Boxing day has another three day
Boxing day has another 3 days after the Premier League.
Boxing 3 days after the event, Sunday holiday will compete in the Premier League continues to play.
Chelsea, Liverpool, Manchester United club competition home, will play Manchester City, Arsenal are a team must play away competition.
Encourages the Premier League.
Do not give to the Premier League.
ဘောက်ဆင်ဒေးအပြီး ၃ ရက်အကြာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ထပ်လာပြန်ပြီ။
ဘောက်ဆင်ဒေးပွဲစဉ်တွေအပြီး ၃ ရက်အကြာ စနေ၊ တနင်္ဂနွေအားလပ်ရက်တွေမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
ချဲလ်ဆီး၊ လီဗာပူး၊ မန်ယူနိုက်တက်စတဲ့အသင်းတွေက အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မန်စီးတီး၊ အာဆင်နယ်စတဲ့အသင်းတွေကတော့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ချဲလ်ဆီး - စတုတ်စီးတီး (ည ၉ နာရီ ၃ဝ မိနစ်၊ ဒီဇင်ဘာ ၃ဝ)
အဆင့် ၃ နေရာက ချဲလ်ဆီးတို့ စတုတ်စီးတီးကို အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပွဲစဉ် ၂ဝ မှာ ဘရိုက်တန်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပြီး အဆင့် ၂ နေရာက မန်ယူနိုက်တက်နဲ့ ၁ မှတ်သာ ကွာဟပါတယ်။ စတုတ်စီးတီးကတော့ ပွဲစဉ် ၂ဝ မှာ ဟက်ဒါဖီးနဲ့ သရေကျထားပြီး အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ အသင်း ၂ သင်းရဲ့ ရပ်တည်ချက်က ကွာဟနေသလို ချဲလ်ဆီးကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြန်မှန်နေပါတယ်။ စတုတ်ကတော့ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ်။ အိမ်ကွင်းမှာ ကစားရမယ့်အပြင် အဆင့် ၂ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေးလည်း ရှိတာမို့ ချဲလ်ဆီးတို့ အမှားခံမှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရာသီထိပ်တိုက်တွေ့ဆုံမှုမှာလည်း ချဲလ်ဆီးကပဲ အသာရထားတဲ့အတွက် ချဲလ်ဆီးတို့ နိုင်ပွဲဆက်ပါလိမ့်မယ်။
လီဗာပူး - လက်စတာစီးတီး (ည ၉ နာရီ ၃ဝ မိနစ်၊ ဒီဇင်ဘာ ၃ဝ)
နောက်ဆုံး ၅ ပွဲမှာ သရေပွဲတွေ များနေတဲ့ လီဗာပူးအသင်း ဒီပွဲမှာလည်း အမှတ်ထပ်စုဆောင်းဖို့ လိုနေပါတယ်။ လက်စတာကတော့ နောက်ဆုံး ၃ ပွဲမှာ တစ်ပွဲမှ အနိုင်မရထားသေးပါဘူး။ မန်ယူနိုက်တက်ကို သရေကစားနိုင်တဲ့ပွဲမှာလည်း ခြေစွမ်းက အားရစရာ မရှိခဲ့ပါဘူး။ လီဗာပူးရဲ့ နောက်ဆုံးပွဲစဉ် ရလဒ်နဲ့ ခြေစွမ်းကတော့ တော်တော်လေးကောင်းမွန်ပြီး ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ လီဗာပူးဟာ အဆင့် ၄ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၅ နေရာက စပါးနဲ့ ၁ မှတ်သာ ကွာဟနေလို့ ချန်ပီယံလိဂ်ဝင်ခွင့်သေချာရေး အမှတ်တွေ ထပ်မံစုဆောင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးတို့ လက်စတာနဲ့ တွေ့တိုင်းကစားရခက်လေ့ရှိလို့ အနည်းငယ်အသာနဲ့သာ အနိုင်ရသွားနိုင်ပါတယ်။
မန်ယူနိုက်တက် - ဆောက်သမ်တန် (နံနက် ၁၂ နာရီ၊ ဒီဇင်ဘာ ၃၁)
နောက်ဆုံး ၂ ပွဲဆက်တိုက် သရေရလဒ်တွေ ထွက်ပေါ်နေတဲ့ မန်ယူနိုက်တက်တို့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပြီး ရလဒ်ကောင်းတွေ ပြန်လည်ဖော်ဆောင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အဆင့် ၃ နေရာက ချဲလ်ဆီးနဲ့ ၁ မှတ်သာကွာဟနေတာကြောင့် အဆင့် ၂ နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ရေးက မန်ယူနိုက်တက်အတွက် အရေးကြီးနေတာဖြစ်ပါတယ်။ ဆောက်သမ်တန်ကလည်း နောက်ဆုံး ၅ ပွဲမှာ ရလဒ်တွေ ဆိုးရွားနေပြီး တစ်ပွဲမှ အနိုင်မရသေးပါဘူး။ ဒါကြောင့် ဒီပွဲကို အမှတ်တွေ ထပ်မံမဆုံးရှုံးရေး ဒီပွဲကို အားထည့်ကစားလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီထိပ်တိုက်တွေ့ဆုံမှုမှာတော့ မန်ယူနိုက်တက်က တစ်ကျော့အနိုင်ရထားပြီး ဂိုးတော့ မပြတ်ထားပါဘူး။ ဒါကြောင့် အခုပွဲစဉ်ကလည်း ဆောက်သမ်တန်တို့ အမှတ်လိုနေတဲ့အချိန်ကစားရမှာဖြစ်တဲ့အတွက် မန်ယူနိုက်တက်တို့ ခက်ခဲနိုင်ပြီး ၁ ဂိုးအသာလောက်နဲ့သာ ကပ်နိုင်ဖွယ်ရှိပါတယ်။
ခရစ်စတယ်ပဲလေ့စ် - မန်စီးတီး (ည ၆ နာရီ ၃ဝ မိနစ်၊ ဒီဇင်ဘာ ၃၁)
ဇယားထိပ်ဆုံးက မန်စီးတီးတို့ ခရစ်စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမယ့် စုဖွဲ့မှုကောင်းမွန်လွန်းနေတဲ့အတွက် သိပ်တော့ ခက်ခဲဖွယ်မရှိပါဘူး။ ခရစ်စတယ်ပဲလေ့စ်က လက်ရှိမှာ တန်းဆင်းဇုန်ရဲ့ အပေါ်နားလေးမှာ ရပ်တည်နေတဲ့အတွက် တန်းဆင်းဇုန်ထဲ မရောက်သွားရေး အပြင်းအထန်ရုန်းကန်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ကွင်းမှာ မန်စီးတီးကို ဖောင်ဖျက်ရင်ဆိုင်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီထိပ်တိုက်တွေ့ဆုံမှုမှာ ဂိုးပြတ်အနိုင်ရထားပေမယ့် အမှတ်လိုအပ်ချက်ရှိနေတဲ့ ခရစ်စတယ်ပဲလေ့စ်တို့ ဖောင်ဖျက်တိုက်ပွဲဝင်လာတာကြောင့် မန်စီးတီးတို့ရဲ့ အနိုင်က ဂိုးပြတ်ဖွယ်မရှိပါဘူး။
ဝက်ဘရွန်း - အာဆင်နယ် (ည ၁၁ နာရီ၊ ဒီဇင်ဘာ ၃၁)
အာဆင်နယ်အသင်းကတော့နောက်ဆုံးပွဲစဉ်တွေမှာသရေနဲ့အရှုံးရလဒ်တွေသာများပြီးရလဒ်ပိုင်းတွေဆိုးရွားနေပါတယ်။ ဝက်ဘရွန်းကလည်း တန်းဆင်းဇုန်ထဲကျရောက်နေတဲ့ အသင်းဖြစ်ပါတယ်။ ရလဒ်ပိုင်းတွေဆိုးရွားနေတဲ့ အသင်း ၂ သင်းတွေ့ဆုံမှာဖြစ်တာကြောင့် ကြည့်လို့ကောင်းမယ့်ပွဲလို့တော့ ပြောလို့ရပါတယ်။ ဝက်ဘရွန်းကလည်း တန်းဆင်းဇုန်က ပြန်လည်လွတ်မြောက်ရေး ရေကုန်ရေခမ်းကြိုးပမ်းမှာဖြစ်သလို အာဆင်နယ်တို့ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရလဒ်တွေ ပြန်လည်ကောင်းမွန်ရေး ကြိုးပမ်းရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီထိပ်တိုက်တွေ့ဆုံမှုမှာတော့ တစ်ပွဲစီအနိုင်ရထားပါတယ်။ ဒါကြောင့် အိမ်ကွင်းလည်းဖြစ်ပြန်၊ အမှတ်လိုအပ်ချက်လည်း မြင့်မားနေတဲ့ ဝက်ဘရွန်းကို အာဆင်နယ်တို့ ခက်ခက်ခဲခဲကစားရနိုင်ပြီး သရေကျဖို့များတဲ့ ပွဲဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကိုအားပေးပါတယ်
ပရီးမီးယားလိဂ် ကိုအားမပေးပါဘူး
Very good post
ဟုတ်ကဲ့ပါဗျာ
ကျေးဇူးတင်ပါတယ်
Good post friend.
Thank you.
Good post
အားလုံးကိုကျေးဇူးတင်ပါတယ်
This post has received a 0.67 % upvote from @boomerang thanks to: @nyeinchan
@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.
Thank
All right