Happy Mother's Day

in #myanmar7 years ago

download.jpeg
ဒီနေ့အမေနေ့
စာတစ်တန်ပေမချီလည်း
ကာရံတွေသီခဲ့တာ
နာရီမှန်သရွေ့သားအတွက်
အမေနေ့တွေပါပဲအမေ။

ခေတ်မမှီပုံမဆန်းပေမဲ့
အမေ့အပြုံးပန်းတွေက
လေသင့်တိုင်းမွှေး
စံပယ်လေးတွေတောင်
လိုက်မမှီပါဘူးအမေ။

သားမွေးသည့်နေမှယခုတိုင်
မယိမ်းယိုင်တဲ့ချစ်ခြင်းနဲ့
ပေးဆပ်ခြင်းအနန္တ
တုပြိုင်မရတာမို့
သူတို့ပြောတဲ့ မြင်းမိုရ်တောင်ဆိုတာ
အမေ့ဂုဏ်နဲ့နှိုင်း
ကျောက်ရိုင်းတစ်လုံးပမာဏသာရှိပါတယ် အမေ ....

@steemitarrman

Photo Credit; Google Image