LPG: Bright prospects but growth constraints
LPG: Bright prospects but growth constraints
The LPG market is poised to boom but is being hampered by infrastructure constraints and the need to adopt industry and safety standards.
LPG ရေနံဓါတ်ငွေ့ရည် စျေးကွက်သည် ဖွံ့ဖြိုးလာရန် တာဆူနေသော်လည်း အခြေခံ အဆောက်အအုံများ မရှိသေးခြင်းနှင့် ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများ ပြည့်မီဖို့ လိုအပ်နေခြင်းတို့ကြောင့် နှောင့်နှေးတုန့်ဆိုင်း နေရသည်။
By KYAW LIN HTOON | FRONTIER
ကျော်လင်းထွန်း ရေးသားသည်။
IN 1992, WHEN U Ang Kauk started filling cylinders with liquefied petroleum gas for household use, it was the only business of its kind in Yangon’s South Dagon Township.
၁၉၉၂ ခုနှစ်က ဦးအံ့ကောက် တစ်ယောက် ရေနံဓါတ်ငွေ့ရည်များကို အိမ်သုံးအတွက် ဆလင်ဒါဘူးများတွင် ထည့်သွင်းရောင်းချစဥ်က ဒီအလုပ်ကို လုပ်ကိုင်သူဟူ၍ တောင်ဒဂုံမြို့နယ်တွင် သူတစ်ဦးတည်းသာ ရှိသည်။
Then as now, most consumers use 220-gram gas cylinders, but a few use the much bigger 5 kilogram cylinders often seen in restaurants. It costs K500 to fill a 220g cylinder and K13,000 to fill the 5kg containers.
ယနေ့အချိန်တွင် ၂၂၀ ဂရမ် ဓါတ်ငွေ့ဘူးလေးများကို လူအများ သုံးစွဲနေကြပြီး ၅ ကီလိုဂရမ်ဆံ့ ဓါတ်ငွေ့ ဆလင်ဒါဘူးကြီးများကို စားသောက်ဆိုင်များတွင် အများဆုံး မြင်တွေ့နေရသည်။ ၂၂၀ ဂရမ်ဆံ့ ဓါတ်ငွေ့ဘူး ဖြည့်လျှင် ၅၀၀ ကျပ် ပေးရပြီး ၅ ကီလိုဆံ့ ဘူးကြီးကို ဖြည့်ခမှာ ၁၃ ၀၀၀ ကျပ် ပေးရသည်။
When he launched his business, Ang Kauk was filling an average of about 15 cylinders a day. Now, he fills about 80 of the 220g containers, and five of the 5kg cylinders every week.
သူဒီအလုပ် စလုပ်စဥ်က ဦးအံ့ကောက်သည် တစ်နေ့ပျမ်းမျှ ဓါတ်ငွေ့ဘူး ၁၅ ဘူးခန့်သာ ဖြည့်ခဲ့ရသည်။ ယနေ့တွင် ပျမ်းမျှ တစ်ပတ်လျှင် ၂၂၀ ဂရမ်ဆံ့ ဓါတ်ငွေ့ဘူး ၈၀ ခန့် နှင့် ၅ ကီလိုဆံ့ ဓါတ်ငွေ့ဘူးကြီး ၅ ဘူးခန့် ဖြည့်ပေးနေရသည်။
“Compared to when I started, I’ve been getting more customers over the past five years who have changed from using firewood or charcoal,” said Ang Kauk, 57, whose first business venture was filling cigarette lighters for smokers on the streets of downtown Yangon.
ကျွန်တော် ဒီအလုပ် စလုပ်တုန်းက အချိန်နဲ့စာလျှင် ၅ နှစ်လောက်အတွင်း ကျွန်တော်မှာ ဖောက်သည်တွေ အများကြီး ရလာတယ်။ အရင်က ထင်းနဲ့ မီးသွေး သုံးနေခဲ့ကြတဲ့ လူတွေပေါ့ဟု ဦးအံ့ကောက်က ပြောပြသည်။ အသက် ၅၇ နှစ် ရှိပြီဖြစ်သော ဦးအံ့ကောက်သည် ရန်ကုန်မြို့လယ်တွင် ဆေးလိပ်မီးညှိသည့် ဓါတ်ငွေ့မီးခြစ်လေးများကို ဓါတ်ငွေ့ဘူးဖြင့် လိုက်ဖြည့်ပေးသော ဘဝမှ စခဲ့သူဖြစ်သည်။
More than two decades after launching his LPG business, life is good for Ang Kauk and his customer base keeps growing.
ရေနံဓါတ်ငွေ့ရည် LPG လုပ်ငန်း စတင်ခဲ့သည်မှ အနှစ် ၂၀ ကြာခဲ့သည့် ယနေ့အချိန်တွင် ဦးအံ့ကောက်တွင် ဖောက်သည် အလုံအလောက် ရှိနေပြီး ဘဝမှာ စိုပြေနေပြီ ဖြစ်သည်။
Although retailers such as Ang Kauk are benefitting from rising LPG consumption for domestic use, the market faces challenges. Stakeholders say the market is constrained by a shortage of retailers and distributors, especially in rural areas, and there’s also a need for regulatory measures aimed at keeping prices stable and ensuring industry safety. Another challenge is encouraging more consumers to switch to LPG from firewood or charcoal, or electricity.
LPG ဓါတ်ငွေ့များကို အိမ်သုံးများလာသဖြင့် ကိုအံ့ကောက်တို့လို လက်လီသမားတွေ ဟန်ကျနေသော်လည်း LPG စျေးကွက်တွင် အခက်အခဲများ ရှိနေသည်။ LPG ဓါတ်ငွေ့တွင် လက်လီရောင်းချသူနှင့် ဖြန့်ဝေသူ မလုံလောက်ခြင်း အထူးသဖြင့် ကျေးလက်ဒေသတွင် ရှားပါးခြင်း ဓါတ်ငွေ့စျေး တည်ငြိမ်အောင် ထိန်းထားရေးနှင့် ဘေးကင်းလုံခြုံရေး စံညွှန်းများ ထားရှိရေးတို့တွင် အဟန့်အတားများ ရှိနေသည်ဟု LPG လုပ်ငန်း အဓိက လုပ်ငန်းရှင်များက ပြောသည်။ နောက်အခက်အခဲ တစ်ခုမှာ လက်ရှိ ထင်း မီးသွေးနှင့် လျှပ်စစ်ကို အသုံးပြုနေသူများကို ဓါတ်ငွေ့ ပြောင်းသုံးအောင် ဆွဲဆောင်နိုင်ရေးတွင်လည်း အခက်အခဲ တွေ့နေရသည်။
"When we were allowed to do this business, the government’s objective was to substitute the use of firewood and charcoal,” said U Kyaw Thura, executive director of Elite Petrochemical Co Ltd, which was founded in 2009 as part of the Aye Shwe Wah Group of Companies, which also has interests in oil and gas, construction, logistics and hotels and tourism.
ကျွန်တော်တို့ကို ဒီလုပ်ငန်း စတင်လုပ်ကိုင်ခွင့်ပြုတုန်းက အစိုးရရဲ့ ရည်ရွယ်ချက်က ထင်းနဲ့ မီးသွေး အသုံးပြုမှုကို အစားထိုးဖို့ပဲဟု Elite Petrochemical Co Ltd ၏ အမှုဆောင် ဒါရိုက်တာ ဦးကျော်သူရက ပြောပြသည်။ Elite Petrochemical Co Ltd ကို ၂၀၀၉ ခုနှစ်တွင် အေးရွှေဝါ ကုပ္မဏီအုပ်စု၏ အစိတ်အပိုင်းအဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အေးရွှေဝါ ကုမ္ပဏီ အုပ်စုသည် ရေနံ သဘာဝဓါတ်ငွေ့ ဆောက်လုပ်ရေး သယ်ယူပို့ဆောင်ရေး ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတို့ကို လုပ်ဆောင်သည်။
“We are proud to be involved in this win-win situation business and although growth is strong in the sector, we need to expand further to reach more rural areas,” he told Frontier.(pic)
ဒီလို နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းတဲ့ လုပ်ငန်းမှာ လုပ်ကိုင်ရတာ ဂုဏ်ယူပါတယ်။ ဒီလုပ်ငန်းက အောင်မြင်နေပေမဲ့ ကျေးလက်ဒေသအထိ ပေါက်ရောက်နိုင်အောင် ချဲ့ထွင်သွားရမှာ ဖြစ်ပါတယ်ဟု ၎င်းက ပြောကြားသည်။
In September last year, local company Parami Energy was granted permission to import and distribute LPG, and several local firms are reportedly looking at moving into the sector.
ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ပြည်တွင်းမှ ကုပ္မဏီဖြစ်သော Parami Energy သည် LPG ဓါတ်ငွေ့များကို တင်သွင်းဖြန့်ဖြူးခွင့် ရရှိခဲ့သည်။ တခြားသော ပြည်တွင်းမှ ကုပ္မဏီများသည်လည်း ဒီလုပ်ငန်းကို ပြောင်းရွှေ့လုပ်ကိုင်ရန် စိတ်ဝင်စားလာခဲ့ကြသည်။
Ministry of Electricity and Energy figures show that only three percent of households in Myanmar use LPG, much lower than in other Southeast Asian countries. Neighbouring Thailand, for example, consumes 40 times more LPG than Myanmar.
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ကိန်းဂဏာန်းများအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ၏ ၃ ရာခိုင်နှုန်းသည်သာ LPG ဓါတ်ငွေ့ကို အသုံးပြုကြသည်ဟု သိရသည်။ ၎င်းမှာ အရှေ့တောင်အာရှမှ တခြားနိုင်ငံများထက် များစွာနိမ့်ကျနေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် LPG ဓါတ်ငွေ့ အသုံးပြုမှုသည် မြန်မာနိုင်ငံထက် အဆ ၄၀ ခန့် ပိုမိုများပြားသည်။
There’s no doubt about the growth potential of the LPG market. The government has set a goal of providing LPG to 1.5 million households by 2020. Energy market analyst, Argus Media, forecasts that demand will grow from 20,000 tonnes in 2010 to nearly 140,000 tonnes in 2026.
LPG ဓါတ်ငွေ့ စျေးကွက်သည် တိုးတက်လာမည့် အလားအလာ ရှိသည်။ အစိုးရသည် ၂၀၂၀ ခုနှစ်တွင် အိမ်ထောင်စု ၁.၅ သန်းခန့်အထိ LPG အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။ စွမ်းအင် စျေးကွက် သုံးသပ်လေ့လာရေး အဖွဲ့ဖြစ်သော Argus Media က ဖော်ပြရာတွင် LPG လိုအပ်မှုသည် ၂၀၁၀ ခုနှစ်တွင် ၂၀ ၀၀၀ တန် ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၁၄၀ ၀၀၀ တန်အထိ မြင့်တက်လာမည်ဟု ခန့်မှန်းသည်။
Kyaw Thura says creating greater awareness among consumers about the advantages of using LPG will help to grow the market.
ဦးကျော်သူရက ပြောကြားရာတွင် LPG အသုံးပြုခြင်း၏ ကောင်းကျိုများကို ပြည်သူများအကြား အသိပညာပေးခြင်းဖြင့် စျေးကွက် ပိုမိုတိုးတက်လာနိုင်သည်ဟု ဆိုသည်။
He said the sector would benefit from a law specifically for LPG, and the introduction of national standards, including for safety.
၎င်းက ပြောကြားရာတွင် LPG လုပ်ငန်း လုပ်ကိုင်သူများအတွက် သီးသန့် ဥပဒေများ ထားရှိပေးခြင်း ဘေးကင်လုံခြုံရေး အပါအဝင် လုပ်ငန်းဆောင်ရွက်မှုများတွင် စံနှုန်းများ သတ်မှတ်ပေးပါက စျေးကွက် ပိုမိုတိုးတက်လာနိုင်သည်ဟု ဆိုသည်။
Myanmar began producing natural gas in 1990 from wells at Minhla and Minbu in Magway Region and Nyaungdon in Ayeyarwady Region. The gas was supplied to 2,000 government vehicles that had been converted to run on LPG.
မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်တွင် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုကို စတင်လုပ်ဆောင်ခဲ့ပြီး မကွေးတိုင်း မင်းလှနှင့် မင်းဘူး မြို့နယ်များနှင့် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်များတွင် ဖြစ်သည်။ ၎င်းမှ ရရှိသော ဓါတ်ငွေ့များကို LPG အသုံးပြုပြီး မောင်းနှင်နိုင်ရန် ပြောင်းလဲထားသော အစိုးရပိုင် ယာဥ်များတွင် အသုံးပြုခဲ့သည်။
When Ang Kauk was topping up cigarette lighters he preferred domestically-produced Butane to imported Propane, which mainly came from Thailand, because it was safer.
ဦးအံ့ကောက် ဓါတ်ငွေ့မီးခြစ်များကို ဖြည့်ပေးသော အလုပ်လုပ်စဥ်က သူသည် ထိုင်းနိုင်ငံမှ အများဆုံး တင်သွင်းသော Propane ထက် ပြည်တွင်းဖြစ် Butane ကို ပိုမိုနှစ်သက်သည်။ ပိုမို ဘေးကင်းသောကြောင့် ဖြစ်သည်။
“Propane has an explosive power of 140 but local Butane is not more than 70,” he said.
Propane က ပေါက်ကွဲနိုင်စွမ်းအား ၁၄၀ အထိ ရှိတယ်။ ပြည်တွင်းဖြစ် Butane က ပေါက်ကွဲနိုင်စွမ်း ၇၀ ထက် မပိုဘူးဟု သူက ဆိုသည်။
Ang Kauk said acquiring Butane was difficult and he had to buy it on the black market.
ဦးအံ့ကောက်က ပြောကြားရာတွင် Butane ကို ရှာဝယ်ရသည်မှာ မလွယ်ကူကြောင်း မှောင်ခိုစျေးကွက်မှ ဝယ်ယူရသည်ဟု ဆိုသည်။
"At that time, most of the gas fillers like us had to rely on LPG that was smuggled across the border or through waterways,” he said.
အဲဒီအချိန်က ကျွန်တော်တို့လို ဓါတ်ငွေ့မီးခြစ် လိုက်ဖြည့်တဲ့ လူတွေက LPG ဓါတ်ငွေ့ကို နယ်စပ်ကနေ မှောင်ခိုထုတ်တဲ့ လူတွေဆီက ဝယ်ရတယ်ဟု ၎င်းက ပြောပြသည်။
As the years passed, LPG output from the wells at Magway and Ayeyarwady declined and the military government began to rely on imports.
နှစ်တွေ ကြာလာသောအခါတွင် မကွေးနှင့် ဧရာဝတီတိုင်းတို့မှ LPG ထွက်ရှိမှုသည် လျော့ကျလာသောကြောင့် အစိုးရသည် ပြည်ပမှ တင်သွင်းလာရသည်။
Myanmar has some of the largest offshore reserves of natural gas in Southeast Asia and exports of the commodity are the country’s biggest single earner of foreign exchange. Wells in the Gulf of Mottama supply a big share of the energy used by Thailand and many have wondered why Myanmar doesn’t produce its own LPG.
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် ကမ်းလွန် သဘာဝဓါတ်ငွေ့သိုက်များ အကြီးမားဆုံးရှိသော နိုင်ငံများတွင် ပါဝင်သည်။ ကမ်းလွန် သဘာဝဓါတ်ငွေ့မှ ရရှိသော ဝင်ငွေသည် နိုင်ငံခြားဝင်ငွေ အများဆုံးရသည့် တစ်ခုတည်းသော လုပ်ငန်းဖြစ်သည်။ မုတ္တမ ပင်လယ်ကွေ့အတွင်း တည်ရှိသော ဓါတ်ငွေ့သိုက်များမှ ရရှိသော ဓါတ်ငွေ့သည် ထိုင်းနိုင်ငံ၏ ဓါတ်ငွေ့ အသုံးပြုမှုကို အများဆုံး ထောက်ပံ့ပေးလျှက်ရှိသည်။ မြန်မာက ဘာကြောင့် ကိုယ်ပိုင် LPG ဓါတ်ငွေ့များ မထုတ်လုပ်သလဲဟု တစ်ချို့က သိချင်ကြသည်။
“Most of our country’s natural gas is from off-shore and it is not suitable for LPG production; only on-shore natural gas can be processed into LPG,” said Daw Khin Khin Aye, assistant secretary at the ministry.
ကျွန်မတို့ နိုင်ငံက ထွက်တဲ့ သဘာဝဓါတ်ငွေ့ အများစုက ကမ်းလွန်ကနေ ထွက်ရှိနေတာ။ LPG ထုတ်လုပ်ဖို့ မသင့်တော်ဘူး။ ကုန်းတွင်းက ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့တွေကသာ LPG ထုတ်လုပ်လို့ ရပါတယ်ဟု ဝန်ကြီးဌာန၏ လက်ထောက်အတွင်းရေးမှူး ဒေါ်ခင်ခင်အေးက ပြောပြသည်။
As consumption increased in urban areas during the 2000s, the military government continued importing the product from abroad.
၂၀၀၀ ပြည့်နှစ်များတွင် မြို့ပြဒေသများတွင် LPG အသုံးပြုမှု များပြားလာသောကြောင့် စစ်အစိုးရသည် နိုင်ငံခြားမှ ဆက်လက်တင်သွင်းနေခဲ့ရသည်။
In 2009, the junta granted licences to four companies to import and distribute LPG: Elite, Asia World, Universal Energy and military-owned Myanmar Economic Holdings Ltd, and a year later, local company IB Gas was also granted a licence.
၂၀၀၉ ခုနှစ်တွင် စစ်အစိုးရသည် ကုမ္ပဏီ ၄ ခုကို LPG တင်သွင်းဖြန့်ချိခွင့် လိုင်စင်များ ပေးခဲ့သည်။ ၎င်းတို့မှာ Elite ၊ Asia World ၊ Universal Energy နှင့် စစ်တပ်ပိုင် Myanmar Economic Holding Ltd တို့ ဖြစ်ကြသည်။ နောက် ၁ နှစ်အကြာတွင် ပြည်တွင်း ကုပ္မဏီ တစ်ခုဖြစ်သော IB Gas ကို ထပ်မံ လိုင်စင်ချပေးခဲ့သည်။
The LPG market has expanded steadily and there are more than 20 companies now active in the sector, including in technical assistance as well as importing and distributing.
LPG စျေးကွက်သည် ပုံမှန် တိုးတက်လာနေခဲ့ပြီး ယခုအခါတွင် နည်းပညာ ထောက်ပံ့သော ကုမ္ပဏီများ အပါအဝင် တင်သွင်းဖြန့်ချိသော ကုမ္ပဏီ အခု ၂၀ ခန့် ရှိနေပြီ ဖြစ်သည်။
A key to growing the sector is providing the necessary infrastructure, says Mr Michael Kelly, deputy managing director of the Paris-based World LPG Association, who was in Yangon in March for the second WLPGA Summit to be hosted by Myanmar.(pic)
ဒီကဏ္ဍကို တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့က အခြေခံ အဆောက်အအုံတွေ ထောက်ပံ့ပေးဖို့ပဲဟု မတ်လအတွင်း ရန်ကုန်မြို့တွင် ရောက်ရှိနေသော ပြင်သစ်အခြေစိုက် World LPG Association ၏ လက်ထောက် စီမံခန့်ခွဲရေး ဒါရိုက်တာ Mr Michael Kelly က ပြောကြားသည်။ ၎င်းသည် မြန်မာနိုင်ငံက လက်ခံကျင်းပသော ဒုတိယအကြိမ် WLPGA ထိပ်သီးဆွေးနွေးပွဲကို လာရောက် တက်ရောက်နေခြင်း ဖြစ်သည်။
"You need more infrastructure to bring LPG into the country. So you need import infrastructure, storage systems, and you also need infrastructure to fill cylinders," Kelly told Frontier.
ဒီနိုင်ငံမှာ LPG ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ဖို့ဆိုရင် အခြေခံ အဆောက်အအုံတွေ သိုလှောင်သိမ်းဆည်း စနစ်တွေ ဆလင်ဒါတွေကို ဓါတ်ငွေ့ဖြည့်တဲ့ စနစ်တွေ တင်သွင်းဖို့ လိုအပ်ပါတယ်ဟု ၎င်းက ပြောကြားသည်။
The LPG market can attract considerable interest from foreign investors, helping to boost the economy, he said.
LPG စျေးကွက်ကို နိုင်ငံခြားက ရင်းနှီးမြုပ်နှံသူတွေကလည်း စိတ်ဝင်စားနိုင်ပါတယ်ဟု ၎င်းက ဆိုသည်။
"One of the things we recommend to the government is that Myanmar creates a roadmap for LPG so the market can grow in a safe and sustainable way,” Kelly said. “Another recommendation for the private sector is to form a national-level LPG association, that can be the interface between the government and industry,” he added.
အစိုးရကို အကြံပေးလိုတာက မြန်မာနိုင်ငံက LPG စျေးကွက် လွတ်လပ်စွာ ဖွံ့ဖြိုးစေရန်အတွက် လမ်းပြမြေပုံတစ်ခု ရေးဆွဲပြီး လုပ်ဆောင်ဖို့ပါဟု Kelly က ဆိုသည်။ ပုဂ္ဂလိက ကဏ္ဍကို အကြံပေးလိုတာက အစိုးရနဲ့ လုပ်ငန်းပိုင်ရှင်တွေကြားမှာ ဆက်သွယ်နိုင်မယ့် နိုင်ငံအဆင့် LPG အသင်းကို ဖွဲ့စည်းနိုင်ဖို့ပဲ ဖြစ်တယ်ဟု သူက ဆိုသည်။
Since the March summit, industry players have formed a temporary national LPG association. The ministry is reported to be in the final stage of drafting an LPG regulation to be included in the 2017 Petroleum and Petroleum Products Law.
မတ်လ ထိပ်သီးဆွေးနွေးပွဲ ပြီးကတည်းက လုပ်ငန်းလုပ်ကိုင်သူများသည် ယာယီ LPG အသင်းကို ဖွဲ့စည်းခဲ့ကြသည်။ ဝန်ကြီးဌာနကလည်း ၂၀၁၇ ခုနှစ် ရေနံနှင့် ရေနံထုတ်ကုန် ဥပဒေတွင် LPG အတွက် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခဲ့သည်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
Khin Khin Aye said she saw few chances to produce LPG domestically, unless further on-shore reserves were discovered.
ကုန်းတွင်း သဘာဝဓါတ်ငွေ့သိုက်များကို ရှာမတွေ့မချင်း LPG ကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရန်မှာ မဖြစ်နိုင်သေးကြောင်း ဒေါ်ခင်ခင်အေးက ပြောကြားသည်။
“But I’m still seeing considerable potential for importing more,” she said.
ဒါပေမဲ့ ကျွန်မတို့ LPG ဓါတ်ငွေ့တွေကို နိုင်ငံခြားက ပိုမိုတင်သွင်းဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်ဟု သူမ က ဆိုသည်။
The government’s main reason for supporting the LPG sector was to encourage its use as a substitute for charcoal and firewood for cooking, Khin Khin Aye said, and she downplayed calls from stakeholders to make it available for vehicles and power generation.
အစိုးရက LPG ဓါတ်ငွေ့လုပ်ငန်းကို ထောက်ပံ့ပေးခြင်းသည် ထင်းနှင့် မီးသွေးအစား LPG ကို သုံးစွဲလာရန် တွန်းအားပေးလိုခြင်း ဖြစ်သည်ဟု ဒေါ်ခင်ခင်အေးက ပြောသည်။ သို့သော် သူမသည် မော်တော်ယာဥ်များနှင့် ဓါတ်အားထုတ်လုပ်ရာတို့တွင် LPG ကို အသုံးပြုရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။
"We can still use other types of fuel, including CNG, so I don’t think there’s any need at the moment to use LPG for buses or generating electricity,” she said.
ကျွန်မတို့ CNG လို တခြား လောင်စာတွေကိုလည်း သုံးနိုင်ပါတယ်။ ဘတ်စ်ကားနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်တဲ့ နေရာတွေမှာ LPG ကို သုံးစွဲဖို့ မလိုအပ်သေးပါဘူးဟု သူမက ဆိုသည်။
On April 28, Minister for Electricity and Energy U Win Khine visited a jetty at Thilawa owned by Elite Petrochemical that can handle ships carrying more than 20,000 tonnes of LPG and has storage tanks that can each hold 3,000 tonnes.
ဧပြီလ ၂၈ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင်သည် Elite Petrochemical က ပိုင်ဆိုင်သော သီလဝါရှိ ဆိပ်ကမ်းတစ်ခုသို့ သွားရောက်လည်ပတ်ခဲ့သည်။ ၎င်းဆိပ်ကမ်းတွင် LPG တန် ၂၀ ၀၀၀ ခန့်ဆံ့သော သင်းဘောကြီးများ ဆိုက်ကပ်နိုင်ပြီး ဆိပ်ကမ်းရှိ ဓါတ်ငွေ့သိုလှောင်ကန်များမှာ တစ်ကန်လျှင် တန် ၃၀၀၀ ခန့် သိုလှောင်နိုင်သည်ဟု သိရသည်။
As a second stage of the project, Elite Petrochemical is planning to build another storage facility with a capacity of 25,000 tonnes.
Elite Petrochemical သည် စီမံကိန်း၏ ဒုတိယအဆင့်အနေဖြင့် တန်း ၂၅ ၀၀၀ ဆံ့သော သိုလှောင်ရေးကန်များကို စီစဥ်လျှက် ရှိသည်။
On the same day, the minister visited projects by the state-owned Myanma Oil and Gas Enterprise and Parami Energy to develop terminals, storage facilities, and laboratories for testing fuel, including LPG, at nearby Thanlyin.
ထို့နေ့မှာပင် ဝန်ကြီးသည် အနီးအနား သန်လျင်မြို့မှ နိုင်ငံပိုင် Myanma Oil and Gas Enterprise နှင့် Parami Energy တို့၏ ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းများကို သွားရောက်လည်ပတ်ခဲ့ပြီး သိုလှောင်ရေးကန်များ LPG အပါအဝင် လောင်စာ စစ်ဆေးရေး ဓါတ်ခွဲခန်းများကို လေ့လာခဲ့သည်။
Win Khine said that in future, Myanmar needed to produce the petroleum products it needed to support economic development, “but also to be able to export”.
မြန်မာနိုင်ငံသည် စီးပွားရေးကို ထောက်ပံ့နိုင်ရန် နိုင်ငံခြားသို့ တင်ပို့နိုင်ရန် ရေနံထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် လိုအပ်လျှက် ရှိသည်ဟု ဝန်ကြီးက ဆိုသည်။
Expanding the market
စျေးကွက် ချဲ့ထွင်ခြင်း
The main obstacles to promoting greater use of LPG in homes include a shortage of filling stations in many parts of the country and a fear of exploding cylinders, though such incidents are rare.(pic)
နေအိမ်များတွင် LPG များကို တွင်ကျယ်စွာ အသုံးပြုလာနိုင်ရန် အတားအဆီးများမှာ ဓါတ်ငွေ့ဖြည့်ပေးသော နေရာများ လုံလောက်စွာ မရှိခြင်း ဆလင်ဒါဘူးများ ပေါက်ကွဲမည်ကို စိုးရိမ်ခြင်း စသည်တို့ ဖြစ်သည်။ ထိုသို့ ပေါက်ကွဲမှု ဖြစ်ပွားခြင်းမှာ ရှားပါးသည်။
Ang Kauk recalled that he spent a lot of time explaining why cylinders were safe to use when he launched his LPG business. However, he admitted that these lessons were often given out of ignorance, because at that time he was not fully aware of the risks LPG created.
ဦးအံ့ကောက်သည် LPG လုပ်ငန်းကို စတင်လုပ်ကိုင်သော အခါတွင် ဖောက်သည်များကို ဆလင်ဒါဘူးများမှာ ဘေးကင်းသည်ဟု ရှင်းပြရသည်ဟု ဆိုသည်။ သို့သော် ထိုအချိန်တွင် LPG ကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို သူကောင်းစွာ သိရှိခဲ့ခြင်း မရှိကြောင်းကိုလည်း ဝန်ခံခဲ့သည်။
Ang Kauk buys filled 15kg cylinders from the Yadana Su Co Ltd, which is producing LPG at Nyaungdon. He pays K13,500 for one cylinder and the gas it contains is enough to earn K34,000 from filling 220g containers, almost tripling his money.
ဦးအံ့ကောက်သည် ညောင်တုန်းတွင် LPG ဓါတ်ငွေ့ထုတ်လုပ်နေသော ရတနာဆု ကုမ္ပဏီမှ ၁၅ ကီလိုဂရမ်ဆံ့ ဆလင်ဒါဘူးကြီးကို ၁၃ ၅၀၀ ကျပ်ဖြင့် ဝယ်ယူသည်။ ထို့နောက် ၂၂၀ ဂရမ်ဆံ့ ဘူးငယ်လေးများထဲတွင် ထည့်ရောင်းသောအခါ ၃၄ ၀၀၀ ကျပ်ခန့် ပြန်လည်ရရှိသည်ဟု ဆိုသညိ။ ၃ ဆ လောက် မြတ်စွန်းခြင်း ဖြစ်သည်။
Retailers and distributors say a greater effort is needed to expand a market that the ministry says is consuming 6,000 tonnes of LPG a month, up from 3,000 tonnes in 2011.
LPG သုံးစွဲမှုသည် မြန်မာနိုင်ငံတွင် တစ်လလျှင် တန် ၆ ၀၀၀ ခန့် ရှိပြီး ၎င်းမှာ ၂၀၁၁ ခုနှစ်တွင် တန် ၃ ၀၀၀ ခန့် ရှိခဲ့ရာမှ တိုးလာခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာန ကဆိုသည်။ စျေးကွက်ကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန်မှာ ကြိုးပမ်းအားထုတ်မှု လိုအပ်မည်ဟု လက်လီ အရောင်းဆိုင်များ လက်ကားဖြန့်ဖြူးသူများက ဆိုသည်။
"The consumption rate has increased, but compared with other countries it is still the lowest in the region. We will continue our effort to penetrate the market through knowledge-sharing programs with state and regional governments and people, but we need more government support,” said Kyaw Thura.
သုံးစွဲမှုမှာ တိုးပွားလာသော်လည်း ဒေသတွင်းမှ နိုင်ငံများနှင့်စာလျှင် အနိမ့်ဆုံး ဖြစ်နေဆဲ ဖြစ်သည်။ ပြည်သူများ တိုင်းနှင့်ပြည်နယ် အစိုးရများနှင့် ပူးပေါင်းပြီး ဗဟုသုတ ဖြန့်ဝေရေး အစီအစဥ်များကို လုပ်ဆောင်ကာ LPG သုံးစွဲမှု တိုးတက်လာအောင် လုပ်ဆောင်မည်ဟု ကျော်သူရက ဆိုသည်။
Kelly said using LPG has health advantages, citing World Health Organization figures that show breathing smoke from cooking fires kills about four million people a year. Cutting back on the use of firewood and charcoal would also help to reduce deforestation, he said.
Kelly က ပြောကြားရာတွင် LPG ကို အသုံးပြုခြင်းသည် ကျန်းမာရေး ကောင်းကျိုးများ ရှိသည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိန်းဂဏာန်းများအရ ထမင်းဟင်း ချက်ပြုတ်သော ထင်းမီးသွေးမှ မီးခိုးများကို ရှူရှိုက်ခြင်းကြောင့် တစ်နှစ်လျှင် လူ ၄ သန်းခန့် သေဆုံးလျှက် ရှိသည်ဟု သူက ဆိုသည်။ ထို့ပြင် ထင်း မီးသွေး အသုံးပြုမှုကို လျှော့ချသောကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်သည်ဟု ဆိုသည်။
"The people need to understand why to use LPG, the government needs to understand how to regulate LPG and the industry needs to grow,” Kelly said.
လူတွေကလည်း LPG အသုံးပြုခြင်းရဲ့ ကောင်းကျိုးကို သိရမယ်။ အစိုးရကလည်း LPG လုပ်ငန်း လုပ်ထုံးလုပ်နည်း တွေ ချမှတ်ပေးရမယ်။ ဒါမှ လုပ်ငန်းက တိုးတက်လာမှာဟု Kelly က ဆိုသည်။
TOP PHOTO: An LPG facilitiy operated by local company Elite Petrochemical, which is part of the Ayer Shwe Wah Group of Companies. (Supplied)
ဧရာရွှေဝါ ကုပ္မဏီ အုပ်စု၏ အစိတ်အပိုင်းဖြစ်သော Elite Petrochemical ကုမ္ပဏီ၏ LPG သိုလှောင်ရုံ