ကောက်နုတ်ချက်
ယခုခေတ်မှာဆိုရင် မီဒီယာရဲ့ ကျယ်ပြန့်မှုကြောင့် အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းများတွင် ပါဝင်နေတဲ့ ပုဂ္ဂိုလ်များ သတင်းတွေထဲမှာပါမှု အင်မတန်များပါတယ်။
အနုပညာသည်တွေ၊ အားကစားသမားတွေ၊ ကုဋေကြွယ်သူဋ္ဌေးကြီးတွေ၊ နိုင်ငံရေးသမားတွေဟာ မီဒီယာလောကရဲ့ အာရုံစိုက်မှု ခံကြရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အများကြိုက်အောင် ပြောချင်ကြ၊ လုပ်ချင်ကြတာတွေ ရှိလာပါတယ်။ မိမိတို့ရဲ့ ရုပ်ပုံလွှာကို အများကြိုက်ပုံဖြစ်အောင် လုပ်တဲ့သဘောပါပဲ။ ဒီလိုအပြုအမူတွေကို နိုင်ငံရေးလုပ်သူများ သတိထားဖို့ လိုပါတယ်´ ။
ပြည်သူတွေရဲ့ ထောက်ခံမှုကို မှန်မှန်ကန်ကန် ရယူကြပါ။ အများအကြားနေရပေမယ့် နောက်ဆုံးတော့ တစ်ကိုယ်တည်းဖြစ်တယ်ဆိုတာ မမေ့ကြပါနဲ့´ ။
ဒေါ်အောင်ဆန်းစုကြည်
ဒီစကား (ကောက်နုတ်ချက်)
AK Moe