ကိုယ့်​ဖုန်း ကိုယ့်​​ဘေလ်​ဖြင့်​ စိတ်​ချမ်း​မြေ့စွာ ​နေထိုင်​ပါ

in #myanmar6 years ago

လူမှုကွန်​ယက်​​​တွေ​ပေါ်မှာ ​နေ့စဉ်​​နေ့တိုင်း မမြင်​ချင်​လည်း မြင်​၊ မ​တွေ့ချင်​လည်း ​တွေ့ ​နေရတာ​တွေက သတင်း​တွေ အတင်း​တွေပါပဲ ။

စိတ်​ချမ်း​မြေ့ ကြည်​နူးစရာ သတင်း​တွေ ၊ စိတ်​ပျက်​ဝမ်းနည်းဖွယ်​ရာ သတင်း​တွေ ကြုံရမြင်​ရနိုင်​သလို တစ်​​ယောက်​နဲ့တစ်​​ယောက်​ ပုတ်​ခတ်​ကြ​သော အတင်း​တွေနဲ့ မလိုသူ​တွေကို ထိုးနှက်​ကြ​သော အတင်း​တွေ၊ မဆီမဆိုင်​ ​ဖောင်းထုကြ​သော အတင်း​တွေ​ကောပါ မြင်​​နေကြုံ​နေ ကြရတာ လူမှုကွန်​ယက်​ သုံးသူ​တိုင်းပါပဲ။

ကောင်းသတင်း ဖြစ်​​စေ ၊ ဆိုးသတင်း ဖြစ်​​စေ ၊ ပုတ်​ခတ်​​ပြောဆိုကြ​သော အတင်း​တွေ ဖြစ်​ပါ​စေ တစ်​ခုခုထူးခြား​သည်​ဆိုပါက ​ပေါ်ပင်​အ​နေနဲ့ shareကြ ၊ ဝန်းရံကြ ၊ ပုတ်​ခတ်​ကြနဲ့ ရက်​အတန်​ကြာအထိ လှုပ်​လှုပ်​ခတ်​ခတ်​ ရှိကြစမြဲပါ. . . ။

လူမှုကွန်​ယက်​​ပေါ်မှာ ​ဟစ်​ဖြစ်​​လာတဲ့ ဖြစ်​ရပ်​​တွေက သတင်းမှန်​​တွေ ဖြစ်​နိုင်​သလို သတင်းအတုအ​ယောင်​​တွေလည်း ​ပေါများလှ​သော​ကြောင့်​ ဆင်ခြင်​သုံးသပ်​ပြီးမှ ယုံကြည်​နိုင်​​လောက်​​သော ခို​င်​မာ​သေချာမှုကို ​တွေ့မှ ယုံကြည်​သင့်​ပါတယ်​။ သတင်းမှန်​ ဖြစ်​နိုင်​/မဖြစ်​နိုင်​​တွေ ဆင်​ခြင်​သုံးသပ်​ ​မေးမြန်းတိုင်​ပင်​ပြီးမှ ယုံသင့်​ပါတယ်​။ ဒါမှ ကိုယ်​တိုင်​က မဟုတ်​တာကို ဖွမိတဲ့ အဖြစ်​မျိုး ​ကင်း​ဝေးနိုင်​မှာပါ။

သတင်းမှန်​​တွေရှိသလို သတင်းအတုအ​ယောင်​​တွေ၊ အတင်း​တွေကို သတင်းလုပ်​ ဖွသူ​တွေ​ ​ပေါများလွန်းလှ​သော​ကြောင့်​ မြင်​ရ​တွေ့ရ အကုသိုလ်​ ဖြစ်​ရတာ​တွေလည်း အများပါ။ တစ်​ခါတစ်​​လေမှာ လူမှုကွန်​ယက်​​တွေကို အသုံးပြုရတာကလည်း ကိုယ့်​ ဖုန်း​ဘေလ်​ ကိုယ်​ထည့်​ ၊ ကိုယ့်​ထမင်းကိုယ်​ စားပြီး လိုင်းတက်​ကာ အကုသိုလ်​ကို ​ငွေနဲ့ ဝယ်​ယူ​နေရသလိုပါပဲ . . .။

social_media.jpg

ဒါ့​ကြောင့်​ ကိုယ်​ထမင်းကိုယ်​ စားပြီး ကိုယ့်​​ငွေကိုယ်​ သုံး ၊ ကိုယ့်​​ဘေလ်​ကိုယ်​အကုန်​ခံပြီး လိုင်းသုံးကြရင်း အကုသိုလ်​ မဖြစ်​ရ​အောင်​ ​နေဖို့ဆိုရင်​ သူများကို အပြစ်​မြင်​​နေလို့ မရပါဘူး။ လူမှုကွန်​ယက်​ အသုံးပြုသူ​တွေဟာ အနယ်​နယ်​ အရပ်​ရပ်​ နယ်​ပယ်​​ပေါင်းစုံက စရိုက်​​ပေါင်းစုံရှိသူ​တွေပါ။

ကိုယ့်​ထက်​ အသိဥာဏ်​ အ​တွေ့အကြုံ ဗဟုသုတများတဲ့သူ​တွေ ရှိနိုင်​သလို ကိုယ့်​ထက်​ အ​တွေ့အကြုံ ဗဟုသုတ နည်းပါးသူ​တွေလည်း ရှိနိုင်​ပါတယ်​။ ဒါ့အပြင်​ အသိဉာဏ်​ဗဟုသုတ လုံးဝ နီးပါး ​ခေါင်းပါးကြသူ​တွေလည်း ရှိ​နေပါ​သေးတယ်​။

ဆို​တော့ကား ဒီလိုလူ​တွေ ရှိ​နေတာကို ကိုယ်​က နားလည်​ရပါမယ်​။ ကိုယ့်​စိတ်​ထဲ ဘဝင်​မကျတိုင်း အလိုမကျတိုင်း လူမှုကွန်​ယက်​ကြီးက ဘာဖြစ်​တယ်​ လူ​တွေက ဘာဖြစ်​တယ်​ဆိုပြီး ကိုယ့်​စိတ်​က​တွေးပြီး ​သောကပွား ​ဒေါသများ ​နေစရာ မလိုပါဘူး။

အရမ်းလွဲမှား အသိဉာဏ်​နည်းပါးသူ​တွေရဲ့ ဖြစ်​စဉ်​​တွေ လုပ်​ရပ်​​တွေ မြင်​ရင်​လည်း ​သြော်​ သူ့ခမျာ ​တော်​​တော်​ကို လွဲမှား​နေပ့လား သနားစရာပါပဲလား လို့ ​ဖြေ​တွေးလိုက်​ပါ။ ရိုင်းစိုင်းရမ်းကား ဆဲဆို​နေသူ​တွေ မြင်​ရင်​လည်း ​သြော်​ ဒီလိုလူ​တွေလည်း ရှိ​နေပ့လား ဆိုပြီး မမြင်​ချင်​​ယောင်​​ဆောင်​ထား ​ပေးလိုက်​ပါ။ ဘ​လော့သင့်​ ဘ​လော့လိုက်​ပါ။ကင်းကင်းရှင်းရှင်း ဖြစ်​တာ​ပေါ့။

အပူ​သောက ဆိုတာ သူတို့ ​ပေးတိုင်း ကိုယ့်​ဆီ မ​ရောက်​ပါဘူး။ ကိုယ်​က ယူလိုက်​ လက်​ခံလိုက်​မှ ​ရောက်​တာမျိုးပါ။ ဒါ့​ကြောင့်​ ​လူမှုကွန်​ယက်​​တွေ အသုံးပြုပြီး အပူ​ပေး​နေသူ​တွေဆီက အပူ​တွေကို မယူပါနဲ့၊ လက်​မခံမိပါ​စေနဲ့ ။ ​စိတ်​​သောက​တွေ အ​ရောက်​မခံပါနဲ့။

လူမှုကွန်​ယက်​ အင်​တာနက်​ အွန်​လိုင်း အသုံးပြုပြီး ကိုယ်​ နှစ်​သက်​စိတ်​ဝင်​စားရာ အ​ကြောင်းအရာ ဗဟုသုတ ပညာရပ်​များကို များစွာ​လေ့လာလိုက်​စားပြီး ကိုယ့်​လူမှုကွန်​ယက်​အ​ကောင့်​မှာလည်း ကိုယ်​နှစ်​သက်​ရာ အများမထိခိုက်​ အကျိုးဖြစ်​စရာ​လေး​တွေ တင်​ရင်း ​ပျော်​​ပျော်​ရွှင်​ရွှင်​ စိတ်​ချမ်း​မြေ့စွာ သုံးစွဲ၍ ​သောကကင်း​ဝေးကြပါ​စေ​သတည်း ။

MSC - 253
@masterinnwa
Photo Credit; Google Image

Sort:  

ကိုယ့်အတွက်ကောင်းတာ အကျိုးရှိတာဆိုရင်တော့ ယူပေါ့ဗျာ။တချို့ကတော့ အဲ့လိုမဟုတ် ဦးအင်းပြောသလိုပဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုသိုလ်ဝယ်နေကြတာ။

Habla, blah blah blah blah blah, Español for my bunghole...

ဟုတ်​ပ့ဗျို့

ပေးတဲ့ဆုနဲ့ပြည့်ပါစေဥအင်ဥရေ။လိုင်းသုံးရင်းပျော်တာတော့ပြောမနေနဲ့။နေကပူတာကိုးဗျာ။သူများလဲမထိခိုက်ဘူးအာ့လဲဟုတ်တယ်။သူများတွေနားမသွားဘူးပူလို့သူလဲကပ်ချင်မှာမဟုတ်ဘူး။ကိုယ်လဲမကပ်ချင်ဘူးတအားပူတော့။အဲ့ကျနှစ်ယောက်လုံးမထိခိုက်တော့ဘူး။အကျိုးလဲရှိတယ်။ပူတော့ချွေးထွက်တယ်ထမင်းလဲမစားနိုင်ဘူလေ။အရင်သုံးနပ်စားတာ ခုနှစ်နပ်ပဲစားနိုင်တော့တယ်။တစ်နေ့တစ်နပ်သက်သာသွားတယ်ဦးအင်းရေ။ဦးအင်းရေးတာနဲ့သားနဲ့ကွက်စတိပဲ။

တိန်​ ​ကောင်း​ရေ

ဟုတ်​တယ်​ဗျို့ .. ကိုယ့်​ phone ကိုယ့်​ bill နဲ့ အကျိုးယုတ်​​စေမယ့်​ အဖြစ်​မျိုး​တော့ အဖြစ်​မခံ​တော့ဘူး ဦးအင်း​ရေ .. တကယ်​ အဖိုးအထုပ်​အထည်​တန်​တဲ့ post ပါပဲလို့ ..:-P

ဟုတ်​ဗျို့

ဟုတ်ကဲ့ ဦးအင်း......
အဲ့ ဖွဘုတ်ကြီး မရှိမကောင်း ရှိမကောင်း 😁

ဟီး ဟုတ်​ပ့

ဟုတ်ပ သူပေးလဲ ကိုယ်ယူမှဖြစ်တာ
fb လေ

ဟုတ်​တာ​ပေါ့ ဦး​ထွေး​ရေ

ဟုတ်ကဲ့ဗျာ အဟီး

အိမ်း

ကိုယ့်ဖုန်း BPyae wifi ကပ်သုံးတော့ရောဗျ

အမြင်​ကတ်​လို့ Wifiပိတ်​ခံရတတ်​တယ်​တဲ့ ငိ

ကိုယ့်ဖုန်း ကိုယ့်ဘေဖြင့် ကိုယ့်ဘာသာ ပွတ်တယ် ဘာဖိလဲ

တိန်​ ပြတ်​သားချက်

ဟုပါ့ဗျာ ကို့်​ပိုက်​ဆံနဲ့ကိုယ်​စိတ်​မညစ်​​အောင်​​နေသင့်​တာ​ပေါ့

မှန်​ပ့ဗျာ