ရွာပါပြီ မိုးသင်္ကြန်
သင်္ကြန်အကြတ်နေ့
မနက်ခင်းမိုးလင်းလာတာနဲ့ သတိထားဖြစ်တာက ရာသီဥတု အခြေအနေပါ။ မိုးတွေအုံ့ပြီး မိုးပေါက်လေးတွေ အနည်းငယ် ကျနေပါတယ်။ အေးမြမြရှိလှတာမို့ မနေ့ကထက်စာရင်တော့ နေလို့ ထိုင်လို့ကောင်းနေသလိုပါ။ တဆက်တည်းမှာဘဲ တူတော်မောင်ရဲ့ ငြီးချင်းကို ကြားလိုက်ရပါတော့တယ်။ သင်္ကြန်လည်မှာမို့ သူငယ်ချင်းတွေနဲ့ ချိန်းဆိုထားကျကာမှ မိုးက ဖြတ်တော့မှာမို့ လူငယ်ပီပီ စိတ်တိုနေဟန်ရှိပါတယ်။ ကျမလည်း တူတော်မောင်ကို ဖျောင်းဖျရင်း သင်္ကြန်မိုး သီချင်းလေးကို ညီးဖြစ်ပါတော့တယ်။
ပွဲဖျက်တဲ့မိုးလို မပြောကျရအောင် သင်္ကြန်မိုးလေးရယ် စိုရုံ ဖြန်းပတ်အုံး။ စာသားကော သီဆိုသူကော ကျမ အင်မတန်ကြိုက်နှစ်သက်တဲ့ သီချင်းဖြစ်ပါတယ်။ ပြီးတော့ ဒေါ်မေသန်းနု အကယ်ဒမီ ရခဲ့တဲ့ သင်္ကြန်မိုး ဇာတ်ကား။ မြန်မာ့ ရုပ်မြင်သံကြားက လွှင့်တိုင်း ခဏ ခဏ ပြန်ကြည့်ဖြစ်တဲ့ ဇာတ်ကားပါ။ သင်္ကြန်တွင်း မိုးရွာတော့ အဖျက်မိုးလို့ လူတွေက ပြောကျပါတယ်။ ဒါပေမဲ့ အဖူးအငုံလေးဘဝနဲ့ ရာသီမိုးကို စောင့်မျှော်နေကျတဲ့ ပန်းပိတောက်တွေအတွက်တော့ မိုးရွာမှ ငုံရာကနေ ပွင့်လန်းနိုင်ကျမှာပါ။ ပိတောက်မပွင့်တော့လည်း မပွင့်လို့ မိုးရွာတော့လည်း ရွာလို့။ လူ့အလို မိုးမလိုက်နိုင်ပေစွ။
credit image source
ဒေါက်တာထွန်းလွင်ရဲ့ ကြိုတင်ခန့်မှန်းချက် မှန်တယ် ပြောရမှာပါဘဲ။ သင်္ကြန်မှာ မိုးရွာမယ်လို့ ကြိုတင် သတိပေးပြီးသားပါ။ မိုးလေးတဖွဲဖွဲနဲ့ အေးမြမြရာသီဥတုလေးဟာ အခုလို နွေရာသီကာလမှာ နေလို့ထိုင်လို့ ကောင်းတာမို့ ကျမတော့ ကျေနပ်နေမိပါတယ်။ နောက်တစ်ချက်က သင်္ကြန်လည်မဲ့ သူတွေလည်း စိတ်လွတ်ကိုယ်လွတ်ကဲဖို့ ရာသီဥတုက အခြေအနေမပေးတာကြောင့် အိမ်ထဲမှာဘဲ ထိန်းထိန်းသိမ်းသိမ်းရှိနေကျပါတယ်။ ကျမရဲ့ သင်္ကြန်မိုး သီချင်းလေးတောင် မဆုံးသေးပါဘူး။ သင်္ကြန်မိုးက ဝေါကနဲ ရွာချလိုက်ပါတော့တယ်ရှင်။
@suhlaing
msc 175
credit google image
ရေရေလေးရွဲကုန်ပီသင်္ကြန်မိုးပြေးရေ...
စိုရုံကို မကဘူးအေ မိုးတွေ ချိမ်းပြီး ရွာချတာ
ရန်ကုန်မှာတော့ရွာဘူးရှင့်။
မရွာရင် လည်လို့ ရတာပေါ့ကွယ်
မကြီးရေ credit google image ဆိုတာလေးတွေ အဲ့လိုမထည့်တော့နဲ့ဗျ steemit က အဲ့လို google တို့ facebook တို့ကို credit ပေးတာနည်းလမ်းမမှန်ပါဘူးတဲ့။ ပုံကိုယူသုံးတာက သုံးလို့ရပါတယ်။ credit ပေးနည်းသိချင်ရင် ကိုစောရေးထားတဲ့ ဆောင်းပါးကို ဒီမှာနှိပ်ပါ ပြီးဖတ်ကြည့်ပါနော်။ နည်းမှန်လမ်းမှန်ဖြစ်စေချင်လို့နော် မကြီး။
လမ်းညွှန်ပေးတာ ကျေးဇူးပါ ကထွေးရေ စမ်းလုပ်ကြည့်အုံးမယ် အမှားသိတော့ အမှန်ပြင်ပြီလေကွယ်
You got a 24.61% upvote from @minnowvotes courtesy of @suhlaing!
thanks
ကျနော်တို့ဘက်တော့ ရွာသေးဘူး
အမတို့ဆီတော့ မိုးများတယ် တနေ့လုံးလည်း မိုးအုံ့နေရော
You got a 21.02% upvote from @minnowfairy!