ဥာဏ်ကောင်းအောင်ဗုဒ္ဓဘာသာဘုရားဟောနည်းအရဆောင်ရွက်ခြင်း။
ဥာဏ်ကောင်းအောင်ဗုဒ္ဓဘာသာဘုရားဟောနည်းအရဆောင်ရွက်ခြင်း။
ကျွန်တော်တို့တွေဟာ မေ့တတ်ပါတယ်။ ဘာကြောင့်မေ့တတ်တာလဲ၊ ဘယ်လိုလူမျိုးတွေကမေ့လွယ်ပြီး ဘယ်လိုလူမျိုးတွေက သတိရလွယ်တာလဲ။ ဒီအချက်ကိုကျွန်တော်တို့အဖြေရှာကြည့်ကြပါစို့.။
မမေ့အောင်လုပ်တဲ့နည်းလမ်းများစွာရှိတယ်။ ဒီထဲကဗုဒ္ဓအလိုအရမမေ့အောင်လုပ်တဲ့နည်းလမ်းကိုရှင်းပြချင်ပါတယ်။ အခုလောလောဆယ်တော့ မမေ့အောင်လုပ်တဲ့ သိပ္ပံနည်းကျပြုစုထားတာကို တချက်လေ့လာကြည့်ရအောင်။
အဓိကက ဆယ်တန်းကျောင်းသားကျောင်းသူတွေကိုရည်ရွယ်ပါတယ်။ လူတွေက လက်တွေ့ ၉၀ရာခိုင်နုန်း စာတွေ့ ၅၀ရာခိုင်နုန်း အနံ့က ၉၈ရာခိုင်နုန်းထိမှတိမိပါတယ်။ စာတခုကိုကျက်တော့မယ်ဆိုရင် လက်တွေ့အတွေ့အကြုံဖြစ်အောင် လက်ဟန်ခြေဟန်ဖြစ်ဖြစ် တခြားပတ်ဝန်းကျင်ကိုဖြစ်ဖြစ်တွဲမှတ်ရပါမယ်။
သင်ပြီးပြွးပြန်လေ့ကျင့် တပတ်ကြာရင်ပြန်ကျိင့် တလကြာပြန်ကျင့်ရင်လည်းမှတိမိပါတယ်။ အလွတ်ကျက်တာထက် သဘောပေါက်နားလည်ဖို့အဓိကဆိုတာတော့မမေ့သင့်ပါဘူး။
အခု ဗုဒ္ဓဘုရားရှင်ဟောထားတဲ့ မှတိမိစေဥာဏ်ကောင်းစေတဲ့နည်းကိုပြောပြပါမယ်။ အရှင်နန္ဒာမာလာဘိဝံသဆီကနေရခဲ့တာဖြစ်ပါတယ်။ နီဝရဏငါးပါးကိုရှောင်ရင်ရပီ။
အာ့တာတွေကတော့
၁ လိုချင်တပ်မက်ပြင်းထန်စွာနဲ့မကျက်နဲ့။
၂ လိုချင်တာကိုမရတဲ့အခါ ဒေါသပျာပါဒမဖြစ်နဲ့။
၃ စိတ်လန်းဆနိးတတ်ကြွမှုမရှိဘဲ့ ညစ်ညူးတဲ့စိတ်နဲ့မကျက်နဲ့။
၎။စိတ်ပျံ့လွင့်စိတ်ကုးယဉ်ပီးမကျက်နဲ့။
၅။ဆုံးဖြတ်နိုင်စွမ်းတွေဝေမှုမရှိပါစေနဲ့။
၁။ လိုချင်တာကို တပ်မက်ပြင်းထန်စွာမကျက်နဲ့။
ဒါကတော့မေးမှာ..ဟာ.လိုချင်တဲ့စိတ်နဲ့ကျက်မှရမာပေါ့။ ဒါပေမယ့် အရမ်းလိုချင်လွန်းရင်မရဘူး။ ကိုကမှတ်မိစေချင်မှတိမိစေချင်တယိဆိုပေမယ့် မေ့ခဲ့တာအများကြီးပါဘဲ့။ ဒါဆိုဘယ်လိုကျက်ရမလဲ..စာကျက်ရင်ပြင်းထန်တဲ့ရလိုစိတ်မဖြစ်စေဘဲ့ကျက်ပါ။ တကယ်လို့မရမနေကျက်တဲ့စိတိဖြစ်လာရင်..ဒါဟာမမြဲပါလားသဘောကိုဆင်ခြင်လိုက်ပါ။
၂။ လိုချင်တာကိုမရလို့ ဖြစ်တဲ့ဗျာပါဒဒေါသမဖြစ်ပါနဲ့။
ကို့ကိုသင်ပေးတဲ့ဆရာကိုဒေါသမထွက်ပါနဲ့ ဘာတွေသင်နေမှန်းမသိဘူးရှုတ်တယ်။ စောင်ပုံကိုမလာတာဆိုပြီးမပြစ်မှားပါနဲ့။ ငါဒီလောက်ကျက်တာဘာကြောင့်မရသေးတာလဲ.တွေးပြီးဒေါသမထွက်ပါနဲ့။ သူများတွေကနားလည်ပေမယ့်ငါကဘာကြောင့်နားမလည်တာလည်းဆိုပြီးကို့ဟာကိုဒေါသမထွက်ပါနဲ့။
ဘယ်လိုလုပ်ရမလဲဆိုတော့ မေတ္တာတရားနဲ့ယှဉ်ပြီးသာနေပါ။ ကို့ဟာကိုအရင်တော့မေတ္တာ§ားပေါ့။
၃။စိတ်လန်းဆန်းတတ်ကြွမှုမရှိဘဲ့ ညစ်ညူးတ့ဧစိတ်နဲ့မကျက်နဲ့။
ဘာလိုမျိုးလဲဆိုတော့ ကျက်သာကျက်တယ် ဘာတွေမှန်းကိုမသိဘူး၊ အိပ်လဲအိပ်ချင်တယ်.စိတ်ကိုမပါဘူး၊ အာ့လိုမျိုးစိတ်ပေါ့။ အာလိုစိတ်တွေပျောက်အောင် စိတ်ကိုအရင်အပန်းဖြေပေးရမယ်။ ခန္ဓာကိုယ်ကိုအနားပေးရမယ်။ အိပ်ချင်တဲ့စိတ်ဖြစ်လာရင် နားရွက်ကိုဆွဲ။ နားရွက်က်ုဆွဲတာမရသေးရင် မျက်နာသစ်ာ မျက်နာသစ်လို့မှ အိပ်ချင်သေးရင် လမ်းထလျှောက်၊ လမ်းထလျှောက်လို့မှ အိပ်ချင်သေးရင် တန်းပြီးသာအိပ်တော့တဲ့။
၎စိတ်ပျံလွင့်ပြီးမကျက်နဲ့ဆိုတာ လူကပါးစပ်ကသာကျက်နေတာ စိတ်က တခြားမှာ. အတွေးကမ္ဘာထဲမှာပေါ့။ အာ့လ်ုဖြစ်ရင် တရားငါးမိနစ်လောက် အာနာပါန ထွက်လေဝင်လေလုပ်ပါ။
၅ ဒ§ွိဟဆုံးဖြတ်ရခက်ခဲရင်တော့. ကို့ထက်နားလည်တဲ့သူသိတဲ့သူကိုမေးပါတဲ့ာ သဘောမပေါက်နားမလည်ဘဲ့ဇွတ်မကျက်နဲ့. မှတ်မိမှာမဟုတ်ဘူး၊ လမ်းလွှဲဖို့များတယ်။အထက်ကဆိုခဲ့အတိုင်း ဆရာတွေရှင်းပြတာနားမလည်လို့ကွကိုယ်ကျက်မယ်မလုပ်နဲ့ ထပ်ရှင်းပြခိုင်း၊ သဘောပေါက်နားလည်လာတဲ့အထိပေါ့။ ဒါဆိုရင်ရပီ။
ဒါကဘုရားဟောတဲ့ ဥာဏ်ကောင်းအောင်လုပ်ဆောင်နည်းပါဘဲ့။ အသေးစိတ်ဘာသာတရားအကြောင်းကိုသိချင်ရင် ရှင်နန္ဒာမာလာဘိဝံသရေးတဲ့စာအုပ်တွေကိုရွှေမီးအိမ်ကဒေါင်းချင်ဒေါင်းမဒေါင်းချင်ရင်ဝယ်ဖတ်ပါ။
အလုပ်တာဝန်ကြီးလို့ စာရေးမဖြစ်တာဘဒိုတြို ခွင့်လွတ်ကြပါ။
@sawmyat
Msc088
Writer saw myat tun
Form myanmar
Photo me