လူသားစား ဦးတုတ်ကြီး (ဇာတ်သိမ်းပိုင်း)
နောက်တစ်နေ့သုံးရက်လောက်ကျန်လူငယ်လေးကို ဘာအစာမှမကျွေးပဲအငတ်ထားပြီး သုံးရက်လွန်မှလူသားတွေချကျွေးလေရဲ့.......လူငယ်လေးမှာ ငတ်ပျက်နေရတဲ့အတွက် သူလည်းလူသားစားတက်လာတာပေါ့.....တစ်ပတ်လောက်ကြာတော့ထုံးစံအတိုင်း ကျန်လူငယ်လေးတစ်ဦး ကိုပါ စားရန်ပြင်ဆင်တော့တယ်.....အရင်ဦးစွာ ရေနွေးအိုးကြီးကိုတည်ထားတယ် လူငယ်လေးရှေ့တွင် ကြိုးများ ကြပ်ထုတ်နေအောင်တုပ်နှောင်ထားတယ်......သီချင်းညည်းရင်း ဓါးသွေးရင်း.........
လူငယ်ကတော့သိနှင့် ပြီသူသတ်ခံရတော့မယ်ဆိုတာ...
လူငယ်လေးမှာ အကူညီမဲ့သေရတော့မည်ဖြစ်တယ်......ဦးတုတ်ကြီး သူနံဘေးရောက်လာလေပြီ......ဘာမပြောညာမပြော ပြုံးပြလျက် လူငယ်လေးရဲ့ ပေါင်ရင်းကိုခုတ်ဖြတ်လိုက်တော့တယ်........သွေးစိမ်းများပန်းထွက်လျက်......မချိမဆံ့ခံစားနေရရှာသောလူငယ်လေး....သေလုမြောပါးဝေဒနာကိုခံစားနေရမှာအသေချာပင် ပေါင်းရင်းကြီးပြတ်ထွက်သွားပြီး....ဦးတုတ်ကြီးက ပေါင်းနဲ့ခြေထောက်တွေကိုအပိုင်းပိုင်း အေးဆေးခုတ်ထစ်နေလေတော့တယ်......လူငယ်လေးကမသေသေး......
ခုတ်ထစ်ထားတဲ့ အသားတွေကိုရေနွေးအိုးထဲပစ်ထည့်လိုက်တော့တယ်.......လူငယ်လေးနားထပ်လာပြီး ဝမ်းဗိုက်ကြီးကို အစိမ်းလိုက်ခွဲချလိုက်တော့သည်....အူနှင့်ကလိစာများကိုအစိမ်းလိုက်ဆွဲထုတ်လိုက်တော့သည့် လူငယ်လေးမှာအသက်မထွက်နိုင်သေးပဲ သူ့အတွင်းကလိစာများကို မြင်ဖူးသွားတော့တယ်......မကြာပါစက္ကန့်ပိုင်းအတွင်းအသက်ပျောက်သွားတော့တယ်..ဦးတုတ်ကြီးကတော့ လူတစ်ယောက်လုံးသေသွားသော်လည်း ကြက်ငှက်လေး သေသွားသည့်အတိုင်းပင်........အေးဆေးသီချင်းညည်းမပျက် ခေါင်းဖြတ်ပြီး ဦးနှောက်တွေ ခပ်ထုတ်....လုပ်စရာရှိရာအဝဝကိုဆက်လုပ်နေတယ်.....အသားနဲ့ အရိုးကိုခွဲပြီးအရိုးတွေကို ရေနွေးထဲထည့်ပြုတ်ပြီး စွပ်ပြုတ်ဟင်းချို ချက်နေတော့တယ်......
ကုတင်ကြီးပေါ်မှာတော့ သွေးများအလိပ်လိပ်.......
မကြာမကြာ ကလေးနဲ့ လူငယ် အချို့ပျောက်တာတွေဖြစ်ပျက်နေတာကို လူအများစုသတိထားမိလာတာပေါ....
အစနပင်မတွေ့လိုက်ရအောင် ပျောက်ဆုံးနေကျဖြစ်နေတော့ အတော်ပင်ပဟေဠိဆန်ဆန်ဖြစ်နေတယ်.......
အဲခေတ်က မျက်နှာဖြူတွေအုပ်စိုးနေတော့ ဂတ်ရဲကိုတိုင်ကြားသော်လည်း မထိရောက်ခဲ့.......
နောက်ပိုင်းဦးတုတ်ကြီး နယ်တဝိုက် လူရှားပြီး လူသွားလူလာသိပ်မရှိတော့......ကာလအတော်တန်ကြာတော့...ဦးတုတ်ကြီးတစ်ယောက်ရိက္ခာပျက်လတ်လာတော့တယ်.......ဦးတုတ်ကြီးတစ်ယောက် ဇာတ်တူသားစားပြီး အရင်လို ခွန်အားတွေကမသန်မာတော့.......လူကချိပြီး ကိုရောင်ကိုဝါတွေကျပြီး မှုန်ကုတ်ကုတ်အသွင်ဖြစ်နေတော့တယ်......ဒီတစ်ခါတော့ လူသားစားရဖို့ကိုယ့်တိုင်ရှာတော့တာပေါ့........
သိပ်မရှာလိုက်ရပါဘူး ထန်းတောထဲမှာမူးပြီးမှောက်နေတဲ့ .......အရက်သမားသုံးယောက် ဦးတုတ်ကြီး ခုခေတ်ခေါ်ရင် ခန္ဓာကိုယ် အကိတ်ဆုံး သူကိုတစ်ကိုယ်လုံးကြိုးချည်ပြီး ဖျာတွင်းမှာလိပ်ပြီးသယ်ခဲ့တာပေါ့........
မူးမှောက်နေပုံများ သယ်သွားတာတောင်မသိရ.......
အရက်သမား သတိလညိလာတော့ ဦးတုတ်ကြီးအိမ်ထဲရောက်နေလေပြီ......ကြိုးတွေတုပ်နှောင်ထားလျက်....ပါးစပ်အတွင်းကလည်းနာကျင်နေတယ်......ဟာအရက်သမားသတိရသွားသည်သူစကားပြောမရ......သူ့လျှာမရှိတော့ ပါးစပ်မှာလည်းသွေးများစွာနဲ့.....
သူ့လျှာကိုဦးတုတ်ကြီးက စားနေလေပြီ......အရက်သမားယူကြုံးမရပုံစံနဲ့ လှုပ်ရှားလို့ပင်မရသောအခြေနေမျိုး.......ဟိဟိဟိဆိုပြီး အပြုံးကအေးအေးနဲ့ ဓါးကြီးလက်ကကိုင်ပြီး........သံပုရာသီး များလှီးလိုက်အရည်တွေပန်းကန်ထဲညှစ်ထည့်လိုက်အတော်တန်ကြာအောင်လုပ်နေတော့တယ်......
ခနအကြာတော့ အရက်သမား ခေါင်းဖက်မှာ သံပုရာသီးစိတ်နဲ့ခုနကညှစ်ထားတဲ့ အချည်ရည်ပန်းကန်လာချထားတယ်......ချချပြီးခြင်းပဲဘအရက်သမားဆံပင်အဖျားကို ဆွဲပြီး အပေါ်ပိုင်း ဦးခေါင်းခွံကိုဖြတ်ချလိုက်တော့တယ်.....ခံစားသူအဖို့မည်သို့နေသည်မသိ ဦးတုတ်ကြီးကတော့ သံဇွန်းကြီးနဲ့ လူဦးနှောက်ကြီးကို ခပ်ပြီးအချည်နဲ့တို့စားနေတော့တယ်......အရက်သမားအော်လည်းမအော်နိုင် တစ်ကိုယ်လုံးအကြောတွေတစ်ဆက်ဆက်တုန်ရင်း တုန်ရင်း သူ့ဦးနှောက်ကြီးစားဖောက်ပြီးစားခံနေရရင်း အသက်ပျောက်သွားပြီး..........
ဦးတုတ်ကြီးကလုပ်နေကျလုပ်မြဲ လူကိုအပိုင်းပိုင်း ခုတ်ထစ်ပြီး ငပိဆားနည်သည်ကနယ်.....နေကြပ်တင်ခြောက်လှန်းသည်ကလှန်းနဲ့ သူအတွက် ရိက္ခာ ဖူလုံသွားပြီ....
လိုအပ်တိုင်း လူကို ကိုယ်တိုင်ထွက်ရှာတက်လာတယ်....
မရရင်ရတဲ့ခွေး၊ကြက်စသည့် အသားငါးမှန်သမျှရအောင်ဖမ်းဆီးတက်လာတယ်.....
မကောင်းမှုမှန်သမျှကြာကြာတော့မရှည်နိုင်ပါ......
ဦးတုတ်ကြီး လူသားစား တယ်ဆိုတာကို လူအချို့သိပြီး
သူကိုယ်တိုင်ခနခနထွက်ရှာနေလေတော့......
ကြာတော့ သတိထားမိလာတာပေါ့........
အင်္ဂလိပ်စစ်သားနဲ့ မြန်မာပြည်သူတွေဝင်ရှာတော့..အလောင်းပေါင်း၂၀ကျော်လောက် အရိုးနဲ့ ဦးခေါင်းကိုရေတွက်ပြီး ဦးတုတ်ကြီးကိုစွဲချက်တင်ခဲ့တယ်.......
လူသတ်မှုသာမက လူသားစားတယ်ဆိုတာကိုသူကိုယ်တိုင်ဝန်ခံခဲ့တယ်......အဲအချို့ကတော့ဦးတုတ်ကြီးကို ကြိုးပေးသတ်ခဲ့တယ်လို့ပြောပေမဲ့......အချို့ကလဲဘအရှင်လတ်လတ်ထင်းပုံမှာချည်ပြီးမီးရှို့သတ်ခဲ့တယ်လို့ သိရပါတယ်.......
လူသားစားဦးတုတ်ကြီးပြီး၏
စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။စုံစမ်းသိရသောအကြောင်းအရာများကို စိတ်ကူးယောင်ဖြင့်ပေါင်းစပ်ပြီးတင်ဆက်ပေးထားသည့်ဖြစ်ပါကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ချင်းမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
လေးစားလျက်
MSC no.152
@saihack
Photo crd from Google
ငင့် အပေါ်စာပိုဒ် လေးငါးကြောင်းလောက်ပြီးတော့ကို တက်မဖက်ရဲတော့တာ ဆုံးတဲ့အထိ အံ့ကြိတ်ပြီးဖက်လိုက်တယ် လေးစားတယ်ဗျာ တစ်ကယ် သရဲခရေစီပဲ အရေးအသားတွေ အံ့ဝင်ဂွင်ကျ ဖြစ်အောင်ရေးနိုင်တာ နည်းတဲ့စကီမှမဟုတ်တာ
တော်သေးတယ်ကွယ် ဦးတုပ်ကြီးကတော့ ဇာတ်သိမ်းသွားလို့ နောက်ထပ်ဘယ်လို ဟာတွေများ ထပ်လာဦးမှာပါလိမ့်။
သူကိုလဲ အရှင်လက်လက်မီးရှို့ သတ်သင့်တာ
တော်သေးတယ်ဇာတ်သိမ်းသွားပြီတဲ့😅
ဘာမှမဟုတ်ဘူးကြောက်လို့အူတွေယားချက်ကိုဖတ်နေရင်းကိုကျောတွေချမ်းလာတယ်ဗျာ😩
လူသတ် ဇာတ်လမ်းလေး😁😁အားပေးလို့ကျေးဇူးဗျ
အဖြစ်မှန်တွေဆိုတော့ ကြောက်စရာဗျာ ပုံတွေကကိုလည်း ရှာတတ်တယ် ပြောတဲ့အတိုင်းဘဲ ကြည့်ပြီးရင်စားဝင်မှာမဟုတ်ဘူး
အာ့မလိုပြောတာစားသောက်ရင်းမဖက်နဲ့လို့😁😁
ကြောက်စရာကြီး😱😱😱😵😵
ဖတ်ရင်းနဲ့ရင်ထဲတစ်ထိတ်ထိတ်ဖြစ်
ကြုံရင်လူသားဝင်စားသွားပါအုန်းအကိုရေ😁😁
ဖြစ်ရပ်မှန် မမှန်တော့ မကြားမသိဘူးတော့ ယုံတယ်လို့ ပြောမရဘူး။
ပုံတွေနှင့်စာကို အံဝင်အောင် ရေးသွားတာတော့ ကောင်းတယ်။
ဒီလို ဖြစ်ရပ်မျိုး ထပ်မကြုံမတွေ့ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။
ကြောက်စရာကောင်းတာကိုး...
တော်သေးတာပေါ့ ဇာတ်သိမ်းသွားလို့ မဟုတ်ရင် နောက်ထပ် လူသေဦးမှာ
လူသတ်စားတာဆိုတော့စောစောဇာတ်သိမ်းလိုက်တယ်😁
မင်္ဂလာပါ ညီလေးရေ
မင်းရဲ့ blog ဟာ မနေ့မနက်ကတည်းက တင်ထားတာဆိုတော့
Pro နင်ပေးမှာက 2ရက်နေ့မှ ဆ်ုတော့ကာ မရဘဲ ဖြစ်သွားနိုင်တယ်နော်
နောက်ပြီး ညီလေးရေ reply ပြန်တယ် ဆိုတာ တစ်ဦးကို တစ်ဦး လေးစားမှု ပြတာပါပဲ
PROမရနိုင်တော့ဘူးပေါ့နော်အဲလိုဆို
ကြက်သီးတွေ တစ်ဖြန်းဖြန်းနဲ့ ဖတ်ရတာ တော်သေးတယ် နေ့လည်ဖြစ်နေလို့
ညဖက်ဆိုအသဲယားဖို့ကောင်းတယ်