အော် ဆံပင်ကေ ဆံပင်ကေ
အလုပ် ပိတ်ရက်လေး အိပ်ချိန်ကြာကြာယူ နိုးတော့ အခန်းသန့်ရှင်းရေးလေးလုပ် ရေချိုး ဘုရာရှိခိုး နေ့ခင်းစာစား ပီး မှန်ကြည့်လိုက်တော့ အော် ငါ့ဆံပင်လေးတောင် ရှည်နေပီပဲ ညှပ်အုန်းမှပေါ့(မညှပ်လို့လဲမရတော့တဲ့အခြေအနေ ဆံပင်နဲ့ရုပ်က 😁) ဒါနဲ့ ဘယ်ပုံလေးလှမလဲ fb မှာ 2017-2018 ဆံပင်ပုံတေလိုက်ရှာ တွေ့ပီလေ ... ကိုယ်နဲ့ဆို တော်တော်လေးလှမယ် နုသွားမယ်လို့ ကိုယ်ဘာသာထင်မိတဲ့ပုံ 😂😂 ပြေးပီပေါ့ ဆိုင်ကို ဒီပုံ ဒီပုံ ဒီပုံစံညှပ်ပေးပေါ့ hair designer ကို ပုံလေးကိုပြလို့ပေါ့ သူကလဲ စိတ်ရှည်ရှည်ညှပ်ပေးရှာပါတယ် သို့ပေမယ့်
ကိုယ့်ပုံက အောက်က ပုံအတိုင်း 😞
ရုံးတက်ရင်တော့ သူငယ်ချင်းတွေကပြောမှာပါ လှတယ် လိုက်တယ်လို့ အားနာလို့ပြောတဲ့ပုံစံလေးတွေနဲ့ 😊😊😊
ကိုယ်ကမယုံလေ ဘာလို့ဆိုတော့ ညီမလေးကပြောတယ် မြန်မာပြည်သိန်းတန်နဲ့တူတယ်တဲ့ 😑😑
ဒါဆိုနိုင်ငံကျော်ပေါ့😃
ဟုတ်တယ် 😁
Ha Ha
မအေးတန်
ဟုတ်ကဲ့ 😂😂😂