တောင်ကြီးတက္ကသိုလ်
တောင်ကြီးတက္ကသိုလ်
တောင်ကြီးတက္ကသိုလ်သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တော်တွင်တည်ရှိသော အဓိကတက္ကသိုလ်ဖြစ်သည်။
၁၉၆၁ - ခု၊ ဇွန်လ ၁၅ ရက်နေ့တွင် တောင်ကြီးကောလိပ်ကို မန္တလေးတက္ကသိုလ်၏တွဲဖက်ကောလိပ်တခုအနေဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
၁၉၆၄ - ခုနှစ်တွင် တက္ကသိုလ်ပညာရေး
အက်ပဒေအရ တောင်ကြီးဒီဂရီကောလိပ်အဖြစ် အဆင့်မြင့်တင်ခဲ့သော်လည်း မန္တလေးတက္ကသိုလ်၏အောက်တွင် ထားရှိခဲ့သည်။
၁၉၉၂ - ခုနှစ် သြဂုတ်လ ၁၇ ရက်တွင် သီးခြားလွတ်လပ်သည့် တက္ကသိုလ်ဖြစ်လာသည်။
တောင်ကြီးတက္ကသိုလ်တွင် အဓိကပေးအပ်သည့်ဘွဲ့များမှာ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့များဖြစ်ပြီး မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းအချို့တို့ကိုလည်း တက်ရောက်သင်ကြားနိုင်ကြောင်းလည်း သိရသည်။
#သမိုင်းကြောင်း
#ဓာတ်ပုံ Myanmar Skyline
ပြန်လည်တည်းဖြတ်မှု
#တက္ကသိုလ် ခွန်Rကာ
#မှတ်ချက်၊ တောင်ကြီးတက္ကသိုလ်နှင့်ပတ်သက်သည့်
သမိုင်းအချက်အလက်များရှိလျှင်လည်း တင်ပေးစေလိုပါသည်။