Wars of the Three World
Wars of the Three World.
Season.(1)
အပိုင်း(၃)
ပျောက်ကွယ်သွားသောညတည
နေရာ။ ။မြန်မာနိုင်ငံရှိ ကချင်ပြည်နယ် ဝေးလံခေါင်ဖျားသောရွာတစ်ရွာ။
"ပဲအဲအဲ.."ဟူသောအသံကြောင့် စောဗထူးတယောက် လင့်စင့်ပေါ်မှ မှေးနေစဉ်. ချက်ချင်းနိုးကြွားသွားသည်။ "ဒီကျားကိုငါမိအောင်ဖမ်းရမယ်.. ငါတို့ရွာထဲကို ဒီကောင်ကြက်ဆွဲဝက်ဆွဲနေတာကြာပီ "ဟုစိတ်ထဲမှတွေးတောမိသည်။ ဒီကျားကိုဘယ်လိုမှဖမ်းစီးလို့မရ.. ၊ထောင်ခြောက်မှန်သမျှက လွတ်မြောက်သည့် §ဖျက်ပါဖျက်ဆီးသွားသည်။ ထူးခြားသည်ကား အဝင်သာတွေ့၍အထွက်ကိုလူံးဝမတွေ့။ ရွာက နတ်ဆရာကတော့ ဒါဟာ နတ်ကျားမဟုတ်၊လူကကျားအဖြစ်ပြောင်းလဲနိုင်စွမ်းရှိတဲ့ လူတယောက်၊ ဒါမှမဟုတ် ကျားကနေ သတ်ဖူးတဲ့လူအဖြစ်ပြောင်းလဲနိုင်စွမ်းရှိသည့်မိစ္ဆာဟုဆိုသည်။ ရွာက ခေါင်သီးတော့ တစိမ်းဟူ၍မရှိ။ တဘောင်စကားအများအရ..မိစ္ဆာဖြစ်ခဲ့ရင် ခေါင်းဖြတ်သတ်မှသာသေသည်။
စောဗထူးက ဒါမျိုးအယုံအကြည်မရှိ။သူသိသည်ကား ကျားသည်ကျားပင်၊ကြက် ဝက်များကိုစားမည်၊ နောက်လူကိုပါစားမည်။ ဒါမျိုးတော့အဖြစ်မခံနိုင်ပေ။ လပြည့်နေ့ဖြစ်သဖြင့် ပတ်ဝန်းကျင်သည် ထင်ရှားလျက်ရှိသည်။ထိုကြောင့်အဝေးမှပင်.ကျားလာသည်ကိုမြင်တွေ့ရသည်။
ကျားသည် အဝေးမှာပင် လှုပ်လီလှုပ်လဲ့နှင့် သူထောင်ထားသည့် ဆိတ်ရှိရာသို့လာနေသည်။ ဆိတ်ခမျာ..ကျားနီးလာလေ..အော်လေရုန်းလေဖြစ်နေသည်။ စောဗထူးက လက်ထဲရှိဒူးလေးကိုအသင့်ပြင်ထားသည်။. ."ဟင်."...စောဗထူးအံသြ သွားသည်။ ကျားသည် လူကဲ့သို့ပင် မတ်တပ်ရပ်ကာ ဟိုကြည့်ဒီကြည့်လုပ်နေသောကြောင့်ပင်။ စောဗထူးအံသြချိန်မရ.၊ချက်ချင်းပင် ဒူးလေးဖြင့်လှမ်းပစ်လိုက်သည်။ ကျား၏ လက်ပြင်တွင်ဝင်မစိုက်ဘဲ့ ထိုမြှားကို ကျားက လက်ဖြင့်ဖမ်းလိုက်သည်။ ထိုနောက်ကျားသည် သူ၏ရှေ့သို့.... တန်းတန်းမတ်မတ်လာနေသည်။
...
..
.
ကိုဇော်နှင့် ကိုလင်းထက်တို့နစ်ယောက် ဆွေးနေနေကြသည်။
ကိုဇော်က "ဒီမိစ္ဆာတွေကိုဘယ်လိုဖမ်းပြီး ဂါထာတွေမန္တန်တွေဘယ်လိုတောင်းရမလဲ၊ တောင်းဖို့နေနေသာသာသူတို့နေရာတောင် ကျွန်တော်တို့မသ်ဘူး"ဟု ဆိုရင်း မေးကိုလက်နှစ်ဖက်ဖြစ်ထောက်ခါမေးလိုက်သည်။ ကိုလင်းထက် "ဒီကိစ္စအတွက်မပူပါနဲ့.. ငါတို့မှာနည်းလမ်းရှိတယ်"ဟုဆိုကာကုလားထိုင်ပေါ်သို့ထိုင်၍ "ငါကမ္ဘာတခုလုံးရဲ့တည်နေရာတွေမှာ ထူးခြားချက်တွေ၊အနက်ရောင်မှော်တန်ခိုးတွေသူံးတဲ့အခါ ဒါမှမဟုတ် မိစ္ဆာမှော်လက်ချက်နဲ့သေ သွားရင် အဲဒီနေရာတွေကိုအချက်ပြတယ်၊ တိတိကျကျပေါ့လေ"ဟုပြောရင်း လက်မအချင်းထိ၊လက်ညိုးအချင်းအထိထိလိုက်လျှင် ကမ္ဘာအသေးစားတခုပေါ်လာသည်။ လက်ကိုတဖြည်းဖြည်းခွာလိုက်ရာ..ကမ္ဘာအသေးစားသည်တဖြည်းဖြည်းကြီးလာသည်။ ကိုလင်းထက်က. "လတ်တလောဖြစ်ပျက်သည့်တည်နေရာကိုရှာဖွေပါ"ဟုဆိုလိုက်သောအခါ..ထိုကမ္ဘာလုံးတွင် အနီရောင်အစက်တခုပေါ်လာသည်။ "သတင်းအချက်အလက်ပေးပို့ပါ"ဟုဆိုလိုက်လျှင် ကမ္ဘာလူံးထံမှ.."မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ လူအနည်းစုနေသောနေရာ၊ စောဗထူး၊ ငရဲတံခါးဝမှလွတ်လာသောသတ္တဝါ.ကျားမိစ္ဆာ၊ အဆင့် F" ဟု အသံထွက်လာသည်။ ကိုဇော်က "ဘာလဲဗျ.အဆင့်F"က မေးလိုက်ရင် ကိုလင်းထက်.
"အော်..အင်း မင်းကိုပြောပြမယ်ဆိုတာလေ..ဘုရင်ကြီးစောမြတ်ထွန်းက လက်ရွေးစင်သူရဲကောင်းလေးယောက်လွှတ်လိုက်တယ်လေ.အဲဒီအထဲမှာ ငါရယ်သူရယ်က အတူတူလာတာ၊ ကျန်တဲ့နစ်ယောက်ကဘယ်ရောက်နေလဲတော့မသိဘူး၊ဆက်သွယ်လို့မရဘူး။ သူက သက်ရှိမဟုတ်ဘူး၊မင်းတို့အခေါ်AIပေါ့။ ဒါပေမယ့် အာ့ထက်အသိဥာဏ်ပိုရှိတယ်၊ ဘုရင်ကြီးစောမြတ်ထွန်းကိုယ်တိုင်ဖန်တီးခဲ့တာ။ သူရဲ့လုပ်ဆောင်ချက်ကအများကြီးဘဲ့..၊ ငါတို့ကမ္ဘာမှာသတ္တဝါတွေကို ကြမ်းတမ်းမှုကိုလိုက်ပီးအဆင့်ပေးတယ်၊ အဆင့်Aကအငယ်ဆူံး။ Sအဆင့်ကအမြင့်ဆုံး၊ အမျိုးအမည်မသတ်မှတ်ရသေးတာက Sထက်ကြမ်းတာဖြစ်နိုင်သလို Aထက်ငယ်တာလဲဖစ်နိုင်တယ်။ သူ့နာမည်ကတော့ God Of Eyesလို့အမည်ရတယ်၊ဒါကိုဘုရင်ကြီးစောမြတ်ထွန်းပေးခဲ့တာပါ"
ဟုရှင်းပြလိုက်သည်။ ထိုနောက်ကိုလင်းထက် "ငါတို့နစ်ယောက်ကိုဒီနေရာပို့ပေးနိုင်မလား"ဟုမေးလိုက်ရာ "Ok"ဟုဆိုပြီး ကမ္ဘာလူံးမှ ပေါ်တယ်ပုံစံအဖြစ်ပြောင်းလဲသွားသည်။ ကိုလင်းထက်နှင့် ကိုဇော်တို့..ထိုပေါ်တယ်အတွင်းသို့ဝင်သွားသည်နှင့်ပျောက်ကွယ်သွားသည်။
ပတ်ဝန်းကျင်ကိုကိုဇော်ကြည့်လိုက်တော့ ရွာတရွာထဲရောက်နေသည်။ ထိုရွာကလူတွေက ဝိုင်းပြီးကြည့်နေကြသည်။ သူတို့ပြောတာကိုနားမလည်ပေ၊ ဒါကြောင့် ကိုဇော်က "@$%11)(ဘာသာစကားတိုင်းနားလည်စေပြီး ပြောနိုင်သည့်ဂါထာ) ရွတ်လိုက်လျှင် တဖြည်းဖြည်းနားထဲတွင်ရှင်းလာသည်။ "နတ်ဘုရားတွေလားမသိဘူး၊ ရုတ်တရက်ပေါ်လာတယ်။.မဖြစ်ဖချဘူး နတ်ဆရာကိုသွားမေးရမယ်"ဟုသူတို့အချင်းချင်းပြောနေသည်။ ကိုဇော်ကို ကိုလင်းထက်က"ဟိုGod Of eyes ကငါတို့ကိုရွာလယ်ကိုပို့လိုက်တာနဲ့တူတယ်"ဟု.တီးတိုးလေးပြောလိုက်သည်။
နတ်ဆရာက "ကျွန်တော်တို့အကူအညီတောင်းတာကိုဖြေရှင်းဖို့လာတာလား"
ကိုလင်းထက်က "အမှန်ဘဲ့ဗျ။ ကျားမိစ္ဆာကို ရှင်းပစ်ဖို့ရောက်လာတာ၊ မရှင်းခင်လုပ်စရာရှိသေးတယ်"
နတ်ဆရာက "သင်တို့ဘာလုပ်လုပ်ဂရုမစိုက်ပါဘူး၊ အမြန်ဆုံးရှင်းပစ်ဖို့ ဆန္ဒပြုပါတယ်"
ကိုဇော်ကနားမလည်ဟန်ဖြင့် ကိုလင်းထက်ကို "သူတို့ကဘယ်လိုသိတာလဲဗျ၊ ၊ ကျွန်တ်ေတို့လာမယ်ဆိုတာ..."ဟုမေးလိုက်လျှင် ကိုလင်းထက်က ပြုံးကား "God of Eyes လက်ချက်ပေါ့ကွာ..သူရဲ့လုပ်ဆောင်ရချင်ထဲကတခုဘဲ့.လူအများကြီးတော့မရပေမယ့် အဲဒီနေရာမှာရှိတဲ့ အကြီးအကဲသြဇာကောင်းတဲ့သူတယောက်ကို အိပ်မက်လိုလိုလိုဘာလိုလိုပေးလိုက်တာပေါ့ကွာ..ငါ့ကိုလည်းအာ့လိုနည်းတမျိုးနဲ့ဆက်သွယ်ခဲ့တာ"ဟုပြောလိုက်လေသည်။
နတ်ဆရာအခန်းထဲကိုသွားကာ ကိုဇော်က "သိလိုတာတွေမေးလို့ရမလား"ဟုနတ်ဆရာကိုမေးလိုက်လျှင် နတ်ဆရာက "မေးပါ"ဟုခွင့်ပြုလိုက်သည်။ ကိုဇော်က ထိုင်ခုံမရှိသောကြောင့်မြေကြီးပေါ်ထိုင်ရင်း "စောဗထူးဆိုတာရှိလား"ဟူမေးလျှင် နတ်ဆရာက"ကျားမိစ္ဆာကိုဖမ်းဆိုပြီးထွက်သွားတာဘဲ့ဒါပေမယ့်ပြန်မလာတာနစ်လကျော်နေပီ"ဟုဆိုသည်။ ကိုဇော်က က်ုလင်းထက်ကိုလှည့်ကြည့်ကာ "ရှာရမလား၊မျှားခေါ်ရမလား"ဟုမေးလျှင် ကိုလင်းထက်က ပခုံးတွန့်ပြပီး "ရှာရင်ကို့ဖက်ကတပန်းရှုံးတယ်၊ မျှားခေါ်တာပိုကောင်းတယ်၊ သူရဲ့အားနည်းချက်ကခေါင်းဖြတ်သတ်ဖို့ဘဲ့ပါတယ်။ ဖမ့းပီးမေးမြန်းဖို့အချိန်မရှိဘူး"ဟုဆိုလိုက်သည်။ထိုစဉ် နတ်ဆရာက "စကားဖြတ်ပြောရတာစိတ်မကောင်းပါဘူး၊ ပြောစရာရှိတယ်၊ တဘောင်နမိတ်စကားတွေအရ. ဖမ်းဖို့လုပ်ဖူးပါတယ်၊ ဒါပေမယ့်မိတာမရှိဘဲ့သူကဖျက်ဆီးသွားတာချည်းဘဲ့။ ဒါကနောက်ဆုံးကျန်တဲ့ဆေးမှုန့်တွေဘဲ့။.ဒီဆေးမှုန့်တွေထွက်တဲ့နေရာကိုလည်းကျားမိစ္ဆာကဖျက်ဆီးလိုက်လို့ဒီနေရာမှာမရှိတော့ဘူး"ဟုဆိုသည်။ ကိုလင်းထက်နှင့်ကိုဇော်တို့ တယောက်မျက်နာတယောက်ကြည့်ပြီးပြူံးလိုက်သည်။
ထိုနေ့ကား လပြည့်ညဖြစ်သည်။.ကျားမိစ္ဆာအဖို့အစွမ်းဆုံးအချိန်ဟုလည်းဆိုနိုင်သည်။ ကျားမိစ္ဆာသည် လှုပ်လီလှုပ်လဲ့ဖြင့်ထိုရွာသို့တဖန်ပြန်ရောက်လာသည်။ ရွာသားအားလူံးကိုနတ်ဆရာကတစ်စုတည်းထားစေသဖြင့် အိမ်တိုင်းတွင်လူတယောက်မှမရှိပေ။ ကျားမိစ္ဆာသည် မသင်္ကာဟန်ဖြင့် လျှောက်လတ်ပတ်ကြည့်နေသည်။ ထိုစဉ်ကျွဲ ကြီးတကောင်သည်..ထိုကျားမိစ္ဆာရှိရာသို့ နှုာမှုတ်ဟာတရှိန်ထိုးပြေးလာသည်။ ကျားမိစ္ဆာသည် သူ့နားအရောက် ကျားခန္ဓာကိုယ်နှငိ့လူပုံစံဖြစ်ကာ နောက်ကျွမ်းပစ်ရှောင်လိုက်သည်။ ထိုနောက်ကျွဲခေါင်းကိုမြေကြီးပေါ်ပြန်မကျခင်လေပေါ်မှာတင် ရိုက်ချလိုက်လေရာ၊ ကျွဲခေါင်းမှာအစိပ်စိပ်အမြွာမြွာဖြစ်ကာ ရွံစေးများဖြစ်ကုန်သည်။ ထိုရွံများသည်.ကျားမိစ္ဆာ၏ခန္ဓာကိုယ်ပေါ်သ်ု့တတ်ကုန်သည်။ကျားမိစ္ဆာတကိုယ်လုံးဖူံးလွမ်းသွားသောအခါ လှုပ်လို့မရတော့ပေ။ ထိုအခါ ကျားမိစ္ဆာသည် တဖြည်းဖြည်းလူပူံစံဖြစ်လာသည်။
ရွာသားများဝိုင်းဝန်းကြည့်သောအခါ...စောဗထူးဖြစ်နေသည်။ သို့သော်အသက်ကားမရှိတော့ပေ။ "ဟားဟား...ငါ့ကိုဒီလိုဖမ်းလို့ဘယ်ရမလဲ..စောဗထူးတောင်ဘငါ့လက်ချက်နဲ့သေသွားပြီ၊ အစကတော့တနေ့တယောက်သတ်ဖို့စိတ်ကူးပေမယ့်ဒီနေ့တော့ အကုန်သတ်ပစ်မယ်."ဟုကြိမ်းဝါးသံကြီးကိုကြားလိုက်ရသဖြင့်ရွာသားများအားလူံးဒူးချင်းရိုက်ကုန်ကြလေသည်။
စောဗထူး.သည်"ဟိုက်.ငါ့မြှားကိုဖမ်းနိုင်သဟ..မဖြစ်ဘူး"ဟူရေရွတ်ရင်း.အကျီင်္အဝတ်အစားအားလုံးချွတ်ပစ်လိုက်သည်။ ထိုနောက် လင့်စင်ပေါ်မှ နောက်ကျွမ်းပစ်ပီးမြေပေါ်ပြန်ကျသောအခါ ၉တောင်ကျားဖြစ်သွားသည်။ ထိုလာနေသောကျားမိစ္ဆာသည် တချက်တွေခနဲဖစ်ပီူနောက် ကျားခန္ဓာကိုယ်နှင့်လူပုံစံဖြစ်သွားသည်။ ထိုနောက်ကျားခန္ဓာကိုယ်နှင့် သမန်းကျားတိုက်ပွဲပြင်းထန်စွာဖြစ်လေသည်။ ရက်သတ္တပတ်များစွာကြာသောအခါသမန်းကျားဖြစ်သောစောဗထူးမှာလူပြန်ပြောင်းလို့မရအောင်ပင်စိတ်ရိုင်းဝင်နေသည်၊ လူပြန်ပြောင်းလည်းအသတ်ခံရဖို့များသည်ကိုး..။.ထိုနောင်လူ့ဘဝကိုစွန့်လွတ်ကာ ကျားခန္ဓာကိုယ်လူပုံစံကို အသေအကြေတိုက်ရာနောက်ဆုံး ကျားခန္ဓာကိုယ်နှင့်လူပုံစံ၏ လက်သီးနှင့်လည်မြိုကိုထိုးလိုက်ရာ..သေဆူံးသွားလေတော့သည်။
"sorryဘဲ့တားလေး.မင်းဘယ်မှာလဲဆိုတာငါသိတယ်"ဟုကိုဇော်ကပြောရရင်း မှောမန္တန်တခုကိုရွတ်လိုက်ရာ.ကျားမိစ္ဆာသည် ချက်ချင်းပင်ကို့ဇော်ရှေ့သို့ရောက်ကာ."မင်းအဆင့်နဲ့ဖမ်းချင်သေးတယ်"ဟုဆိုပြီး လက်သည်းနှင့်အခြစ်..လှုပ်မရဘဲ့ရသွားလေသည်။ "ငါဘာဖြစ်သွားတာလဲဟ"ဟုကျားမိစ္ဆာတွေးနေစဉ်..ကိုလင်းထက်က "ငါ့တို့မှာဒီးဆေးမှုန့်ရှိသေးတယ်လေ၊မင်းပေါ်လိုက်ပျောက်လိုက်လုပ်မယ့်နေရာက်ုတွက်ချက်ပြီး.ဆေးမှုန့်လေးဝိုင်းထားတာ၊ လှုပ်လို့ကိုရမယ်မထင်"ဟု.လှောင်ပြူံးပြူံးလိုက်သည်။ "ကဲကိုဇော်ရေလုပ်စရာရှိတာလုပ်တော့"ဟူဆိုလိုက်သောအခါ ကိုဇော်က ထိုကျားမိစ္ဆာ၏ခေါင်းကိုကိုင်ပြီးမန္တန်တခုရွတ်ပြီးခေါင်းမှတခုခုဆွဲထုတ်လိုက်သောအခါ..ဝိညာဉ်ပေါင်းများစွာလွတ်ထွက်သွားပြီး.နောက်ဆူံးတွင် မန္တန်စာတလုံးအဖြူရောင်အငွေ့အဖြစ်ထွက်ပေါ်လာသည်။ ထိုနောက်ကိုဇော်က ထိုစာလုံးကို စိုက်ကြည့်သောအခါ.ထိုမန္တာန်စာလုံးသည်.ကိုဇော့်အတွင်းဝင်ရောက်ကာပျောက်သွားလေသည်။ ကိုလင်းထက်က ကျားမိစ္ဆာကို ခေါင်းဖြတ်လိုက်ပြီး မြေမြှုပ်လိုက်လေသည်း။
စခန်းပြန်ရောက်တော့ ကိုဇော့်ကို ကိုလင်းထက်က "မင်းထဲကနေလည်း ဆွဲထုတ်မခံစေနဲ့နော်..အခုငါဘုရင်ကြီးစောမြတ်ထွန်းက်ူသတင်းပေးလိုက်ဦးမယ်"ဟုပြောလိုက်သည်။ ကိုဇော်က "ဒါပထမဆုံး.ကျားမိစ္ဆာကိုဖမ်းတာဒီလောက်လွယ်ကူမယ်လို့မထင်ဘူး..."ဟုပျော်မြူးသည့်အသံဖြင့်ပြောလေရာ..ကိုလင်းထက် "ဒါကကျားမိစ္ဆာအစစ်မဟုတ်သေးဘူး..တကယ့်အစစ်က သေသွားပြီ၊မျိုးဆက်လက်ဆင့်ကမ်းတာမျိုးပေါ့။.သူရဲ့စွမ်းအားအစစ်အမှန်ကိုသေချာသိရင်ငါတို့အတွက်အရမ်းခက်ခဲလိမ့်မယ်..ဒီလောက်နဲ့ရတာတော်သေးတာပေါ့"ဟုဆိုလိုက်သည်။
"ဘုရင်ကြီးစောမြတ်ထွန်း ကျွန်တော်တို့အကျဉ်းထောင်အဖောက်ခံရတယ်.."ဟုဗိုလ်ချုပ်တစ်ဦးလာပြောသည်။ ဘုရင်ကြီးစောမြတ်ထွန်းက လိုက်ကြည့်သောအခါ လူပုံစံမိစ္ဆာမရှိတော့ပေ။ ဘုရင်ကြီးစောမြတ်ထွန်းက "ငါတို့အကာအကွယ်တွေအများကြီးလိုတယ်..ငါ့အထင်တော့ ငါတို့စခန်းကို လာလေ့တာဖြစ်ဖို့များတယ်၊ ဒါကြောင့်ငါ ပုံစံတုလုပ်ခဲ့တာတော်သေးတာပေါ့"ဟုတီးတိုးရေရွတ်လိုက်သတည်း။
msc 088
Smt:
https://m.facebook.com/story.php?story_fbid=394037117788275&id=100015459700683