ကျိုက်ထီးရိုးသမိုင်းအကျဉ်း (kyaiktiyo pagoda)

in #myanmar7 years ago (edited)

20180217_214922.jpg
Steemit မိသားစုဝင်များအား ကျိုက်ထီးရိုးဘုရားသမိုင်း ကူးယူကာ
ရေးသားဖေါ်ပြခြင်းအား အနည်းငယ် မျှရှင်းပြခွင့်ပြုပါ။

ကျိုက်ထီးရိုးသမိုင်းအကျဉ်းအား ကူးယူဖော်ပြရခြင်းမှာ
၁ - မသိသေးသူများအားသိရှိစေရန်
၂ - သမိုင်းသိပြီး ဘုရားဖူးမသွားနိုင်သေးသူများ အတွက်သိထားစေ
ချင်သောဆန္န
၃ - ရောက်ရှိပြီးသူများလဲ ဘုရားဖူးကာ ပြန်ခဲ့ကြသည်ကများသည်။
ထို့အတွက်ကြောင့် (က)ဘုရားသမိုင်း
(ခ)သွားရောက်ခဲ့လျှင် မိမိရောက်ရာနေရာသမိုင်း
(ဂ)ကျိုက်ထီးရိုးဘုရား၏ထူးခြားချက်
ထိုသို့မိမိကသိထားလျှင်ဖြင့် သွားရောက်ဖူးမျှော်သည့်အခါ ဤနေရာ
သည် အဘယ်ကြောင့်ဖြစ်ပေါ်လာသည်။ဘာ့ကြောင့် ဤအမည်တွင်
သည် ဆိုတာ သိရှိထားပါက လွန်စွာတန်းဖိုးရှိနေပေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်တိုင် ကျိုက်ထီးရိုးဘုရားမှတပါး
ကျန်ရှိသော အကြောင်းရာများကိုမသိ ဝင်သာကန်တော့ခဲ့သည်။မိမိသာသိရှိထားမယ်ဆိုလျှင် အလွန်ကြည်ညိုလေးစား တန်ဖိုးထားစွာ
ရှိနေမည် မဟုတ်ပါလားခဗျာ။ထို့အတွက်ကြောင့် ပြန်လည်ကာ မျှဝေ
ရခြင်းဖြစ်ပါသည်။

20180217_214614.jpg

ကျိုက်ထီးရိုးသမိုင်းအကျဉ်း


          ဇင်းကျိုက်တောင်နှင့် ဇွဲကပင်တောင် ဆိုသည်ကား ကျိုက်ထီးရိုးသမိုင်း အခြေခံရာ တိဿကုမာရမင်းသားနှင့် သီဟကုမာရမင်း

သား ညီအကိုရင်းနှစ်ပါးတို့ တရားရှာမှီး ကျင့်ကြံ အားထုတ်နေထိုင်ခဲ့ ကြရာ ဒေသဖြစ်ခဲ့ပေသည်။
အချိန်ကား ဘီစီ (၆၄၀) ခုနှစ် ဂေါတမမြတ်စွာဘုရား မပွင့်မီအနှစ်(၅၀) အလိုကဖြစ်ခဲ့သည်။ဇင်းကျိုက်တောင်ကားမဇ္ဇဂီရိဟု အမည်တွင်၍ ထိုအနီး၌ သုဘိန္နနာဂရ မင်းနေပြည်တော်ကြီး ရှိခဲ့ဖူး သည်။ဘုရင်တိသဓမ္မရာဇာနှင့် သီရိကပ္ပဒေဝီ တို့တွင် သားနှစ်ပါး ထွန်းကားကာ အကိုတိဿကုမာရ မင်းသားကား (၂၃)နှစ် ညီငယ် သီဟကုမာရကား (၂၁) နှစ် အရွယ်တွင် ထီးနန်းမခံယူပဲ နှစ်ဦးလုံး မိဘနှစ်ပါးအားခွင့်ပန်ကာ ရသေ့ရဟန်းပြုကာ တောထွက်ခဲ့သည်။ အ ကို ရဟန်းဖြစ်သူတရားရှာမှီးရာ ဒေသ ဇင်းကျိုက်တောင် အနောက် တောင်ဘက်သည် ပင်လယ်ကမ်းခြေဖြစ်ပြီး ဘောဂဝတီ နဂါးပြည်မှ နဂါးမများ လူအသွင်ဖန်ဆင်းကာ လာရောက်ပျော်ပါးလေ့ရှိရာ ထိုဒေသတွင် နေထိုင်သော ဝိဇ္ဇာဇော်ဂျီတို့ နှင့် တွေ့ကြုံလေသည်။ဝိဇ္ဇာနှင့် နဂါးမတို့ ပေါင်းသင်းပျော်ပါးရာမှ ရလာသော နဂါးဥတို့မှာ နဂါးပြည်သို့ ပြန်ပါမလာပဲ လူ့ပြည်၌ကျန်ရစ်ခဲ့ကြသည်။တနေ့တွင် မိဘမဲ့ဖြစ်နေ သော နဂါးဥနှစ်လုံးကို တိဿရဟန်းက တွေ့ရှိသွားရာမှ ဇွဲကပင် တောင်တွင် တရားအားထုတ်နေသော ညီငယ်သီဟရသေ့အား ဥ တစ်လုံးခွဲ၍ပေးကာမွေးမြူစောင့်ရှောက်စေခဲ့သည်။အဏ္ဍဇဖြစ်သော ထိုဥနှစ်လုံးမှာ လူသားကျော်းလေးများအဖြစ် ပေါက်ဖွားလာသောအခါ တိဿရသေ့ကြီးထံတွင် ဖွားသောသားအား နေထွက်ချိန်တွင်ဖွား၍ သူရိယကုမာရ ဟူ၍လည်းကောင်း အမည်ပေးခဲ့ကြသည်။သို့သော် စန္နကုမာရမှာ ၁၀ နှစ်သားအရွယ်တွင် ကျောက်ရောဂါ ဆွဲကပ်၍ စောစီးစွာကွယ်လွန်ပြီးနောက် မဇ္ဈိမတိုင်း မိတ္ထီလာပြည်ရှိ သူဌေးကြီးတစ်ဦး၏ ဝမ်း၌ပဋ္ဌိသန္နေပြန်၍တည်သည် ဟုဆိုသည်။ ထိုအမျိုးသမီမှ မွေးဖွားသောသားကား နောင်တွင် ရဟန္တာတစ်ဆူဖြစ်ပြီး ဂေါတမမြတ် စွာဘုရားရှင်အား သုဝဏ္ဏဘူမိသို့ ကြွချီရန် ပင့်လျောက်သော ဂဝံပတိရဟန္တာအရှင်မြတ် ဖြစ်လာပေသည်။မွေးစားသားတော်နှင့် အတူ နေထိုင်၍ တရားကျင့်ကြံသော တိဿရသေ့ကြီးမှာ ဇင်းကျိုက်တောင်မှခွာ၍ ကျိုက်ထီးရိုးတောင်မ၏ မြောက်ဘက်ရှိ မုဆိုးတောင်တွင်ပြောင်း ရွှေ့တရားအားထုတ်သောအခါ ရွာပေါင်း (၃၀)ကျော်အုပ်ချုပ်သော ကရင်စော်ကဲကြီး ဘိုးကော်လွတ်နှင့်ဇနီး နန်းကြာဟဲ တို့ကလာ ရောက်ဖူးမျှော် ကိုးကွယ်ကြသည်။၎င်းတို့ဇနီးမောင်နှံက သူရိယကုမာရမင်းသားလေးအား သားအဖြစ်မွေးစားခွင့် တောင်းကြရာ ထိုသူငယ်မှာ တစ်ချိန်တွင် သုဝဏ္ဏဘူမိနေပြည်တော်၌ မင်းအဖြစ် မင်းအဖြစ် ရရှိတော့မည် ဖြစ်သဖြင့် မပေးပဲထားခဲ့သည်။တိဿရသေ့ကြီးမှာ နောက်ထပ် တစ်ကြိမ် နဂါးဥ နှစ်လုံးအား ကျီးကန်းဂူ အတွင်းမှရရှိ
ပြနါသည်။ထိုဥနှစ်လုံးအား ညီအကိုနှစ်ဦး ခွဲဝေယူကာ မွေးစားခဲ့ပြန်ရာ သမီးငယ်နှစ်ဦးဖွားခဲ့၍ တိဿရသေ့ကြီးထံမှ သမီးငယ်မှာ ဘိုး ကော်လွတ်နှင့် နန်းကြာဟဲတို့မွေးစားခွင့်ရခဲ့သည်။ဤသမီးငယ်နှင့်အတူ ပန်းတင်ကျောက်ဖြာ၌တွေ့သော ယောက်ျားလေးကိုလဲ ရသေ့ ကြီးက တပါထဲထည့်ပေးလိုက်သည်။ဘိုးတော်လွတ်တို့ ရရှိသော မောင်နှမနှစ်ဦးကား ရွှေနန်းကျင်နှင့်အကို ငပန်းတင်တို့ ဖြစ်လာကြ သည်။ထို့နောက်တွင် နဂါးဥဖွား သူရိယကုမာရသည်လည်း သုဝဏ္ဏဘူမိပြည့်ရှင်ဘုရင် ဖြစ်သောအခါ ရသေ့နှစ်ပါးအမည်ကိုယူ၍ တိဿဓမ္မသီဟရာဇာတွင်သည်။ရွှေနန်းကျင်သည် မင်းမိဘုရားဖြစ်ခဲ့ပြီး နောက် ကျိုက်ထီးရိုး ရင်ပြင်အနီး၌ ကွယ်လွန်ခဲ့သည်။မိတ္ထီလာပြည် အတုလသူဌေးကြီး၏သမီး သုမနဒေဝီမှမွေးသော သားငယ်မှာ( ၈ ) နှစ်သား အရွယ်ဖြင့်ပင် ရဟန္တာဖြစ်ကာ ဂဝံပတိအမည်တွင်ကာ မဇ္ဈိမ ဒေသသို့ ကြွသွားပြီးနောက် ဘုရားရှင်အား ပင့်ဖိတ်ခဲ့သူဖြစ်သည်။
မြတ်စွာဘုရားရှင်လည်း သုဝဏ္ဏဘူမိ သို့ ကြွချီပြီး ခုနှစ်ရက်ပတ်လုံး သီတင်းသုံးတော်မူ၍ တရားရေအေး အမြိုက်ဆေး တိုပ်ကျွေးပြီး နောက် မဇ္ဈမဒေသသို့ ပြန်ကြွရန် ပြင်ဆင်ချိန်၌ တိဿရသေ့ သီဟရသေ့တို့တောင်းပန်မှုကြောင့် ဆံတော်ခြောက်ဆူ ပေးသနားတော်မူခဲ့သည်။မဟာသက္ကရာဇ် ၁၁၈ခု ဘီစီ ၅၇၅ ခုနှစ်တွင်တိဿရသေ့ကြီးမှာ အိုမင်းခြင်း အဖြစ်သို့ရောက်ရှိပြီး နတ်ရွာနိဗ္ဗာန်လားတော်မူမည့်
အရေးကို မြင်လာသည်။ထို့ကြောင့် မိမိဦးခေါင်းတွင်းသိမ်းစည်းထား
ခဲ့သော ကလာသရသေ့ကြီး၏ ဆံတော်အပါအဝင် ဆံဓာတ်တော်များအား မိမိဦးခေါင်းပုံနှင့်တူသော ကျောက်လုံးတော်၌ ဌာပနာရန် ဆန္န ဖြစ်ပေါ်လာလေသည်။
ရသေ့ကြီး၏ဆန္နအတိုင်း သိကြားမင်းသည် သမုဒ္ဒရာ တွင်းမှ ကျောက်လုံးကြီးအား ရှာဖွေပေးပြီးနောက် ဗုဒ္ဓ၏ဆံတော်များအား ထိုကျောက်တုန်းတော်ကြီး အတွင်း၌ ထည့်သွင်း ဌာပနာလေသည်။ဘုရင်တိဿဓိမ္မသီဟရာဇာလည်း တောင်ဇွန်းအငူတွင် တည်းတည်းလေးတင်ထားသော ကျောက်လုံးတော်ကြီးပေါ်၌ စေတီတစ်ဆူ တည်ထား ကိုးကွယ်လေရာ (ယခင် - ကျိုက်ဣသိယို - ရသေ့ရွက် သောဘုရား)ယခုကျိုက်ထီးရိုးဘုရား ဟူ၍ တွင်ခဲ့ပါလေသတည်း။
20180217_152752.jpg
နောက်လာမည့်postတွင်ကျိုက်ထီးရိုးဘုရားအားဘူမိဗေဒပညာရှင်တို့လေ့လာတွေ့ရှိချက်နှင့်ထူးခြားချက်အား
ဆက်လက်ဖေါ်ပြ ပေးသွား
ပါမည်။

ရေးသားသူ - msc - 042
@mgmgaung (or) kokokyaw

Sort:  

Sneaky Ninja Attack! You have been defended with a 1.26% vote... I was summoned by @mgmgaung! I have done their bidding and now I will vanish...Whoosh

Thank you for collaborating with me to promote this post as explained at https://steemit.com/steemit/@jerrybanfield/10-ways-to-fund-a-steem-growth-project.