အိပ်မက်
သက္ကရာဇ်ဟာ ရထားတစ်စင်းဆိုရင်
ငါတို့ချစ်ခြင်းဟာ ဘူတာရုံလေးပေါ့
ရထားတွေဖြတ်သန်းချိန်တိုင်း
ငါ့ပခုံးရိုင်းလေးကို မင်းမှီထားပါ
လမင်းပြာပြာကို အတူငေးရင်း
ငါက ကဗျာတွေရေးမယ်
မင်းနဖူးလေးဟာ ညမွှေးပန်းရနံ့သင်းပျံ့နေမလား....။
ငါသိတယ်...ငါသိတယ်
မင်းနှုတ်ဖျားက ငါ့ကဗျာတွေပျံသန်းတဲ့အချိန်
နှင်းဆီပန်းတွေ ညကြီးမင်းကြီးပွင့်ရ
လိပ်ပြာတွေ စိတ်ဆိုးကြလိမ့်မယ်
ဒါပေမယ့်ကွယ်....
ရထားသံတွေဆူညံလွန်းတယ်
ပျော်အောင်အိပ်တတ်ဖို့တော့လိုလိမ့်မယ်။
#MSU-025
Photo crd-google
👍👍
👍👍👍👍👍