RIP Aung Yell Htwe 😢
သစ်လုပ်ငန်းရှင် ခရိုနီကြီးဦးခင်မောင်လေးရဲ့ သားများနဲ့ သူငယ်ချင်းတွေ ရန်ငြိုးတွေကြောင့် အပြစ်မရှိဘဲ အသတ်ခံလိုက်ရတဲ့ ရဲထွေးအောင် (ခေါ်) အောင်ရဲထွေး
မင်းမဲ့စရိုက်ဆန်ပြီး အင်မတန်မှ မိုက်ရူးရဲဆန်လွန်းတဲ လုပ်ရပ်ပါ။
ရဲထွေးအောင် အသတ်မခံရခင် (၄)ညလောက်အလိုက ရဲထွေးအောင်အကို နေဇင်လတ် နဲ့ အခုပုံထဲက သန်းထွဋ်အောင် (ခေါ်) သားကြီး တို့ အဖွဲ့ နဲ့ Brave Bar မှာ မီးခြစ်ငှါးတဲ့ကိစ္စကနေ စဖြစ်တာပါ။
အဲ့ဒီနေ့က ရဲထွေးအောင်က Brave Bar ကို သူ့ရဲ့ချစ်သူရယ် , Funny ရိုက်တဲ့ ရဲရင့်ရယ် , သူ့အကိုဖြစ်သူ နေဇင်လတ်ရယ်
လေးယောက် အတူလာခဲ့ပါတယ်။ ထားပါ။ ပြသနာစဖြစ်တဲ့ အကြောင်းရင်း ပြန်ပြောပြပါ့မယ်။
ရဲထွေးအောင်အကိုဖြစ်သူ နေဇင်လတ်က တဖက်ဝိုင်းက သန်းထွဋ်အောင် (ခေါ်) သားကြီးဆီမှာ မီးခြစ်ရှိလားဆိုပြီး သွားငှါးပါတယ်။
သန်းထွဋ်အောင်(ခေါ်) သားကြီးက မူးမူးရူးရူးနဲ့ ``မရှိဘူး ... ရှိလည်း မငှါးနိုင်ဘူး´´လို့ ပြန်တုံ့ပြန်ပြောလိုက်ရာကနေ အချေအတင်
စကားများကြပြီး ပြသနာတွေဖြစ်ကြပါတယ်။ စကားများရာကနေ
နေဇင်လတ်ပခုံးကို သားကြီးက ဆောင့်တွန်းလိုက်ချိန်မှာ နေဇင်လတ်က နာရီချွတ်ပြီး နာရီနဲ့ တစ်ဖက်က သန်းထွဋ်အောင်(ခေါ်) သားကြီး ကို ပြန်ရိုက်ခဲ့ပါတယ်။ ပြသနာတွေတက်လာတော့ Bar က Security တွေနဲ့ တခြားဝိုင်းက အသိမိတ်ဆွေတွေ ဝင်ရှင်းပေးပေမယ့်လည်း ပြသနာက မပြီးသွားပါဘူး။ ဝင်ဆွဲတဲ့လူတွေနဲ့ သန်းထွဋ်အောင်(ခ) သားကြီး တို့အဖွဲ့နဲ့ ပြသနာတွေတက်ကြပါသေးတယ်။ အဲ့ဒီနေ့က သန်းထွဋ်အောင်(ခေါ်) သားကြီးက မကျေနပ်လို့ဆိုပြီး နေဇင်လတ် လိပ်စာကို ရိုရှမ်း ဆိုတဲ့လူဆီကနေ တောင်းပါတယ်။ ရိုရှမ်း ဆိုတာ ရဲထွေးအောင် အခုရိုက်နေတဲ့ ရုပ်ရှင်ကြီး (ဒိုင်ယာရီ ဇာတ်ကားရဲ့ ပရိုဂျူဆာ)ပါ။ သူလည်း အဲ့ဒီနေ့က ဝင်ဆွဲတဲ့သူတွေထဲမှာ ပါတယ်လို့ ယူဆရပါတယ်။ အဲ့ဒီ ရိုရှမ်းကို မေးလို့မရလို့ သားကြီးတို့အဖွဲ့က ရိုရှမ်းဆိုတဲ့ လူကိုပါ အဲ့ညကပဲ ဝိုင်းဝန်းထိုးကြိတ်ခဲ့ပါသေးတယ်။ ကိုယ်တွေ သိသလောက်ပြောရရင် အဲ့ညက အဆိုတော် ယုန်လေးတို့နဲ့လည်း ပြသနာ တက်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူတိုနဲ့တက်တဲ့ပြသနာက ရိုးရိုးပဲပြီးသွားပါတယ်။
အဲ့လိုတွေ ပြသနာတက်နေချိန်မှာ ရဲထွေးအောင်ဟာ Taxi ငှါးပြီး ပြန်သွားပါပြီ။ ဒီပြသနာတွေကို သူဘာမှ မသိခဲ့ပါဘူး။
New Year ညမှာ ရဲထွေးအောင်ဟာ သူ့အကိုအပေါ်ကို ငြိုးထားတဲ့ ခရိုနီသားတွေရဲ့ ရန်စလက်ကျန် တွေကြောင့် ပါတီကနေ ဆွဲထုတ်ခံရပြီး ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရတာပါ။ ။ သူ့ကိုရိုက်တဲ့သူတွေက အရင်ညက သူ့အကိုနဲ့ Brave Bar မှာ ငြိခဲ့တဲ့ သန်းထွဋ်အောင် (ခေါ်) သားကြီး , ကျော်ဇဲ , အောင်လေး , သားငယ် တို့အဖွဲ့ပဲဖြစ်ပါတယ်။ သူတို့က ရဲထွေးအောင်ကို ခေါ်ထုတ်ပြီး အဖွဲ့လိုက် ထိုးကြိတ်ကြတာပါ။ CCTV မှတ်တမ်းတွေရယ် ရဲတွေရထားတဲ့ ဓာတ်ပုံတွေရယ် ယှဉ်လိုက်ရင် သိပါလိမ့်မယ်။
အဆိုပါ 4 ယောက်က ဒီပြသနာမှာ လုံးဝသေချာတဲ့ လူသတ်တရားခံတွေပါ။
Club ရဲ့ CCTV တွေမှာ 6 ယောက်ဝိုင်းရိုက်နေတယ်ဆိုတာကလည်း မဟုတ်ပါဘူး။ ဆွဲတဲ့သူတွေရယ် လူရှုပ်နေတာတွေရယ်ကြောင့် လူအုပ်နဲ့ ဝိုင်းရိုက်တယ်လို့ထင်ရတာပါ။ ရိုက်တာတော့ လူအုပ်လိုက်ပါပဲ။ ဒါပေမယ့် အဲ့ဒီလေးကောင်ပါ။
အဲ့လို လူတစ်ယောက်ကို ရက်ရက်စက်စက်နဲ့ ကြက်ကလေး/ ငှက်ကလေးလို သတ်သွားတဲ့အဖွဲ့က သူတွေက
မွတ်စလင်ကုလား (၂) ယောက်
ဗမာ (၂) ယောက် စုစုပေါင်း (၄) ယောက်ပါ။
သူတို့တွေကိုအထင်မသေးပါနဲ့။
အကုန်လုံးက ခရိုနီသားသမီးတွေချည်းပါပဲ။
အရင်က စစ်အစိုးရလက်ထက်တုန်းက စစ်အစိုးရနဲ့တောင် ပတ်သတ်မှုကြီးတွေ အများကြီးရှိခဲ့ဘူးတဲ့ လူတွေချည်းပါပဲ။
အဲ့ထက်ပိုကောင်းတဲ့ Cover က သူတို့က ဖိုးလပြည့် သူငယ်ချင်းတွေဖြစ်နေတဲ့ အချက်ပါပဲ။ ရဲတွေကလည်း သူတို့ တရားခံဆိုတာကို သိပါတယ်။ ရဲထွေးအောင်ဆေးရုံတက်နေရတဲ့ မနက်ပိုင်းကထဲက ဓာတ်ပုံတွေ ရဲစခန်းမှာ ရထားပြီးသားပါ။ ဒါပေမယ့် ဖမ်းဆီးဖို့အတွက်ကျတော့ ဝေ့ဝိုက်နေတယ်လို့ သိရပါတယ်။
ဘာ့ကြောင့်လည်း ?
ဒီနိုင်ငံမှာ ဖိုးလပြည့်နဲ့ခင်ရင် လူတစ်ယောက်ကို ကြက်သတ်/ ငှက်သတ်သလို သတ်လို့ရပါသလား ?
သူတို့ကို ဒီအချိန်မှာ သွားရှာရင်တော့ တွေ့မယ်မထင်တော့ပါဘူး။
အကုန်လုံးက တိမ်းရှောင်ကုန်ပြီလို့ ယူဆရပါမယ်။ ဘာသတင်းအစနမှ မကြားရတော့ပါဘူး။
ဒါပေမယ့် ခုထိ သတင်းရသေးတာက သားငယ် ဆိုတဲ့တစ်ယောက် (ဓာတ်ပုံထဲတွင် ဘယ်ဘက်အခြမ်းတွင်ရပ်နေသောတစ်ယောက်) ကျန်ပါသေးတယ်။
သူ့ကိုဖမ်းပီး ခေါ်စစ်ရင် အကုန်သိရမယ်လို့ ထင်ပါတယ်။
တရားခံတွေ အားလုံးကို
Photo တွေနဲ့တစ်ကွ တင်ပေးလိုက်ပါတယ်။
မတရား အသတ်ခံလိုက်ရတဲ့ လူသတ်တရားခံတွေကိုလည်း
ပြည်သူ့ရဲ တွေအနေနဲ့ မိအောင်ဖမ်းစေချင်ပါတယ်။ အဲ့နေ့ကလည်း ခရိုနီ ဦးခင်မောင်လေးရဲ့အိမ်ကို သွားရှာတယ်လို့် သိရပါတယ်။ ဒါပေမယ့် သူတို့ကိုပဲ မတွေ့ခဲ့တာပဲလား ... အိမ်ထဲဝင်ပီး အရှာမခံခိုင်းတာကြောင့်ပဲလား ဘာကြောင့်မှန်းမသိဘဲ ဒီတိုင်း ပြန်လာခဲ့ကြတာလည်း သိပါတယ်။ ပြည်သူ့ရဲကို ပြည်သူတွေ အယုံကြည်မဲ့သွားမယ့် ဖြစ်ရပ်မျိုးတော့ မလုပ်လောက်ဘူးလို့ ယုံကြည်ထားပါတယ်။
စခန်းမှာလည်း တိကျတဲ့ information ရှိနေတာတောင်
မဖမ်းနိုင်ဘူးဆိုရင် မြန်မာနိုင်ငံမှာနေရတဲ့ ကျွန်တော်တို့ လူလတ်တန်းစားတွေရဲ့ ဘဝဟာ အရမ်းကို လုံခြုံမှု အားနည်းနေပါပြီ။
CREDIT
မှတ်ချက် - သတင်းအမှန်ဖြစ်ရန် 95%(op's opinion)
စိတ်မကောင်းပါဘူး ကိုတေ idol ကြီးပါ သူ့video လေးတွေကြည့်ပီး စိတ်ညစ်စရာတွေ ဖြေဖျောက်ခဲ့ရဖူးပါတယ်
ဟုတ်တယ်ဗျာ
မသမှာသူတွေကြောင့်ပေါ့