Wanna Forget You..( မင်းကို မေ့ချင်မိတယ်)
ဒီမနက်ပေါ့ ရောင်နီဖျော့ဖျော့နေရောင်အောက်
လေက ဝေပတ် အေးစက်စက်နဲ့
မြူတွေလား ေ၀ဝါးနေတဲ့
လမ်းမထက် သတိရစိတ်တွေ ပြန့်ကျဲ့................
လမ်းခွဲခဲ့တာလား ဆုံဆည်းဖို့မဖြစ်ကြလို့
ခွဲခွာခဲ့ကြာတာလား မသေချာခြင်းကြား
ဝေးကွာသွားတာကတော့
နှစ်တွေလည်းပြောင်း ရက်ဟောင်းတွေတောင်
နှစ်ပတ်လည်နေပီ...............
မတွေးလည်းရောက်လာတတ်တဲ့
မေ့မရတဲ့ အတိတ်ကဒဏ်ရာ
မဖြေသာတဲ့ စိတ်လား
မရေမရာတော့တဲ့ အနာဂတ်လမ်း
မင်းမပါတော့မှာသိရက်နဲ့
စမ်းတဝါးဝါး လျှောက်နေခဲ့ရလို့လား.............
အရာရာဟာ အချိန်နဲ့အမျှ
ပြောင်းလည်းနေတတ်တယ်တဲ့
တစ်ခါတစ်လေ
ပြောင်းလည်းပြီလို့ထင်ထားတဲ့
စိတ်တွေလည်း
မဟောင်းနွမ်းသေးတဲ့
အတွေးထဲက မင်းကို
သတိရနေသေးတယ်.....
နွေ မှာ သတိရ
မိုး မှာ တမ်းတ
ဆောင်း မှာ လွမ်းဆွတ်ခြင်းက
မင်းထားခဲ့တဲ့ နေရာ
မင်းစေခဲ့တဲ့ အတိုင်း
ငါ့ ဖြစ်တည်ခဲ့ပါပီ.....
#Laypyay (Own Creation)
#MSC 099
No word to say.
thank bro..
Congratulations @laypyay! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Promotion တင်ရန်အတွက် ကျွန်တော့ကိုဆက်သွယ်ပေးပါခင်ဗျာ။ proသုံးကြိမ်မတင်ရင် Gpမှ ထုတ်ပယ်သွားမှာမို့ပါ။
Gp 1link
KoMoeZaw FB