အဆင့်အတန်း (အပိုင်း ၃)
- လှပသောနှလုံးသားများရိုက်သွင်းစေချင်*
ကျွန်မသည်တစ်နေ့သောအခါက အိမ်သို့ အမျိုးများရောက်ရှိလာ၍ အလည်ခရီးလိုက်ပို့ရန်တာဝန်ကျလေသည်။
မနက်ပိတ်ရက်လဲဖြစ်တာကြောင့် လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။ လိုက်ပို့ရသောသူများမှာ မောင်တစ်ဝမ်းကွဲလေးနှင့်သူ့၏
တပည့်ကောင်လေးတစ်ယောက်သာဖြစ်သည်။
ကျွန်မတို့လဲ မနက်စောစောအိမ်ကထွက်ကာ ရန်ကုန်မြို့ထဲသို့ထွက်လာခဲ့ပါသည်။
မနက်ပိုင်းအချိန်လေးဖြစ်တာကြောင့်ရွှေတိဂုံစေတီတော်မြတ်ကြီးကိုဖူးမြော်၍ ဘုရားရှစ်ခိုးခဲ့ပါသည်။ အတူပါလာသော နှစ်ယောက်မှာ selfie ဆွဲလိုက် ဘုရားဖူးလိုက်နဲ့အလုပ်ရူပ်နေကြပါသည်။
ထို့နောက်တောင်ဘက်မုဒ်သို့ဆင်းကာမဟာဝိဇယစေတီတော်ကို တက်ရောက်ဖူးခဲ့ပါသည်။Happy world ထဲသို့ဝင်ကာ သရဲရထားလဲစီးခဲ့ပါသည်။ ထို့နောက်တောင်ဘက်မုဒ်ကနေ ပြန်တက်ကာ အမျိုးကလေးတွေကိုလက်ဆောင်ဝယ်ထည့်ပေးရန် ဗုံလေးတွေဝယ်ခဲ့ပါသည်။
၎င်းနောက် နောက်ဘက်မုဒ် မှဆင်း၍
ပြည်သူ့ရင်ပြင်ပေါ်သို့ သွားရန်ဆင်းလာတုန်း နောက်ဘက်မုဒ်အဆင်းတစ်ဝက်နားလောက်စစ်ဆေးရေးနားတွင်ကောင်မလေးနှစ်ယောက်ကိုသွားတွေ့ပါသည်။
ဘုရားလုံခြုံရေးမှူးများက ထိုမိန်းကလေးနှစ်ဦးကို ဘုရားရင်ပြင်ပေါ်သို့ပေးမတက်တာပါဘဲ။ သူမတို့နှစ်ဦးမှာ ဂါဝန်ပေါင်လည်တို ကိုနှစ်ဦးလုံး ဝတ်ထားကြပါတယ်။ကျွန်မလဲမလှမ်းမကမ်းက ရပ်ကြည့်နေမိပါသည်။
ကိုယ်တွေလိုတစ်ခြားသူများလဲကြည့်လျှက်ရှိပါသည်။
သူမတို့နှစ်ဦးကို ဘုရားရင်ပြင်ပေါ်သို့ တက်ချင်ရင် ထမီဌားပေးမည် ဝတ်သွားဟုပြောလေသည်။ ထိုနှစ်ယောက်မှာမဝတ်ချင်၍ ပြန်ဆင်းသွားကြသည်။ကျွန်မတို့လဲ ပြည်သူ့ရင်ပြင်သို့သွားရန်သူတို့နဲ့မနီးမဝေးနားလောက်ကနေ ဆင်းလာခဲ့သည်။
ထိုနှစ်ယောက်မှာကျေနပ်ပုံမရ ဖိနပ်ထည့်ထားသော ပလပ်စတစ်အိတ်ကို အမိုက်ပုံးကိုမြင်လျှက်နဲ့ မထည့်ဘဲပစ်ချကာ ပြည်သူ့ရင်ပြင်ဘက်သို့ ကူးသွားပါသည်။
ကျွန်မတို့ သုံးယောက်လဲ သူတို့ကိုကြည့်ရင်း စိတ်ပျက်စရာတွေလာတွေ့နေတော့ သက်ပြင်းချရင်းဖြင့် ပြည်သူ့ရင်ပြင်ဘက်သို့ လာခဲ့ပါတော့သည်။
ဧည့်သည်မောင်လေးနှစ်ယောက်မှာရေလွှာမိချောင်းစီးချင်တာနဲ့အဲ့ဘက်သို့လာခဲ့ပါတော့သည်။သူတို့နှစ်ယောက် ရေလွှာမိချောင်း စီးနေချိန်တွင် ကျွန်မထိုင်စောင့်နေတုန်း ဘေးနားသို့မိသားစုတစ်စုရောက်လာခဲ့ပါသည်။
ထိုသူများမှာလဲစီးရန်လာစောင့်နေခြင်းဖြစ်ပါသည်။
ထိုမိသားစုထဲက ကလေးငယ်တစ်ဦးကရေခဲမုန့်စားနေပါသည်။
ရေခဲမုန့်ကုန်တော့အမေဖြစ်သူအား အမိုက်ပုံးဘယ်မှာလဲဟုမေးပါသည်။ထိုကလေးငယ်က မသကာရှိမှ၎နှစ်သာသာပါ။ အမေဖြစ်သူက ရေခဲမုန့်ခွက်ကိုယူကာ ပေးဆိုပြီး ပစ်ချပြလိုက်ပါသည်။
ကလေးကမေးပါသည်။ အမိုက်ပုံးထဲမထည့်ဘူးလားတဲ့ ။ သူ့အမေက ရတယ် ဒီတိုင်းပစ်လဲပြောတော့ ကလေးမျက်နှာ ကတစ်မျိုးဖြစ်သွားပါသည်။
ကျွန်မအမြင်ကတော့ သူတို့မူကြိုကျောင်းလောက်မှာတော့ဆရာမကအမိုက်ကို အမိုက်ပုံးထဲသို့ထည့်ရန်သင်ပေးထားပုံရပါသည်။
ထို့ကြောင့်အဆင်းတန်းမြင့်စွာနေချင်ရင်တော့ စိတ်အဆင့်အတန်းကိုမြင့်မားစွာထားရမည်ဟုမြင်မိပါသည်။
သူများနိုင်ငံတွေလိုအဆင့်အတန်းမြင့်နေနိုင်စေရန် သူ့နေရာနှင့်သူ ယဉ်ကျေးစွာဝတ်ဆင်ကြစေရန်နှင့် မသိနားမလည်သောကလေးငယ်များ၏ရင်ထဲကိုသံမှိုမစိုက်မိစေလိုကြောင်းနှင့်
အသိပညာများကိုရိုက်သွင်း၍လှပသောနှလုံးသားများသာပေးတက်ကြပါစေကြောင်းရည်ရွယ်၍ရေးသားတင်ဆက်လိုက်ပါသည်။
ဆက်ရန်.............
Thanks for steemit member all my fri
Own created writing
Photo by me
MSC-233
@nwenwe
လူတိုင်းကို စည်းကမ်းရှိစေခြင်ပါတယ် ကျနော်အပါအဝင်ပေါ့
အရေးအသားတွေအများကြီးကောင်းလာတယ်
ဆက်ဖတ်မယ်ဗျာ..
Thanks
အလည်အပတ်သွားရင်းမြင်ခဲ့တာတွေဖတ်လို့ကောင်းပါတယ်...ဆက်ဖတ်ပါ့မယ်...
ကျေးဇူး
အဆင့်အတန်းခွဲတာမုန်းတယ်ဗျာ
ဟုတ်တယ်
ကလေးတွေရဲ့ အသိကောင်းတစ်ခုကို အုပ်ထိန်းသူတို့အနေနဲ့ ရိုက်မချိုးသင့်ပါဘူးလေ။
မိဘဆိုတာသားသမီးတွက်ရှေ့ဆောင်လမ်းပြဖြစ်ရမှာလေနော်
တစ်ချို့တလေကြပြန်တော့လည်း ခုလို အလွယ်ပြုမူမိတာက နောက်တစ်ချိန် ကိုယ့်ကလေးငယ်တွေ စည်းကမ်းပျက်စေမယ်။
အဆင်းအတန်းမြင့်စေဖို့ စိတ်ဓါတ်တွေ လုပ်ရပ်တွေက အဓိကကျပါတယ်
အသိဟာ အရေးကြီးပါတယ်။အသက်ကြီးတိုင်း အသိမရှိကြပါဘူး။
တကယ်ပါဗျာ အဆင့်အတန်းမြင့်ဖို့ စိတ်ဓါတ်မြင့်မှဖြစ်ပေလိမ့်မည်
အမှန်ဘဲ
ခုလိုစာပေမျိုးဖတ်ရတာ ကြိုက်တယ်