" အချစ်နဲ့ငွေ "

in #myanmar6 years ago

IMG_20180114_201809.jpg
သမီးရှိတဲ့အဒေါ်ကြီး ပစ္စည်းမက်လို့ငွေကိုမင်
ခင်ချင်တယ်ဆိုတာထား ___
"သားရေ ထမင်းကော စားပြီးလား" တဲ့
ချိုလိုက်တဲ့စကားသံ ဟန်ပန်တွေက
အော်ကြော့လန်လောက်ပေရဲ့ ___
သူ့သမီးမိမာယာ မျှားချိတ်မှာအစာတပ်လို့
"ဟတ်လှည့်စမ်း ကိုလူပျို
ရွှေတိုငွေတိုသာ ပါမယ်ဆို အိုချင်လည်းအိုပလေ့စေပေါ့" တဲ့
မိန်းမတွေရဲ့သဘောထား မှတ်သားလောက်ပေရဲ့
ဆံဖြူ,သွားကျိုး,အရုပ်ဆိုးတဲ့ လူအိုတွေတောင်
ငွေဆောင်ရင် အကို,မောင်အဖြစ်
မြွေရေခွံလှန်ပစ်သလိုမျိုး ပြောင်းလဲပစ်နိုင်တာ
မိန်းမတွေရဲ့နှုတ်ဖျားက ချစ်စကားရယ်ပါ။
ကုန်ဈေးနှုံးနဲ့ ပုခုံးချင်းယှဉ်ပြီး
ကျဈေးထက် တက်ဈေးဘက်ကို
လိုက်နေတဲ့ခေတ်မှာ
အချစ်ဆိုတာ ဈေးချိုချိုနဲ့ရကောင်းပါရဲ့။
သူငယ်ချင်းရေ __
တကယ်တော့ မိန်းမနဲ့အချစ်ဆိုတာ
မင်းတို့ငါတို့ယောက်ျားတွေအတွက်
မှန်းဆရခက်တဲ့ သမုဒ္ဒရာ ပင်လယ်ပြာကြီးလိုပါ။
ဒီကမ္ဘာလောကကြီးမှာ သစ္စာ,မေတ္တာ,အကြင်နာတွေ
ပေါမှပေါပဲ သူငယ်ချင်း ___
ဒါပေမယ့် --
အချစ်ကမ္ဘာလေးတည်ဆောက်ချင်လျှင်တော့
ရွှေတိုငွေစ လေးတွေရှာထားမှဖြစ်မယ်နှော်။
ငွေဆိုတာ မင်းတို့ငါတို့အတွက်
မျက်နှာပွင့်ဆေး တစ်ခွက်ပါပဲကွာ။

                    Rosin Noung
            26.4.2018. 11:24. AM.