ဂျပန်မှာ ကျူရှင်ရှိလား( Tution in japan)
မြန်မာပြည်မှာတော့ ကျူရှင်ပေါ်လာတာကြာခဲ့ပါပြီ ။ကျွန်တော်တို့ငယ်ငယ် ကျူရှိဆိုတာတက်ရ ကောင်း မှန်းမသိခဲ့ပါဘူ။ ၉ တန်းလောက်ရောက်တော့ အချို့သူငယ်ချင်းတွေသွားတက်ကြတယ်။ ကျွန်တော်တို့က တော့ မတက်ပါဘူး။ ဆရာသင်တာနေတာပဲ၊ဘာတက်နေစရာလိုသလဲပေါ့။ဒါပေမယ့်တကယ်တန်းကြတော့ အင်္ဂလိပ် စာနဲ့ ဓာတုဗေဒဘာသာရပ်တွေမှာ ဆရာမ,သင်တာတွေနားမလည်ဘူး။ ထပ်ထပ်မေးတော့လည်း ဆရာမ ကိုယ်တိုင်တောင်လည်ထွက်နေတယ်။မှတ်မှတ်ရရ ၁၉၈၀ ခုနှစ်ဆယ်တန်းစာမေးပွဲမှာမေးတဲ့ ဓာတုဗေဒ Titration ပုဒ်စာတစ်ပုဒ်က သင်ရိုးထဲမှာမပါဘူး။ ထွင်ပြီးမေးတာ ဘယ်ကျောင်းသားမှမဖြေနိုင်ခဲ့ဘူး။ ဒါနဲ့ ၁၀ တန်း တစ်နှစ်ကျသွားလို့ နောက်တစ်နှစ်မှာ ကျောင်းပြန်တက်တော့ ဆရာမကို ရှင်းပြခိုင်းတာ လည်ထွက်နေတာပဲ။ မရှင်းနိုင်ဘူး။ အင်္ဂလိပ်စာဆရာမလည်းထိုနည်းလည်းကောင်းပဲ။ ဒီတော့ဒီ (၂) ဘာသာအတွက် ကျူရှင်သင်ဖို့လို လာတာပေါ့နော်။ ကျူရှင်ကျတော့ ကွာလိုက်တာ တကယ့်ကိုရှင်းသွားအောင်သင်ပေးနိုင်ကြတယ်။၁၉၈၁ ခုနှစ်မှာ ၁၀ တန်းအောင်တယ်။
နောက်ပိုင်း ကျောင်းတွေပြီး အလုပ်ခွင်တွေရောက် အချိန်တွေကြာလာတော့ ကျူရှင်ဆိုတာ မတက်မ ဖြစ်တဲ့အရာ တစ်ခုဘယ်လိုကနေဘယ်လိုဖြစ်သွားမှန်းတောင်မသိလိုက်တော့ပါဘူး။ ဘာသာစုံကိုယူနေကြတော့ တယ်။ညံ့တဲ့ဘာသာရွေးပြီးယူတာလည်းမဟုတ်တော့ဘူး။ ပြီးတော့ ကျွန်တော်တို့တုန်းကလို ဒီဆရာသင်တာနား မလည်လို့ ကျူရှင်ယူရတာလည်းမဟုတ်တော့ဘူး။ကျောင်းမှာသင်တဲ့ဆရာကိုပဲ ကျူရှင်မှာပြန်သင်ခိုင်းရတာ ဆို တော့ အံ့သြစရာတွေပါ။ နောက်ပိုင်းကြားရတာတွေက ကျောင်းဆရာ/ဆရာမတွေက သူတို့ကျူရှင်လာမတက်ရင် ကျောင်းမှာလည်းသင်မပေးဘူးဆိုတာတွေအထိကြားလာရတော့ သြော် နာသုံးနာနဲ့ဆရာတွေတောင်ကျင့်ဝတ်တွေ ပျက်ကြပြီပေါ့။ စိတ်မကောင်းကြီးစွာဖြစ်ရသေးတယ်။
တကယ်တော့ ကျူရှင်သင်ဖို့လိုအပ်တယ်ဆိုတာ ကျောင်းကဆရာ/ဆရာမ မတတ်လို့ဆိုတာတောင်လွန် နေပါပြီ။တကယ်သင်ယူဖို့လိုအပ်တဲ့လူတွေက သူများတွေထက် နားလည်နိုင်စွမ်းခက်ခဲသူတွေ၊ စာမှာအာရုံမစိုက် ချင်ပဲ အခြားကိစ္စတွေမှာအာရုံများနေတဲ့သူမျိုးတွေကိုသာသီးသန့်ကျူရှင်တစ်ခုလုပ်ပေးသင်တာပါပဲ။
ဒီကျူရှင်သင်ကြတက်ကြတ်ာဆိုတာ တို့မြန်မာတွေပဲလားလို့ထင်ခဲ့ပေမယ်။ ဂျပန်ရုပ်ရှင်ကားတစ်ခုကြည့် ဖြစ်တော့မှ ကျူရှင်ဆိုတာဘာလည်းဆိုတဲ့ ကျူရှင်ရဲ့အနှစ်သာရတွေကို နားလည်လာပါတော့တယ်။
ဇာတ်လမ်းလေးက ဒီလို…..
ကလေးမလေးတစ်ယောက် ခေတ်ကလေးတွေအတိုင်းပျော်မယ်ပါးမယ်၊ ကာရာအိုကေသီချုင်းဆိုမယ်၊ ဘဝကိုခပ်ပေါ့ပေါ့ နေတယ်။သူအဖေကလည်း ဆန်ကုန်မြေလေးဘာညာနဲ့ ချိုးချိုးဖဲ့ဖဲ့ပြောတော့ ဘဝကိုအရွဲ့တိုက် နေထိုင်ရင်း ခပ်သွက်သွက်ကလေးမက ခပ်တုန်ုးတုန်းကလေးမလေးဖြစ်လာတယ်။မိခင်ဖြစ်သူကတော့ သူ့သမီး အတွက် မိခင်စိတ်နဲ့ ဖြစ်စေချင်လွန်းတဲ့ စေတနာကြောင့် ကျူရှင်ဆရာနဲ့တွေ့ပေးပြီး ကျူရှင်သင်ဖို့စီစဉ်လိုက်တယ်။ တက္ကသိုလ်ဝင်တန်းအဆင့်ဆိုတော့ တို့နိုင်ငံမှာ ၁၀ တန်းဆိုပါတော့။သူအမည်က အိဇုမိ။
ဒီနေရာမှာပထမဆုံးပြောချင်တာက ကျူရှင်ဆရာရဲ့ သင်ကြားနည်းစနစ်ပဲ။သူသင်ရမယ့် တပည့်ရဲ့ အရည် အချင်းကိုအကဲခတ်ဖို့ပထမဆုံး မေးခွန်း အခု ၅၀ ဖြေခိုင်းတယ်။ ကလေးမကအကုန်ဖြေထားတယ် တစ်ပုဒ် မှတော့ အဖြေမမှန်ဘူး။
အဲတာကို ဆရာကစပြီးကိုင်တွယ်ပုံက
“ချီးကြူးစရာပဲနော် မေးခွန်းတွေအကုန်ဖြေထားတယ်”
“ ခုဆရာက သမီးကိုချီးကြူးနေတာလား”
“ဟုတ်ပါတယ်”
“ဆရာ တကယ်ပျော်လိုက်တာဆရာသမီးဘဝမှာ ခုလိုတစ်ခါမှ ချီးကျူးမခံရဖူးဘူး”
“ဒါပေမယ့်”
“ဒါပေမယ့် ဘာဖြစ်လို့လဲဆရာ”
“တစ်ပုဒ်တော့မမှန်ဘူး”
“ရှင်”
ဒုတိယနေ့…
“ကဲဒီနေ့တော့ ဘယ်တက္ကသိုလ်ဝင်ခွင့်ရဖို့ကြိုးစားမလဲ”
“ရှင် သမီးဘယ်တက္ကသိုလ် ဝင်ခွင့်မှမမှန်းရဲပါဘူး”
“မဟုတ်သေးဘူးလေ…တစ်ခုခုတော့ရည်မှန်းချက်ရှိမှဖြစ်မှာမဟုတ်ဘူးလား၊ ဒီလိုလုပ် ကဲအိုတက္ကသိုလ် လောက်တော့မှန်းလိုက်၊ အမြင့်ဆုံးမဟုတ်ပေမယ့် ကဲအိုတက္ကသိုလ်ဝင်ခွင့်လည်းမဆိုးဘူးမို့လား”
“ကဲအို သိပ်မဖြစ်နိုင်ဘူးထင်တယ်နော်”
“ထားလိုက်တော့ ကဲအိုပဲ လျော့မပေးနိုင်တော့ဘူး”
တတိယနေ့…..
“ကဲ..ဒီနေ့တော့ ဂျပန်သမိုင်းလေးလေ့လာရအောင် အရင်ဆုံးဒီစာရွက်အလွတ်ပေါ်မှာ ဂျပန်နိုင်ငံမြေပုံလေး ဆွဲပေးပါလား” သူမက စက်ဝိုင်းပုံတစ်ရေးခြစ်လိုက်သဖြင့် ဆရာက..
“မဟုတ်သေးဘူးလေ..ဂျပန်နိုင်ငံက အဝိုင်းကြီးတော့မဟုတ်သေးဘူး၊ ကျွန်းလေးတွေစုပေါင်းနေတဲ့ ကျွန်းစုနိုင်ငံဆိုတော့ ပြန်ဆွဲကြည့်ပါဦး”
“နေဦး သမီးက ရုပ်ပြစာအုပ်တွေဘာတွေကြိုက်လား”
“ဟို ကာတွန်းစာအုပ်ပြောတာမို့လား၊ အရမ်းကြိုက်တယ်”
“ဟုတ်ပြီနောက်နေ့ကျ ဂျပန်သမိုင်းကိုရေးထားတဲ့ ကာတွန်းစာအုပ်တွေ မင်းဖတ်ရမယ်”
ဇာတ်လမ်းအရတော့ သင်ကြားနည်းစနစ်တွေအများကြီးနဲ့ အခက်အခဲတွေပေါင်းစုံကျော်ဖြတ်ပြီး အောင် မြင်မှုရတဲ့အထိ ပြသွားတာပေါ့နော်။ကျွန်တော်ကတော့ ဒီလောက်နဲ့ပဲ သင်ကြားနည်းထဲက လူကိုအကဲ ခတ်ပြီး တပည့်အရည်အချင်းကိုခန့်မှန်းတာပေါ့နော်။ အရမ်းကြိုက်တယ်။ ကိုယ်တပည့်အနေအထားမသိပဲ သင်နေတဲ့ ဆရာတွေအများကြီးပဲ၊ တကယ်တတ်အောင်သင်ပေးတော့မယ်ဆိုရင် ကိုယ်တပည့်ရဲ့ အခြခံပညာအခြေအနေကို သေချာပေါက်သိထားမှသာ သင့်လျော်တဲ့သင်နည်းစနစ်တွေကိုရှာဖွေအသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။
နောက် ရည်မှန်းချက်အဖြစ်ကဲအိုတက္ကသိုလ်ဝင်ခွင့်ရဖို့၊ ထားခိုင်းလိုက်တာနော်။ လူငယ်တွေတော်တော် များ များက ရည်မှန်းချက်ပျောက်နေကြတာ၊ ရည်မှန်းချက်မှမရှိသူဟာ ပဲ့မပါပဲ သွားနေတဲ့လှေလို ခရီးရောက်မှာ မဟုတ်ဘူးလေ။ ဒါကိုဆရာက ရည်မှန်းချက်ထည့်ပေးလိုက်တယ်။ ဒါကအရမ်းအရေးကြီးတယ်။ ကဲအိုတက္ကသိုလ် တဲ့။အမြင့်ဆုံးလည်းမဟုတ် အနိမ့်လည်းမဟုတ်တဲ့တက္ကသိုလ်။ ပြီးတော့မှ ရည်မှန်းချက်ပန်းတိုင်ကို တစ်ဆင့် ချင်းဆွဲခေါ်သွားတာ။
သင်ပုံကိုလည်းကြည့်လိုက်ဦး ဂျပန်သမိုင်းတောင်မသိတဲ့ကလေးမကို ဂျပန်သမိုင်းရုပ်ပြဇာတ်လမ်းနဲ့ဆွဲ ခေါ်တာ ပါလာတာပေါ့။ ကလေးကြိုက်တဲ့ကာတွန်းဇာတ်လမ်းနဲ့ခေါ်တာလေ။နောက်ဆုံး မခံချင်စိတ်၊ မနာလိုစိတ် တွေအားလုံးကို စာကျက်ဖို့ခွန်အားတွေအဖြစ်ပြောင်းပေးသွားတာတကယ့်ကို ကောင်းလွန်းတယ်။ ယောင်ချာချာ ဖြစ်နေတဲ့တပည့်တစ်ယောက်ဟာ ရည်မှန်းချက်တွေရှိလာရုံမျှမက ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုအရောက် သွားမလဲ ဆိုတာကိုပါသဘောပေါက်နားလည်သွားပြီးကဲအိုတက္ကသိုလ်ဝင်ခွင့်ရသွားပါတယ်။
ချုံ့လိုက်ရင်တော့ဇာတ်လမ်းက ဒါပါပဲ။ ဒါပေမယ့် ကျွန်တော့ရင်ထဲမှာတော့ အပြောကျယ်တဲ့ ပင်လယ်ကြီးတစ်ခုကို ဘယ်လိုကူးခပ်ရမလဲဆိုတာကိုပါ နားလည်သွားသလိုလို။
ရေးသားသူ-မင်းစိုးနိုင်
MSC 010
Photo – Google
အလွန်ကောင်းတဲ့ သင်ကြားရေးပုံစံပါပဲ။
ငါးရှာပေးတာမဟုတ်ပဲ ငါးမျှားနည်းကို အရသင်ပေးလိုက်တာလေး အရမ်းအတုယူဖို့ကောင်းပါတယ်ရှင်
ကျူ ရှင်ဆရာမတစ်ယောက်ဖြစ်သောကျွန်မအတွက်သင်ယူစရာတွေအများကြီးရသွားပါတယ်ရှင်။
အော် မအိက ကျူရှင်ဆရာမလား
ဖက်လို့အရမ်းကောင်းပါတယ်👍
အရမ်းကောင်းပါတယ်
ထားကောင်းတဲ့မာနက ထားရင်တိုးတက်ပါတယ်
သင်ယူလိုသူနဲ့ သင်ပေးသူ
စိတ်တူကိုယ်တူရှိဖို့က အဓိက
...
သင်ပေးပေမယ့် လိုက်နာသူက လိုက်နာဦးမှ
သင်ယူချင်ပေမယ့် သင်ပေးမယ့်သူကစေတနာ
ပါဦးမှ ..
...
တကယ့်လေ့လာသင်ယူလိုသူနဲ့ သင်ကြားပေးသူ
က သဟာဇတဖြစ်တဲ့အတွက် အချိန်တိုအတွင်းအောင်မြင်လာတာ။
....
ခုလိုဖတ်ရူ့ ခွင့်ရတဲ့အတွက်ကျေးဇူးပါ။
Good writing !
တစ်ဘဝစာ ကိုယ်တိုင် လမ်းကျောင်းနိုင်အောင် သင်ပေးနိုင်ရင် ပိုကောင်းပါတယ် ။
ဘီးတပ်ကုလားထိုင်လေးနဲ့တွန်းပေးတော့မယ်
ကျွန်တော်လည်း ကြည့်ဖူးတယ် ဗျ တကယ်ကောင်းတဲ့ကားလေးပါ
ထပ်ခါထပ်ခါ ကြည့်လေ သင်ယူစရာတွေ ရလေပဲ
ကြည့်ဖူးမှာပါ တကယ်ကောင်းတယ်
ဗဟုသုတရပါတယ် bro