အ​ပျော်​ဆုံး​နေ့

in #myanmar7 years ago

ကျောင်းပီး​တော့ ဘွဲ့ယူရ​တော့မယ်​​ပေါ့
ဘွဲ့တခုရဖို့ဆိုတာ ကိုယ့်​အိပ်​မက်​ ကိုယ့်​မိဘ​တွေရဲ့အိပ်​မက်
ကျောင်း​နေစအရွယ်​ကတည်းက အ​ဖေ​ပြောတဲ့စကားက
"စာကြိုးစား သမီးတဲ့ စာကြိုးစားမှ ဘွဲ့ရပညာတတ်​ကြီးဖြစ်​ပီးအ​ဖေတို့လို မပင်​ပန်းမှာတဲ့ ငါ့သမီးဘွဲ့ရဖို့က အ​ဖေ့ရဲ့အိမ်​မက်​ပဲတဲ့ ဘွဲ့မရဘူးဆိုရင်​ ညည်းကိုကတုံးတုံး သီလရှင်​ဝတ်​ခိုင်းပီး
ဘွဲ့ရ​အောင်​ လုပ်​ခိုင်းမယ်တဲ့​လေ" ​အ​ဖေ ​အ​မေ့အိမ်​မက်​ ပြည့်​ဝခဲ့ပီ ။ ကိုယ်​ဘွဲ့ရဖို့အတွက်​ ပင်​ပင်​ပန်းပန်းကြိုးစား​ပေးခဲ့ကြတယ်​ ​ကျောင်းတက်​​နေတဲ့အ​တောအတွင်း ကိုယ့်​အိမ်​စီးပွား​ရေးကျပ်​တည်းခဲ့​ပေမယ့်​မဖြစ်​ဖြစ်​​အောင်​ ကြိုးစား​ပေးခဲ့ကြတယ်​ ကိုယ့်​ရဲ့မသိတတ်​မှူ​တေ​ကြောင့်​ ကိုယ်​ပူဆာသမျှ ဖြည့်​ဆည်း​ပေးခဲ့ရတယ်​ သူငယ်​ချင်း​တေကြားမျက်​နှာမငယ်​ရ​အောင်​ တတ်​နိုင်​သ​လောက်​ဖြည့်​ဆည်း​ပေးတယ်​ ကိုယ့်​ရဲ့မလိမ္မာမှူ​တွေကိုလဲ လုံးဝအပြစ်​မမြင်​ပဲ ချစ်​​ပေးကြတယ်​ ဘွဲ့ရရှားပါးတဲ့ ကိုယ်​တို့ အသိုင်းအဝိုင်​ထဲ အ​လေး​ပေးဆက်​ဆံကြတယ်​ ။အခု​တော့ ဘွဲ့ရခဲ့ပီ ​အ​ဖေနဲ့ အ​မေ​ရေ😊ဒီအချိန်​ကစပီး အ​ဖေနဲ့အ​မေကို စိတ်​မဆင်းရဲ မပူပန်​​စေရဘူးလို့ ကတိ​ပေးပါတယ်​.
ဘွဲ့ယူတဲ့​နေ့က အ​ဖေ့ရဲ့​ကျေနပ်​​နေတဲ့မျက်​နာ အ​မေရဲ့ပြုံး​နေတဲ့မျက်​နာ​ကို​တွေ့ရ​တော့သိပ်​ကိုဝမ်းစာရပါတယ်​.​​နောက်​လဲဒီထက်​ဂုဏ်​ယူရ​အောင်​ ​ပျော်​ရ​အောင်​ ထပ်​ကြိုးစား​နေဦးမှာပါ
ကိုယ့်​အတွက်​ ​အ​ဝေးသင်​​ပြောင်း​ပေးခဲ့ရတဲ့ အချစ်​ရဆုံး မမကြီးကိုလဲ သိပ်​​ကျေးဇူးတင်​ပါတယ်​ ဘွဲ့ယူရတဲ့​နေ့​လေးကို တစ်​သက်​လုံး​မေ့နိုင်​မှာမဟုတ်​ပါဘူး​လေ ကိုယ့်​ဘဝလှပ​အောင်​ပျိုး​ထောင်​​ပေးခဲ့တ ဒီမိသားစု​လေးကို သိပ်​​​ကျေးဇူးတင်​တယ်​ ချစ်​တယ်​ ကိုယ့်​အတွက်​​တော့ ဘဝမှာ ကိုယ့်​မိသားစု​လေးကပထမပါပဲ💚IMG_20180220_173519.JPG

Sort:  

Congratulations @mgyair! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published
Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

You got a 71.43% upvote from @whalebuilder courtesy of @yairthiha. Join @whalebuilder family at our Discord Channel. Don't let your precious stake(SP) go stale...Make it do more so you have to do less. Deligate it to @whalebuilder by clicking on one of the ready to delegate links: 50SP | 100SP | 250SP | 500SP | 1000SP | 5000SP | custom amount.