲ့ အသံကြားတာနဲ့ အားလုံးအဆင်သင့်ဖြစ်စေရမယ်။ဒါပေမယ့် လူက ရန်ကုန်မှာ ဖြစ်နေတာလေးတစ်ခုကြောင့်ပါ။

ကိုသန့်ဇင် ပဲခူးကလား
ကျွန်တော်လည်း ပဲခူးသားပါ
နောက်ရောက်ရင်ရင်ဖုန်းဆက်ပါ
09 760444574

ဟုတ်ပါတယ်ခင်ဗျ။ဆက်ပါ့မယ်။

လာလည်ရင် ခေါ်အုံးနော့ ပုန်းမနေပါ့😅😅

ဟုတ်ကဲ့ပါ အစ်ကို ခေါ်ရမှာပေါ့။

ကို သန့် တို့ မိသားစု က ကြည်နူးစရာဘဝလေးပါဗျာ

အစ်ကိုရေ ပျော်စရာလေးတွေဖြစ်အောင် ဖန်တီးပြီးစိတ်ချမ်းသာတဲ့ မိသားစု ဘဝလေးပိုင်ဆိုင်နိုင်အောင် ကြိုးစားနေရတာပါခင်ဗျ။အမြဲလိုလိုတော့ ကြိုးစားဖြစ်တယ်။

Loading...