mobile phone ပေါ်မှ ကီးဘုတ် ပြသနာ

in #myanmar7 years ago

အရင်က ttkeyboard နဲ့ ဒီပေါ်မှာ စာရေးရင် စာလုံးတွေ ပူးတာ ၂ခုထပ်ပြီးပေါ်တာ စသဖြင့် ပြသနာ စုံပါတယ်။ ဒီအပေါ်မှာတင် မကပါဘူး gmail မှာ စာရေးရင်လည်း ဒါမျိုး ဖြစ်ပါတယ်။ အခု M keyboard lite နဲ့ ရေးတော့ ပြသနာ သိပ်မရှိတော့ပါဘူး ။ ကီးဘုတ် ထုတ်လုပ်တဲ့ သူတွေက သုံးစွဲသူ အဆင်ပြေအောင် ဇော်ဂျီ ၊ ယူနီကုတ် ၊ အလိုအလျောက်ဖြည့်ပေးတာ စတဲ့ လုပ်ဆောင်မှုတွေ ထည့်ပေးပါတယ်။
အဓိက ကတော့ ရေးလိုက်တဲ့ ဗမာစာ စာလုံးမထပ် ၊ ပါဠိလို အသတ်တွေ မှန်နေရင် ၊ လိုချင်တဲ့ စာလုံး အလွယ်တကူ ရှာလို့ရရင် သုံးစွဲသူ အတော်အဆင်ပြေပါတယ်။ တချို့ ကီးဘုတ်တွေဆိုရင် လိုချင်တဲ့ စာလုံးကို ဘယ်လို ရှာရမှန်းမသိတဲ့ အခြေနေ ခဏခဏ ကြုံရပါတယ်။
တခြား ကီးဘုတ် သုံးလို့ ဖြစ်တဲ့ ပြသနာ တွေလဲ မျှဝေကြပါအုန်း။