သူတစ်ပါးရဲ့အားနည်းချက်နဲ့ အားသာချက်ကို ခွဲဝေကြည့်ရှု့တတ်စေလို
photo credit google image
အားလုံးပဲ မင်္ဂလာပါလို့ steemit မိတ်ဆွေများကို နှုတ်ဆက်ပြီး ကိုယ်စိတ်နှစ်ဖြာချမ်းသာကျန်းမာ ကြပါစေလို့စုတောင်းပေးလိုက်ပါတယ်။ဒီနေ့ကျွန်တော်ရေးချင်တဲ့ အကြောင်းအရာကတော့ တစ်ပါးသူရဲ့အားနည်းချက်၊ အားသာချက်တို့ဝေဖန်ခွဲဝေကြည်ရှု့တတ်ဖို့ အကြောင်းအရာလေးပဲဖြစ်ပါတယ်။
လူရယ်လို့ဖြစ်လာရင် လူတိုင်းမှာအားနည်းချက်ရှိသလို အားသာချက်ဆိုတာလဲ ရှိပါတယ်။ကျွန်တော်တို့တွေဟာ ထိုလူကိုကြည့်ပြီး သူရဲ့အားနည်းချက်ကိုပဲ အပစ်တင်ဝေဖန်နေလို့မရပါဘူး။သူ့ရဲ့အားသာချက်တွေကိုလည်း အားပေးအသိအမှတ်ပြုသင့်တယ်လို့ ထင်မိပါတယ်။ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလူတစ်ယောက်ကိုကြည့်ပြီး အားနည်းချက်၊အားသာချက်တွေကိုဝေဖန်ကြည့ှ်ရှု့တတ်ဖို့ ဆိုရင်မိမိရဲ့ စိတ်နေသဘောထားကလည်း အရမ်းကိုအရေးကြီးတယ်လို့ထင်မိပါတယ်။တစ်ချို့သောသူတွေဆို မိမိနှင့်စိတ်သဘောထား မတိုက်ဆိုင်တဲ့သူ၊ကြည့်လို့မရတဲ့သူတွေကိုအမြဲလိုလို အားနည်းချက်များကိုသာရှာပြီး အပစ်တင်ဝေဖန်ပြောဆိုလေ့ရှိပါတယ်။တစ်ချို့ဆို သူများသားသမီးတွေကို မှိုချိုး၊မျှစ်ချိုးသလိုပြောလေ့ရှိတတ်ပြီး တစ်ပါးသူတွေရဲ့အားနည်းချက်မကောင်းကြောင်းတွေကိုသာပြောဆိုတဲ့သူတွေ ကျွန်တော့်ပတ်ဝန်းကျင်တွင် အမှန်တကယ်ပင်ရှိတယ်။အဘယ်ကြောင့်ဆိုသော် ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခံစားဖူးလို့ပင်ဖြစ်တယ်။
သူများတကာရဲ့ အားနည်းချက်တွေကိုသာ အပစ်တင်ဝေဖန်ပြောဆိုတတ်သော ထိုလူမျိုးများသည် မိမိ၏အားနည်းချက်၊ကိုယ့်သားသမီးပေးတဲ့ ဒုက္ခအားနည်းချက်တွေကို ပြန်ခံစားရမှ အသံတိတ်ကာကိုယ်ချင်းစာနိုင်ကြပေသည်။ထိုသို့အပစ်ကိုသာပြောဆိုတတ်သော လူမျိုးကိုကျွန်တော်အထူးသဖြင့်ရှောင်သည်။ထိုသို့သူတစ်ပါးအပစ်ကိုသာပြောဆိုတတ်သောလူများတွင် ကိုယ့်သူငယ်ချင်းအပေါင်းအဖော်များလည်းပါသောကြောင့် ကျွန်တော်အတော်ပင် ဝမ်းနည်းမိသည်။သူကိုသူတော့အပြော မခံသူဖြစ်ပြီး သူများကိုတော့လူတကာ ၊သူတကာမရှောင် အရှက်အကြောက်မရှိပြောဆိုတတ်သူဖြစ်သည်။ကိုယ်ကပြန်ပြောပြန်ရင်လည်း မျက်နှာထားတင်းလာကာ ရန်လိုမည့်အမူအရာအဖြစ်သို့ပြောင်းလဲသွားသည်။ထိုအချိန်တွေမှစ၍ ကျွန်တော်သိလိုက်လေသည်။ထိုလိုသူငယ်ချင်းမျိုးသည်ကောင်းသော သူငယ်ချင်းမဟုတ်သလို၊ ကျွန်တော့်ကို ကူညီဖေးမပေးမည့်၊အကြံပေးနိုင်မည့် သူငယ်ချင်းမဟုတ်ကြောင်း သိလိုက်လေသည်။
သို့ပေမဲ့ကျွန်တော်မှာမကောင်းတဲ့သူငယ်ချင်းရှိသလို ၊ကောင်းတဲ့သူငယ်ချင်းလဲရှိသည်။သူသည်အခြားသူငယ်ချင်းများနဲ့ မတူပဲကျွန်တော်နဲ့လည်း စိတ်နေသဘောထားအလွန်တူသည်။သူနှင့်ကျွန်တော် ပထမနှစ်တတ်စမှာစခင်ကြတာဖြစ်ပြီး စိတ်သဘောထားအလွန်ကောင်းသူတစ်ဦးဖြစ်သည်။မေဂျာချင်းတူကြတော့ ပိုပြီးရင်းနှီးမိပြီး တစ်ယောက်နှင့်တစ်ယောက် သူငယ်ချင်းအရင်းလိုဆက်ဆံလာကြသည်။ ဒီလိုနဲ့ ဒုတိယနှစ်တွင် သူသည်သူနာပြုသို့ပြောင်းသွာလေသည်။ သိုပေမဲ့သူနဲ့ကျွန်တော်သည် အဆက်အသွယ်အမြဲလိုလို ရှိနေပေသည်။ကိုယ့်မှာရှိတဲ့ အခက်အခဲအနည်းငယ်ကို ဖွင့်ပြောမိပါကအမြဲကူညီပေးလေ့ ရှိသူဖြစ်သည်။တစ်ခါက ကျွန်တော့်မှာငွေကြေးအခက်အခဲရှိလို့ သူရှေ့တွင်ဖွင့်ပြောမိရာ သူက"မင်းမှာငွေလိုရင် ၊သူများစီကမချေးနဲ့၊ငါစီကလာယူ"လို့ပြောလေသည်။ထိုငွေကိုလည်း မင်းအားတဲ့အချိန်၊ကြိုက်တဲ့အချိန်မှ ပြန်ဆပ်လို့လဲပြောလေသည်။သူနဲ့ကျွန်တော်ဆိုင်ထိုင်ဖြစ်လျှင် အမြဲလိုလိုကိုယ်လျှောက်လှမ်းမည့် ဘဝအကြောင်းပြောဆို၊ဆွေးနွေးမိသည်။သူရဲ့ ရည်မှန်းချက်တွေကိုလဲ ပွင့်လင်းစွာထုပ်ဖော်ပြောဆိုတတ်ပြီး အကောင်အထည်ဖော်နိုင်ခဲ့ရင်လည်း ကျွန်တော့်ကိုပါ လက်တွဲခေါ်သွားမည်ဟု ဆိုသေးသည်။ထိုသူငယ်ချင်းမျိုးသည် ကျွန်တော့်အတွက်တော့တကယ့်ကို ရှားလှတဲ့ သူငယ်ချင်းမျိုးဖြစ်ပြီး အဖိုးတန်သူငယ်ချင်းတစ်ယောက်လဲဖြစ်ပေသည်။
အကြောင်းအရာနည်းနည်းရှည်သွားလို့ သည်းခံပြီးဖက်ရှု့ပေးပါလို့ပြောပါရစေ။ကျွန်တော်တို့တွေမှာ အားနည်းချက်၊အားသာချက်ဆိုတာရှိပေမဲ့ ဒါတွေကိုတစ်ချို့သူတွေက အားသာချက်တွေကိုမမြင်ပဲ၊ အားနည်းချက်တွေကိုသာ မြင်ပြီးအပစ်တင်ပြောဆိုလေ့ရှိတတ်ပါတယ်။တစ်ချို့ဆို ဘယ်လောက်ပဲကောင်းအောင်လုပ်ပေးနေပါစေ တစ်ခုလောက်မှားအောင် လုပ်မိလိုက်တာနဲ့ အပစ်တင်ပြောဆိုတော့တာပါပဲ။ဒါတွေဟာ လူကြီးတွေစကားအရပြောရမယ်ဆိုရင် "သူများမျက်ချီးသေးသေးလေးကိုကျတော့မြင်ပြီး၊ ကိုယ်မျက်ချီး ကြီးကြီးကျတော့ မမြင်တဲ့လူများ"ဟုဆိုရပေမည်။သိုပေမဲ့ ကျွန်တော်တို့ဟာ ကိုယ့်မျက်ချီး ကိုယ်ပြန်မြင်တဲ့တစ်နေ့ကျရင် သူများမကောင်းကြောင်း၊ သူများအားနည်းချက်ကိုပြောဆိုမိတော့မှာ မဟုတ်တော့သလိုဘယ်တော့မှလဲ တစ်ပါးသူကိုဝေဖန်အပစ်တင် ရဲတော့မှာမဟုတ်ပါဘူး။
ထို့ကြောင့် ကျွန်တော်ဆို တစ်ပါးသူကိုဝေဖန်အပစ်မတင်မိအောင်အမြဲ ထိန်းလေ့ရှိတယ်။အဘယ်ကြောင့်ဆိုသော် သူလုပ်နေတုန်းက အကောင်း၊ကိုယ်ဝေဖန်ပေးလိုက်မှပဲမလုပ်တတ်တော့ပဲ မကောင်းဖြစ်သွားမှာကိုစိုးရိမ်လို့ဖြစ်သည်။ကိုယ့်ရဲ့အားနည်းချက်ကိုဝေဖန်ရင်လည်း အမြဲနားထောင့်ပြီး ယူသင့်တဲ့ဟာများကိုယူရ ၊မှတ်သင့်တဲ့ဟာများကို မှတ်ရပေသည်။ တစ်ချို့ဆို ကိုယ်ဝေဖန်ပေးလိုက်တဲ့ ဟာကကောင်းပေမယ့် တစ်ချို့ဝေဖန်ခံရတဲ့သူတွေက အမြင်မကြည်ရင်၊မယူတတ်ပဲ ကိုယ့်ကိုရန်ပြန်တွေ့ရင်လည်း ခက်ပေလိမ့်မည်။ထို့ကြောင့် ကျွန်တော်သည် အားနည်းချက်များကိုဝေဖန်ပေးသူများကို ကြိုက်ပေမဲ့ဝေဖန်ရေးသမားတော့မလုပ်ပေ။ကိုယ့်အားနည်းချက်၊အားသာချက်နဲ့ သူများအားနည်းချက်နဲ့ အားသာချက်ကို ခွဲခြားမျှဝေကြည့်တတ်ရင် ကိုကျေနပ်ပါပြီးဟု ထင်မိသည်။
MSU-028
ဟုတ်တယ် သူများအပြစ်ကျမြူ မှုန်လောက်တောင် မြင်ပြီး ကိုယ့်အပြစ်ကျတောင်လောက်ရှိလဲမမြင်တဲ့သူတွေအမျာကြီးပဲ
ဟုတ်ပါတယ် ဗျာ
MSU 018
ကောင်းတာကိုပြော ကောင်းတာကိုလုပ် ရင် ကောင်းတာ တွေ ဖြစ်လာမှာ လို့ယူဆမိတယ်ဗျ အကောင်းတွေစုလာတဲ့ သဘောပေါ့ အဆိုးဆုံးကိုတော့တွေးတော ပြင်ဆင်ထားရမယ် ဒါပါပဲ
@aggamun
ထောက်ခံပါတယ် အကို
You receive vote 100% Vote From @khinzawlatt. Because Your Tag msu. MSU is Myanmar Steemit User Group.
Good Luck
#msu
တော်လာပီ ညေး
ဟုတ်ကိုအောင်ကြိုးစားပြီးရေးတုန်း
Good bro
Thanks bro
good
Thanks Unty
Right
ဟုတ်ကဲ့ပါ။
Right
ဟုတ်
အပြစ်တင်တတ်သူဟာ အပြစ်ကိုပဲ မြင်နေတတ်လိ့ပာု
ဟုတ်ပါတယ် တကယ်တော့ အဲ့လိုစိတ်မထားသင့်ဘူး