သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး (အပိုင်း ၁၂)
2018 water festival plan
ကျွန်မသည် သူငယ်ချင်းများဖြင့် ခရီးထွက်ရန်အစီအစဉ်များပျက်စီးသွားချိန်၌ အလွန်ပင်စိတ်ကုန်သွားပါသည်။ ယုံကြည်ရ၍မရသော သူများကြောင့် စိတ်ဆုံးဖြတ်လိုက်သည်။
သင်္ကြန်တွင်းကို အနားယူခြင်းဖြင့်သာဖြတ်သန်းမည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ကိုယ်နှင့်စိတ်တူရှိသော သူငယ်ချင်းကတော့ အားမလျော့သေး ကျန်သူများကို ခရီးမသွားချင်ရင်လည်း သင်္ကြန်လည်ရအောင်ပြောလေသည်။
ထိုအချိန်တွင် ထိုသူများမှာ လည်မယ်လုပ်ပြန်သည်။တစ်ယောက်တစ်ပေါက်ဖြင့် ပြောကြပြန်ပြီ။ အဖွဲ့ထဲမှတစ်ဦးက ပြောသည်။
အကြတ်နေ့ရုံးကလူတွေနဲ့လည်မှာတဲ့ အတက်နေ့ဆို လိုက်မယ်ပြောတယ် ။ ကျန်သူတွေကတော့ ဘယ်နေ့သွားသွားလိုက်မယ်တဲ့ အဲ့လိုပြောလာတာ သင်္ကြန်မကျခင် ၂ရက် ၃ရက်အလိုရောက်လာသည်။
ကျွန်မကတော့ မလည်တော့ဘူးလို့ ပြောလိုက်သည်။ မလိုက်ဘူးလို့ပြောလိုက်ရခြင်းမှာ ရေပက်ခံကား စထွက်မည့်နေရာနှင့် ကျွန်မတို့နေသော မြို့နှင့်ဝေးလှသည်။ တူတူလည်ချင်သော်လည်း သင်္ကြန်တွင်းဆို တူတူချိန်းပြီးလည်ရမှာအခက်ခဲဖြစ်လှသည်။ ထို့ကြောင့်ငြင်းလိုက်ပါသည်။
အဲ့သလိုနှင့်သင်္ကြန်ကျရင် တစ်ရက်အလိုရောက်ချေပြီ။ စိတ်တူညီသောသူငယ်ချင်းမှာ ကားကို အကြတ် အတက် ၂ရက်စာ စရံချပြီးလေပြီ။ ထိုအခ်ျိန်တွင် ထုံးစံအတိုင်း gp ထဲတွင်ငြိမ်သက်ကုန်ပြီ။ လည်မည့်အရိပ်ယောင်မမြင်ရပါ ။ ပါးစပ်အပြောဖြင့်သာ လည်ပတ်နေကြသည်။
ထိုသူတို့အားယုံကြည်သောသူငယ်ချင်းမှာ စရံဆုံးမည်ဖြစ်၍ နီးစပ်ရာဆွေးမျိုးများဖြင့်သာ လည်ရတော့မည် ဖြစ်သည်။မိမိမှာ လိုက်မည်ဟု အာမ မခံထား၍တော်သေးသည်။
သင်္ကြန်အရသာကိုမခံစားတော့ဘဲ အနားယူမည်ဟု ဆုံးဖြတ်ထားကာ နေလိုက်တာ
သင်္ကြန်အကျနေ့သို့ရောက်ခဲ့ပေပြီ။ သင်္ကြန်ဆိုတာလဲ တစ်မျိုးပါလား သင်္ကြန်သီချင်းသံကြား
တော့ စိတ်ထဲမှာ ဒီနှစ်သင်္ကြန်ရေမစိုပါလား လို့ တွေးနေမိသည်။
သင်္ကြန်အကျနေ့ ၌ မေမေအား အလုပ်ကူလုပ်ပေးနေစဉ် သူငယ်ချင်း ရွေး ဆီမှ ဖုန်းဝင်လာသည်။ မနက်ဖန်သင်္ကြန်လည်ကြရအောင်တဲ့ သူတို့နားမှာ လည်မဲ့ကားတစ်စီးရှိတယ်တဲ့ပြောတော့ စိတ်ပါသွားသည် ။ ထိုကားနှင့် ကျွန်မတို့ နေရာမှာ သိပ်မဝေးသောကြောင့် လည်ရန်အခက်ခဲမရှိလှပါ။ ရွေးမှာ အလုပ်ထဲတွင် တူတူလုပ်ကိုင်ခဲ့ဖူးသော သူငယ်ချင်းဖြစ်သည်။
ထို့ကြောင့်သူဖြင့်လည်ရင် အခက်ခဲမရှိလောက်ဟုမှတ်ယူကာ လည်ရန်ဆုံးဖြတ်လိုက်သည်။
သင်္ကြန်အကြတ်နေ့ အိမ်မှမနက်စောစော ထကာ ရန်ကုန်မြို့ထဲသို့ စတင်လည်ပတ်ခဲ့သည်။ လူကလဲအရမ်းကြပ်သည်။ သင်္ကြန်ကားများမှာ မျက်စိတစ်ဆုံးကြည့်ရင်တောင် မြင်နေရသည်။ လွတ်သောကွက်လပ်မရှိ ကြပ်ညှပ်သတ်နေသည်။
လမ်းပေါ်ကြည့်လိုက်လျှင် နှင်းဗူးခွံများ ဘီယာဘူးခွံများ အချိုရည်ဗူးများ ပလပ်စတစ်အိတ်များဖြင့်ပြန့်ကြဲနေသည်။
သင်္ကြန်ကားများပေါ်တွင် မူးထူးကာ အိပ်ပျော်နေသော သူများလဲတွေ့ရလေသည်။နေကလဲပူနဲ့ လူများမှာ ငါးကျီးခြောက်ဖြစ်လာခဲ့သည်။ မဏ္ဏပ်တစ်ခုရောက်ရန်ကား မှာအတော်တိုးယူရသည်။
ထိုအရာသည်ကား နှစ်စဉ်ကြုံတွေ့ရသော သင်္ကြန်လည်ခြင်းအကျိုးတည်း။ကျွန်မသည် သင်္ကြန်လည်သည့်အမှတ်တရအဖြစ်
ဓာတ်ပုံတစ်ချို့အား facebook တွင်တင်ခဲ့သည်။
ထိုပုံကိုမြင်သော gp မှသူငယ်ချင်းများသည် ကျွန်မအား အပြစ်မြင်ကျလေသည်။
အစောတည်းက သူတို့နှင့်မလည်ဖြစ်ကြောင်း ပြောထားသည် ။ စိတ်တူသူငယ်ချင်းက နားလည်သော်လည်း ကျွန်မကိုပြောနေကြသောသူများမှာ ဘေးထိုင်ဘုပြော သမားများဖြစ်သည်။
ကိုယ်ကလဲမလိုက် သူများတွေသွားတော့လဲ အပြစ်လိုက်မြင်နေသည်။
ထို့ကြောင့် ကိုယ်တစ်ခုခုကို လုပ်မည်ဟု ဆိုပါက ဘယ်အရာမှမကြည့်ပါနှင့် ကိုယ်လုပ်ချင်တာကိုလုပ်ပါ။ တစ်ယောက်ထဲလုပ်လို့ရရင် တစ်ယောက်ထဲသာလုပ်ပါ။အများနှင့်လုပ်မည့်ကိစ္စတွင် သဘောထားသည် ကျွန်မတို့ ခရီးသွားမည့် ကိစ္စလို ကွဲလွဲပါက အချိန်ကုန်၍သာ အဖက်တင်ခဲ့သည်။ဘေးထိုင်ဘူုပြော သူများပါနေက အလုပ်သည် တွင်ကျယ်လာမည်မဟုတ်သဖြင့် အကျိုးမရှိသော ကိစ္စရပ်များကို အရေးလုပ်မည့်အစား အကျိုးရှိသည်များကို ဆောင်ရွက်တက်ကြပါစေကြောင်း ကျွန်မ၏ water festival plan ကို အကြောင်းပြုကာ ရေးသားတင်ဆက်လိုက်ပါသည်။
Thanks for steemit member all my fri
Photo credit by own image
MSC-233
@nwenwe
နေရာတိုင်းမှာ အတည့်အတိုင်းမသွားကြတဲ့ ဂဏန်းတွေ များလာပြီ ညီမရေ ကိုယ့်လမ်း ဖြောင့်ဖြောင့် သွားနိုင်ဖို့က အရေးကြီးဆုံးပဲ😊
ဟုတ်တယ်
သူငယ်ချင်းဆိုတာကလည်း လူညီမှပျော်ဖို့ကောင်းတာ
ဒီနှစ်လည်မယ်ဆို ကားငှားထားပေးမယ်နော်
OK
အလုပ်ထဲမှာကော အဲဒီလိုလူတွေမမြင်မိဘူးလား
နိုင်ငံရေးတွေ မဖြေပါရစေနဲ့ ဆရာရေ
စိတ်တူ ကိုယ်တူ တွေသာ အကောင်းဆုံးပါ😊😊
ဟုတ်တယ်
ကောင်းပါတယ်
Thanks
စိတ်တူတဲ့သယ်ရင်းတွေရထားတာ အရမ်းကောင်းတယ်
မတူတဲ့သူငယ်ချင်းတွေဘေးချိတ် စိတ်တူလေး တွေရွေးပေါင်းရတာပေါ့နော်
ကိုယ်မှန်တယ်လို့ ယုံကြည်နေရင် လုပ်လိုက်တာ အကောင်းဆုံးပါဗျာ
ကိုယ်မှန်တယ်ထင်ရင် ကိုယ်လုပ် အကောင်းဆုံးဘဲ
ဘေးလူတွေပြောတာကို ဂရုစိုက်နေရရင် ဘာမှတောင်လုပ်ဖြစ်လိုက်တော့မှာ မဟုတ်ပါဘူးဗျာ
ဟုတ်တယ် တစ်ခါတစ်လေ ကိုယ်မှန်တယ်ထင်ရင် လှည့်မကြည့် တော့ဘူး