"အကောင်းဆုံး"အတွက် မျှော်လင့်သလို "အဆိုးဆုံး"အတွက်လည်း ပြင်ဆင်ထားပါ...!

in #myanmar7 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေခင်ဗျာ...
ကမ္ဘာပေါ်ရှိ လူသားအားလုံးဟာ မိမိတို့ဘဝပိုမိုပြည့်စုံကောင်းမွန်ဖို့ လိုအပ်သည်များ ကြိုးစားလုပ်ဆောင်ရင်း ရှေ့ဆက်လျှောက်လှမ်းနေကြရတာပါ။ထိုသို့ မိမိတို့ဘဝ ပြည့်စုံကောင်းမွန်ဖို့အတွက် မိမိတို့မှာ ရည်မှန်းချက်..ရည်ရွယ်ချက်..များထားရှိပြီး စနစ်တကျ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ကြရမှာပါ။
unnamed.jpg
Crd-org-source
ယုံကြည်ချက်ခိုင်မာစွာ အကောင်းဆုံးကြိုးစားဆောင်ရွက်ခဲ့တဲ့အတွက် အကောင်းဆုံးတွေဖြစ်လာဖို့လည်း မျှော်လင့်နေကြအုံးမှာပါ။ဒါကတော့ စိတ်ရဲ့ဖြစ်တတ်တဲ့ အရိုးရှင်းဆုံး သဘာဝဖြစ်စဉ်လေးပါ။ကိုယ်စိုက်ထုတ်ထားတဲ့အားကိုတော့ အကျိုးရလဒ်ကောင်းပြန်လိုချင်မှာပဲလေ။
မိမိတို့ပြုလုပ်သော ကိစ္စရပ်တစ်ခုကို အောင်မြင်ရမယ်လို့ ရည်ရွယ်ချက်ထားပြီး သေသေချာချာ ကြိုးစားခဲ့ပေမဲ့ တစ်ခါတစ်လေမှာ မိမိထင်ထားသလိုဖြစ်မလာပဲ အဆိုးဘက်ကို ရောက်သွားတဲ့အခါမျိုးလည်း ရှိနေနိုင်ပါတယ်။ဒါကြောင့် ကိစ္စရပ်တစ်ခုအတွက် အောင်မြင်အောင် 99% အထိမိမိဘက်က သေချာအောင် အားစိုက်ထုတ်ပြီး ဆောင်ရွက်ခဲ့ပေမဲ့ 1%ဆိုတဲ့ အဆိုးဘက်ကို အတိအကျရောက်ရှိမသွားဘူးလို့ မည်သူမျှမပြောနိုင်ပါ။ဒါလေးကို သတိထားနိုင်အောင် ဒီခေါင်းစဉ်လေးနဲ့ ရေးသားတင်ပြလိုက်တာပါ။
အကောင်းဆုံးတွေရရှိဖို့ စနစ်တကျ ကြိုးစားဆောင်ရွက်ရင်း မမျှော်လင့်ပဲ  အဆိုးဆုံးတွေဖြစ်လာတဲ့အခါ မိမိမှာ ထိုအခြေအနေအတွက် ရင်ဆိုင်နိုင်ဖို့ အရည်အသွေးတွေ အသင့်ရှိနေရန် ပြင်ဆင်ထားနိုင်ရမှာပါ။
were-hoping-for-the-best-but-we-need-to-prepare-for-the-worst-37.jpg
Crd-org-source
လောကကြီးမှာ အောင်မြင်သောသူတွေဟာလည်း ဒီလိုအခြေအနေ အခက်အခဲတွေနဲ့ ကျရှုံးခဲ့ဖူးသောသူများသာဖြစ်ပါတယ်။ထိုသူတို့ဟာ ဒီလိုကျရှုံးသွားတဲ့အခါ စိတ်ပျက်အားလျော့ မနေပဲ ကျရှုံးသွားသောအခြေအနေမှ အတွေ့အကြုံ ဗဟုသုတတွေကို သင်ခန်းစာယူပြီး ဆက်လက်ကြိုးစားရင်း အောင်မြင်လာကြခြင်းပဲ ဖြစ်ပါတယ်။
ကြိုးစားလုပ်ကိုင်တိုင်းသာ အောင်မြင်နေမယ်..ချမ်းသာနေမယ် ဆိုရင် တော့ လောကမှာ အောင်မြင်တဲ့သူနဲ့ ချမ်းသာတဲ့သူ နှစ်မျိုးပဲရှိနေမှာပါ။လူတိုင်း ချမ်းသာပြီး အောင်မြင်နေကြမှာပေါ့။ဒါကြောင့် အောင်မြင်အောင် ကြိုးစားလုပ်ကိုင်တဲ့နေရာမှာ အခက်အခဲ ပြဿနာတွေ ရှိနေမှာဖြစ်တဲ့အတွက် ထိုအချိန်တွင် စိတ်ဓါတ်ယိမ်းယိုင်မသွားပဲ သတိလေးထားပြီး ကြိုးစားရှေ့ဆက်ရမယ်ဆိုတဲ့အချက်လေး ထောက်ပြပေးချင်တာပါ။
colinpowell1-2x.jpg
Crd-org-source
ဒီနေရာမှာ မိမိသိသလိုလေး ဥပမာပေးပြီး ပြောခဲ့ပါရစေခင်ဗျာ...
**လူတစ်ဦးဟာ သူ၏စီးပွာရေးအတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုလုပ်တယ်ဆိုပါစို့။သူရင်းနှီးဝယ်ယူမည့် ပစ္စည်း၏အရည်အသွေးနှင့် ဈေးကွက်အနေအထားကို စနစ်တကျ သေချာတွက်ချက်ပြီး မည်သည့်အချိန်တွင် ဝယ်ယူပြီး မည်သည့်အချိန်တွင် ပြန်လည်ရောင်းချမည် စသည်ဖြင့် အသေးစိတ်စီစဉ်ထားရှိဆောင်ရွက်ပါသည်။ထို့ကြောင့် သူ၏စီးပွားရေးလုပ်ငန်းဟာ အမြတ်အစွန်းများစွာရရှိပြီး ပိုမိုတိုးတက်လျက်ရှိပါသည်။ရင်းနှီးမြှုပ်နှံရာတွင်လည်း ကာလတို..ကာလရှည် နှစ်မျိုးလုံး ကြိုးစားလုပ်ကိုင်သည်ဟုမှတ်ယူပါ။ထိုသို့ ပိုမိုတိုးတက်လာအောင် စိတ်ရော ကိုယ်ရော အားထည့်ပြီး ကြိုးစားလုပ်ဆောင်နေသော်လည်း မမျှော်လင့်ပဲ ရာသီဥတုနှင့် သဘာဝဘေးကြောင့်သော်လည်းကောင်း..နိုင်ငံတော်၏ပြောင်းလဲသတ်မှတ်လိုက်သော ဥပဒေကြောင့်သော်လည်းကောင်း..မိမိယုံကြည်ရသည့်သူ လူယုံသတ်၍သော်လည်းကောင်း..ရန်သူမျိုးငါးပါးကြောင့်သော်လည်းကောင်း..အကြောင်းအမျိုးမျိုးကြောင့် အခြေအနေ အချိန်အခါအရ ထိုသူဆောင်ရွက်လိုက်သော ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုဟာ ဆုံးရှုံးသွားတတ်ပါသည်။ထိုဆုံးရှုံးမှု၏တန်ဖိုးသည်လည်း မထင်မှတ်ပဲ စိတ်ဓါတ်ယိမ်းယိုင်ပျက်ပြားသွားလောက်သည့်ပမာဏ အထိ ဖြစ်နေနိုင်ပါသည်။
ဒါကြောင့် အမြဲတမ်းသေသေချာချာ ကြိုးစားလုပ်ဆောင်ခြင်းဖြင့် အကောင်းဆုံးတွေကိုလည်း ရရှိနိုင်သလို အဆိုးဆုံးအနေအထားအထိလည်း ဖြစ်သွားနိုင်ပါတယ်။ဒီအတွက်ကြောင့် တစ်ဖက်က အဆိုးဆုံးအနေအထားကိုလည်း မေ့မထားပဲ သတိထားပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားပြင်ဆင်ထားကြရမှာဖြစ်ပါတယ်။
COMM-hope-for-best-prepare-for-worst-06092017-e1497289711590.jpg
Crd-org-source
ဒီလို မမျှော်လင့်ထားတဲ့ ဆုံးရှုံးမှုတွေကြောင့် စိတ်ဓါတ်ပျက်ပြားသွားပြီး ဆက်မကြိုးစားတော့ပဲ ရပ်တန့်နောက်ဆုတ်သွားကြတဲ့အတွက် အောင်မြင်မှုဆိုတာတွေမရရှိတော့ပဲ နောက်ကျကျန်တဲ့လူတွေဖြစ်ပြီး လမ်းပျောက်သွားတတ်ကြပါတယ်။
အကောင်းဆုံးအတွက် စနစ်တကျ ကြိုးစားဆောင်ရွက်ရင်း မျှော်လင့်နိုင်သလို တစ်ဖက်က အဆိုးဆုံးအတွက်ပါ သတိထားပြီး ပြင်ဆင်ထားနိုင်မှသာ ပိုမိုပြည့်စုံသောသူ.. အောင်မြင်မှုကိုရရှိအောင်ဆောင်ရွက်နိုင်မယ့်သူ..ရရှိသောအောင်မြင်မှုကိုလည်း ရည်ရှည်ခိုင်မြဲအောင်ထိန်းသိမ်းနိုင်တဲ့သူအထိ ဖြစ်လာကြမှာပါ။
the-secret-to-success-feature (1).png
Crd-org-source
အချုပ်အားဖြင့်ဆိုသော် မိမိတို့အားလုံးဟာ မိမိတို့ဆောင်ရွက်သောကိစ္စရပ်များကို စနစ်တကျ ကြိုးစားဆောင်ရွက်ရင်း အကောင်းဆုံးတွေကို မျှော်လင့်သလို တစ်ဖက်မှ အဆိုးဆုံးအနေအထားဖြစ်ခဲ့ပါကလည်း ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်အောင် ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း...
သို့မှသာ ပိုမိုပြည့်စုံသောသူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုကို မလွဲမသွေ ရရှိနိုင်မည်ဖြစ်ပါကြောင်း... ရေးသားတိုက်တွန်းလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

သားရဲ့အရေးအသားတွေကောင်းတယ်
ဆက်အားပေးနေမယ်နော်

အခုလိုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်တီရေ။

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.boxofficemojo.com/

@cheetah is so bad😒😒you are blind. I don"t trust to you😒

You distrub me because I am very tired to write my best writing as a good post creation.

Hey, cheetah you such a naughty guy! How dare you to drop the awful links all the time in our community.

Hey, cheetah you such a naughty guy! How dare you to drop the awful links all the time in our community.

ဒါပေါ့ ဒါပေါ့ နေပြင်းပြင်းပူနေချိန်တောင် မိုးရိတ်ခနဲ ရွာနိုင်တာဖဲ သတိထားရမယ်မဟုတ်ပါလား😊

ဟုတ်တာပေါ့ ဒီလိုလေးတွေ သတိထားနိုင်တော့ ပိုပြီးတိုးတက်ဖို့ အတွက် idea ကောင်းတွေ ရလာမှာပေါ့။

လူယုံသတ်တဲ့ဘဝတွေကတော့
အဆိုးဆုံးသော lifes တွေပါပဲဗျာ

ဒါမျိုးတွေလည်း တစ်ချို့ရှိတတ်ကြပါတယ်။အဆိုးဆုံးတွေပဲပေါ့။

လက်ရှိကျွန်တော်ခံစားနေရတာလည်းဒီသဘောပဲဗျ
ကိုယ်ကစေတနာထားလုပ်ပေမဲ့ အကောင်းမမြင်ဘူး
ကိုသန့်ဇင် အရေးသားတွေတော်တော်တတ်လာတယ်
postတစ်ခုနဲ့တောင်မတူတော့ပဲ ပညာပေးဆောင်းပါး တစ်ခုဖတ်ရသလိုပါပဲ

ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

ဒီမှာ စ‌တွေ့တာဘဲ။ ကိုယ်‌က အ‌ကောင်းဆုံး ဖြစ်‌‌အောင်‌ကြိုးစား‌ရေးထားတာကို cheetah တဲ့။ကိုသန့်‌‌ရေ လူ့ ဘဝမှာ အဆိုးဆိုတာ အချိန်‌မ‌ရွေး ဖြစ်‌နိုင်‌တယ်‌။‌နောက်‌ဆုံး အများအ မြင်‌မှာ သာမန်‌ဖြစ်‌‌နေပြီး ကိုယ့်‌အတွက်‌ လက်‌မခံနိုင်‌ရင်‌ အဆိုးကို ရင်‌ဆိုင်‌ရတာပါဘဲ။အဓိကက လက်‌ခံနိုင်‌တဲ့ အရည်‌အချင်းကို ကြိုးစား ဖြည့်‌ဆည်းရမှာ‌ပေါ့ကိုသန့်‌‌ရေ။

ဟုတ်တာပေါ့ ကိုယ့်ရဲ့လက်ခံနိုင်တဲ့ အရည်အချင်း အရည်အသွေးကိုလည်း ကြိုးစားဖြည့်ဆည်းရင်း သတိထားသွားရမှာပေါ့။

ကျနော်တို့အတွက်သိပ်မှန်တယ်။ ဒီသဘောဟာဘယ်နေရာ မှာမဆိုဖြစ်တက်တဲ့သဘောပါ။ အဆိုးဆုံးနဲ့ကြုံတွေ့ချိန် ပြင်ဆင်မထားရင် အဲ့သူဟာ ဘဝမှာကျရှုံးမှာပဲ။

Right!I liked your comment.I intended to all as your comment.

အ​ကောင်း​တွေချည်း​မျော်​လင့်​​နေပြီးအဆိုးဆုံးအ​ခြေအ​နေအတွက်​မပြင်​ဆင်​ထားရင်​ဘယ်​လိုခံနိုင်​ရည်​ရှိမလဲ​နော့....

ဟုတ်ပါတယ် အစ်မရေ အဲဒါလေးသတိထားရအောင် ရေးပေးလိုက်တာပါ။

မှန်​တယ်​ တခုခုအ​ရေကြုံလာရင်​ အဆိုးဆုံးလဲ စဉ်​စားထားမှ ဒါမှကြိုတင်​ပြင်​ဆင်​ထားမှ

ဒီအတွက် ဦးနှောက်ကို ဖြန့်ကျက်ပြီး သတိထားပြင်ဆင်ထားရင် ကိုယ့်အတွက် recovery ဖြစ်သွားတဲ့အတွက် ပိုကောင်းတဲ့အချက်လို့ ထင်မြင်မိလို့ပါခင်ဗျာ

ကိုယ်ရချင်တာတော့ အကောူ်းတွေပဲလေ အဆိုးတွေလာတော့လည်း လက်ခံရမှာပဲပေါ့ 😊

ဒါပဲပေါ့ အကောင်း အဆိုး ဆိုတာ ဒွန်တွဲနေတာလေ။ဖြစ်တတ်တာဆိုတော့ လက်ခံနိုင်ရမှာပေါ့။