စေ့စေ့တွေးကရေးရေးပေါ်ပါသည်
စေ့စေ့တွေးကရေးရေးပေါ်ပါသည်
ရွှေနန်းကြော့ရှင်အင်းဝဘုရင်နရပတိနှင့်ရွှေနော်ရထာမင်းသား၏ကျွန်ယုံတော်ငသောကြာ၊အထိန်းတော်သားဘုရင့်လူရေနံ့သာစားငရွှေကျိုင်းတို့သုံးယောက်ထဲထိုင်နေခိုက်ငသောကြာကသူ့ဓားကိုရုတ်တရက်ထုတ်၍ဘုရင့်ကိုခုတ်သည်။ဘုရင်ကလည်းငသောကြာအမူယာပျက်နေကတည်းကသတိထားနေရာဓားအိမ်ထဲမှသူ့ဓားကိုပြိုင်တူထုတ်ထုတ်ခုတ်ခုတ် ခုတ်သည်။ငသောကြာခုတ်လာသောဓားကိုသူ့ဓားဖြင့်ဘုရင်ကဆီးကာ၊ဆီးဖျက်၊ဆီးပက်လှန်ပြီးပြန်လည်ခုခံတိုက်ခိုက်ရာဓားခုတ်သံတစ်ချွင်ချွင်မီးတစ်ဖွားဖွား၊သူခုတ်ကိုယ်ကခံ၊ကိုယ်ကခုတ်သူကဆီးလှန်တချွမ်ချွမ်။
ရေနံ့သာစားငရွှေကျိုင်းမှာဓားမပါ၊သူ့ဘုရင်သည်သူ့ကျေးဇူးရှင်၊သူ့ကိုကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သူ၊ကျေးဇူးရှင်ဘုရင်ကိုကျေးဇူးဆပ်ရမည်။ဓားနှင့်ငသောကြာကဆီးခုတ်၍ဇက်ပြတ်ပြတ်သဘောထားကာကျေးဇူးရှင်ကိုကျေးဇူးဆပ်ရေးအတွက်ရေနံ့သာစားကဇွတ်ဝင်ပစ်လုံးသည်။ဘုရင်နှင့်ယှဉ်ပြိုင်ဓားချင်းခုတ်နေသောငသောကြာကဓားဓားချင်းခုတ်နေသည့်ပွဲ၌လက်နက်မဲ့လူရေနံ့သာစားကအသေခံဇွတ်ဝင်လုံးပုတ်တိုက်ခိုက်ဝံ့မည်မထင်မှတ်ခဲ့။ရှေ့အားစိုက်ဓားခုတ်နေစဉ်ဘေးမှရေနံ့သာစားကဇွတ်ဝင်ပစ်လုံးရာအင့်ကနဲမြည်ပြီးဓားလွင့်စင်ပြေးသည်။လက်နက်မဲ့ငသောကြာနှင့်ရေနံ့သာစားငရွှေကျိုင်းတို့လုံးထွေးသတ်ပုတ်ပွဲမှာဘတပြန်၊ကျားတပြန်သူကအထက်ကရောက်လိုက်ကိုယ်ကအထက်ကရောက်လိုက်၊ဘေးကဓားကြီးမိုး၍ခုတ်ကွင်းရှာနေသောဘုရင်မှာဘယ်လိုခုတ်ရမည်ဟုတွက်ဆမရ။ခုတ်မည်လုပ်လိုက်ကိုယ့်လူကခုတ်ကွင်းဝင်လာလိုက်၊ပြန်ရုပ်လိုက်ရန်သူကခုတ်ကွင်းဝင်လာလိုက်၊တစ်ခါခုတ်မည်လုပ်ရွယ်လိုက်ကိုယ့်လူကရောက်လာလိုက်လည်ချာလည်ချာ။ထိုစဉ်ရေနံ့သာစားကလုံးထွေးသတ်ပုတ်ရင်းအသံကုန်အော်သည်။အကြိမ်ရေများစွာအော်သည်။ အရှင်မင်းကြီး ကျွန်တော်မျိုး၏အသက်ကိုငဲ့မနေပါနဲ့၊အရေးတော်မပြီးပဲအရှင်မင်းကြီးမှာအသက်ဘေးအန္တရာယ်ဖြစ်လာပါလိမ့်မည်။မိရာလူကိုခုတ်သာသတ်ပါ။ပြီးမှအရှင်မင်းကြီးရန်သူကိုသတ်ပါ။ကျွန်တော်မျိုးအပေါ်အရှင်မင်းကြီးကျေးဇူးကားကြီးမားလှပါသည်။အရှင်မင်းကြီးခုတ်သတ်လည်းကျေးဇူးဆပ်ရာရောက်၍ကျွန်တော်မျိုးခွင့်လွှတ်ပါသည်။မိရာလူကိုခုတ်ပါ။သတ်ပါ။ငဲ့ညှာမနေပါနှင့်။
ကျေးဇူးသိ၍သစ္စာရှိသောရေနံ့သာစားငရွှေကျိုင်းကိုရွှေနန်းကြော့ရှင်အင်းဝဘုရင်နရပတိကငဲ့ညှာ၍သူခိုင်းသည့်အတိုင်းတွေ့ရာလူမိရာလူကိုခုတ်မသတ်ပါ။ငသောကြာကိုသတ်ခွင့်သာမှရွေးချယ်ခုတ်ထစ်သတ်ခဲ့ပါသည်။ကျေးဇူးသိမှသစ္စာရှိသည်။သစ္စာရှိမှအနစ်နာခံသည်။မြန်မာရာဇဝင်၌အမှန်တကယ်ဖြစ်ခဲ့သောဖြစ်ရပ်အားနှောင်းလူတို့သိရှိစေရန်ရာဇဝင်လာဖြစ်ရပ်အား ရွှေနန်းကြော့ထံ၊အသေခံ၊ရေနံ့သာစားပွဲ ဟုကဝိလက္ခဏသတ်ပုံကျမ်း၌မြန်မာပညာရှိကြီးစိန္တကျော်သူဦးဩကရေးစပ်ဖွဲ့သီဂုဏ်ပြုခဲ့ပါသည်။ကဝိလက္ခဏသတ်ပုံအဆုံး၌တစတစတွေးမိပါသည်။စာကောင်းတစ်ပုဒ်၏အဆုံးသတ်သည်ဘဝအမြင့်ဖြန့်ကျက်တွေးခေါ်ရာအစဟုဆရာ့ဆရာကြီးများကမိန့်မြွက်ခဲ့ဖူးပါ၏။စေ့စေ့တွေးသော်ကားရေးရေးပေါ်လာပါ၏။
ဖဝါးလက်နှစ်လုံး၊ပခုံးလက်နှစ်သစ်အရွယ်မှစတင်၍ဝါးဖတ်တော်ကစီနှစ်နှင့်လူဖြစ်အောင်အညစ်အကြေးသုတ်သင်၊ဘေးရန်ကာကွယ်စောင့်ရှောက်၊ပြုစုပျိုးထောင်ကျွေးမွေးလာသည့်မိဘကျေးဇူးအစုံစုံသည်ရိုးသားစွာတည့်တည့်ပြောကရေနံ့သာစားကိုဘုရင်ကကျွေးမွေးပြုစုစောင့်ရှောက်သည့်ကျေးဇူးထက်အဆကုဋေကုဋာပိုပါလိမ့်မည်။ပိုလည်းပိုပါသည်။အဖေတို့အမေတို့ကျေးဇူးကိုကောရေနံ့သာစားလိုအသေခံဆပ်ခဲ့ကြပါသလား၊ဆပ်နိုင်ပါ့မလား၊ဆပ်ကြမလား။
တစ်အူတုံဆင်းမွေးချင်းအရင်းအချာများသည်ကြီးစဉ်ငယ်လိုက်၊ငယ်စဉ်ကြီးလိုက်ချီပိုးထိန်းကျောင်းဝေယျာဝစ္စပြုခဲ့သောကျေးဇူးများ၊ကူညီစောင့်ရှောက်ခဲ့ကြသောကျေးဇူးများကိုယ်စီကိုယ်ငှရှိခဲ့ကြပါ၏။ကျေးဇူးဟုမြင်မိပါသလား၊ပြန်လည်ဆပ်ဖြစ်ပါသလား။
သွေးရင်းသားရင်းဆွေမျိုးများ၊ရပ်ဆွေရွာမျိုးများ၊တာဝန်ထက်စေတနာကိုအဓိကထားသောဆရာသမားများ၊ကူညီစောင့်ရှောက်ခဲ့သောမိတ်ဆွေများ.....သူတို့၏ကျေးဇူးကိုကြည့်မိပါသလား၊ပြန်လည်ဆပ်မိပါသလား၊ဆပ်ရန်တာဝန်ရှိသည်ဟုထင်မြင်ယူဆပါသလား။
ကိုယ့်တိုင်းဒေသကြီးကျေးဇူး၊ကိုယ့်ပြည်နယ်ကျေးဇူး၊ကိုယ့်အတူနေလူမျိုးများကျေးဇူး၊ကိုယ်ကိုးကွယ်ချင်သည့်ဘာသာကိုးကွယ်ပါ၊ကိုယ်ကိုးကွယ်ရာဘာသာတရား၏ကျေးဇူးကိုကောမြင်ကြည့်မိပါသလား၊မြင်မိသိမိပါပြီလား၊ကျေးဇူးဆပ်ရန်တာဝန်ရှိတာလက်ခံပါသလား၊ရေနံ့သာစားငရွှေကျိုင်းကဲ့သို့အသက်စွန့်၍ကျေးဇူးဆပ်နိုင်ကြပါစေသတည်း။
ကျန်းမာချမ်းသာဘေးကင်းကြပါစေ
တွင်းကြီးဝမ်းမောင်(မြောင်)
@twingyiwunmaung
MSC-154
28.1.2018,Sun
ကျေးဇူးတင်ရမည့်အရာများ စာရင်းပြုလုပ်ထားရမယ်
အဓိကကတော့မိဘနှစ်ပါးပေါ့။နောက်ကိုယ့်
ကိုအထောက်အပံ့ပြုဖူးတဲ့ပတ်ဝန်းကျင်၊အဖွဲ့အစည်း။
ကျေးဇူးတရားသိတတ်ပုံများ စံတင်လောက်ပါတဟ်ဗျာ ကျေးဇူးပါ သိရတာ
ခုလိုလာရောက်ဖတ်ရှုပေးတာကိုကျေးဇူးတင်ပါတယ်။
တစ်လုပ်စားဖူးသူ့ကျေးဇူး
မမေ့အပ်သောအရာ
မှန်ပါတယ်။
မြန်မာတွေက ကျေးဇူးတရားသိတတ်သူတွေပါ plz v and c me back @mgtoetat
Ok .
အဲ့လိုကြီး please v and c မလုက်ပါနဲ့လေ တစ်ဖက်လူကို မလေးစားရာ ကျသလို ဖြစ်နေပါတယ် တစ်ဖွဲ့ထဲဟာ v and c လုပ်မှာဘဲလေ ဟုတ်ဖူးလား နော်
ကျေးဇူးရှိဖူးသူတိုင်းကိုကျေးဇူးဆပ်နိုင်ကြပါစေ
အဓိကကတော့ မိဘနှစ်ပါးကို ဆိုလိုချင်တာပါ။
တစ်လုပ်စားဖူးသူ့ကျေးဇူး
မှန်ပါတယ်။
ကျေးဇူးပါအကို
ကျေးဇူးတင်ပါတယ်ဗျာ။
အကို အရွယ်တော့မဟုတ်ပါဘူး။
ဆရာက ၆၀ ကျော်ပါပြီ။
ဆရာတင်လှုင်ဦးထက်ကိုကြီးပါတယ်။
Thanks for sharing
thanks
ကျေးဇူးမကန်းတတ်သူ ဖြစ်ရုံတင်မက ကျေးဇူးသိသူ ကျေးဇူးဆပ်တတ်သူဖြစ်အောင် ကြိုးစားပါ့မယ်ဆရာ ။
ခုလိုကြားရတာဝမ်းသာရပါတယ်။ကျေးဇူးတရားကိုသိတတ်သူဟာလည်းဘယ်သောအခါမှအောက်မကျပါဘူး။
အရမ်းကောင်းပါတယ်။ကျေးဇူးတရားသိတတ်ခြင်းသည်မင်္ဂလတပါးပါရှင်။
မှန်ပါတယ်။