မယ်ကြည်နှင့် ချင်းတွင်းငွေသောင်ယံ သင်္ကြန်ပွဲ
သင်္ကြန်အကြို မတိုင်ခင် တစ်ရက်ကပင် ကြည်တို့ ရုံးတွင် ညနေဘက်တွင် ရေပတ်ဆော့ကစားကြပြီး ရုံး ၅ရက်ပိတ်လိုက်ပြီဖြစ်သည်။ ထိုနေ့ ညနေခင်းတွင် မယ်ကြည်တို့ ကျော်ကြား လှသည်ဖြစ်သော ချင်းတွင်းငွေသောင်ယံသို့ ချီတက်ခဲ့ဖြစ်သည်။ မြစ်တစ်ဖက်ကမ်း စက်လှေကူးရုံနှင့် ရောက်သည်..။ တစ်ဖက်ကမ်းတွင် ဆိုင်ကယ်အပ်ခဲ့ပြီး စက်လှေနှင့်ကူးရသည်။ ဆိုင်ကယ်အပ်သည့် နေရာတွင်လည်း ဆိုင်ကယ် များ ပြည့်ကြပ်နေပြီး စက်လှေကူးရန် လူများမှာလည်း များပြားစွာ စောင့်ဆိုင်းနေကြလေသည်။ ဗဟို မဏ္ဍပ် မှလည်း တီးလုံးအသံများ ဆူညံစွာ ကြားနေရပြီဖြစ်သည်။ မြစ်ကမ်းစပ်တွင်လည်း ထန်းရွက်တဲလေးများ ဆောက်ထားပြီး လူအများအပြားနှင့် ကလေးငယ် များပါ ရေဆော့ကစားနိုင်အောင် ဆောင်ရွက်ပေးထားသည်ကို တွေ့နိုင်ပါသည်။
လမ်းတလျောက်တွင် ရေပန်းများ ဖြန်း၍ လူတိုင်း၏ စိတ်နှလုံးအေးချမ်းစေပါသည်..။ နွားအလှပြယာဉ်များလည်း တွေ့ခဲ့ရပြီး စတုဒီသာ မဏ္ဍပ်လဲ တွေ့ခဲ့ရသည်။ အပေါဆုံးကတော့ ဘီယာဆိုင်များဖြစ်လေတော့သည်။ အအေးဗူးများသည်လည်း 😟ဈေးကြီးလှပေသည်။ ဆိုင်ခန်းခများ ဈေးကြီးပေးရသည်ဟု ကြားသိခဲ့ရပေသည်။ ကမ်းစပ်တွင်ရောင်းနေသော ကမ္ဘောဇရှူးရှဲလ္ဘက်များ ဝယ်ယူပြီး ကမ်းစပ်တွင် ရေကစားရင်း စားခဲ့သည်။ ဗဟိုမဏ္ဍပ်ရှေ့တွင် လူအများအပြား စည်ကားလျက် ရှိပြီး တိုးမပေါက်နိုင်ပေ..။ ဝါးပြခန်းများနှင့် သဲပန်းပုများလည်း ပြသထားပေသည်။
ရေပန်းများဖြန်းထားသောအပိုင်းများတွင် အေးချမ်းသလောက် သဲပန်းပုများဖက်တွင် ဖုန်တထောင်းထောင်း ထလျှက်ရှိနေပေသည်။ မယ်ကြည်လဲ သဲပန်းပုများ ကြည့်ချင်သူမို့ ဖုန်ကြားထဲ အတင်းတိုးဝှေ့ ကြည့်ခဲ့သည်။
ညနေ ၇နာရီထိုးခါနီး ပြန်လာခဲ့ပြီး အိမ်သို့ ၈နာရီခန့်တွင် ပြန်ရောက်လေသည်..။ နောက်တစ်ရက် အကြိုနေ့မနက်ခင်းထဲက သွားချင်သော်လည်း မယ်ကြည်အိပ်ရာမှ မနိုးသောကြောင့် ညနေပိုင်းတစ်ခေါက် သွားပြန်လေသည်။ အထက်ပါ အတိုင်းပင် အဆင်ပြေပြေ ကူးခဲ့ လေသည်။ သို့သော် လူက မနေ့ကထက် ပိုများပြားသည် ထင်မိသည်။ မယ်ကြည် ယနေ့တော့ တစ်လအတွင်း အပြီးအစီး ဆောက်လုပ်ပေးသည်ဟူသော အိမ်ပြခန်းများအတွင်း ဝင်ကြည့်ခဲ့သည်။ ၄င်းနောက် စတိတ်ရှိုးစင်တွင် ခေတ္တခနမျှ မော့ခဲ့ပြီး ကမ်းစပ်သို့ သွားခဲ့ပြန်သည်။
မနေ့ကထက် လူအများအပြား ရှိနေသည်ကိုတွေ့ရသည်။ ရေနက်ပိုင်းသို့ မရောက်ရန် ကြိုးတားထားပြီး မီးသတ်၊ ရဲဝန်ထမ်းအများအပြား လုံခြုံရေး ယူထားကြသည်လဲ မြင်ခဲ့ရသည်။ ကမ်းစပ်တွင် ရေကစားနေသူများအား ကြည့်နေစဉ် မယ်ကြည့်မိခင်မှ လေမှုန်လာပြီမလို့ ပြန်ကြရအောင် ပြောသဖြင့် ချက်ခြင်းထပြန်ကြလေပြီ။ သို့သော် မမှီတော့ချေ မယ်ကြည်တို့ စက်လှေနားရောက်ခါနီး မယ်ကြည်တို့လို ပြန်ချင်သူများ တိုးဝှေ့ နေချေပြီ။ မယ်ကြည် တိုးဝှေ့ မစီးရဲပါ။ အိမ်ပြန်ချင်ခါမှ အိမ်ပြန်မရောက်လျှင် မည်သို့ လုပ်မည်နည်း။ သူ့ထက်ငါ အိမ်ပြန်ချင်ကြသူချည့်ပင်။ အောင်စိုးမိုးကျော် ရေယာဉ်ကို မျက်စိထဲ မြင်လာမိသည်။ စက်လှေပေါ် လူအများအပြားတက်နေကြသည်။ မယ်ကြည် တို့မိသားစု တိုးမတက်ရဲပါချေ။ ထိုအချိန်တွင် ဇတ်မှကူးပေးမည်ဖြစ်ကြောင်း ပြောလာ၍ မယ်ကြည်တို့တတွေ ဇက်ဘက် ပြေးကြလေသည်။ ဇက်ပေါ်ရောက်သည်နှင့် မိုးရော လေရော ချပါလေတော့သည်။ အတော်ကြာပြီးနောက် မိုးရော လေပါ ငြိမ်သွားပါပြီ။ ဇက်က မကူးပေးပါ။ စက်လှေကသာ ကူးပေးမည် ပြောပြန်ပါသဖြင့် စက်လှေဖက်ပြေးကြပြန်သည်။ မယ်ကြည်မှာ မိုးမိသဖြင့် အေးသည်က တကြောင်း စက်လှေဖြင့် လူအများကြီး မလိုက်ရဲသည်က တကြောင်း စိတ်ရှုပ်နေရသည်။ မုံရွာ တွင်နေသော အမအား ဖုန်းဆက်၍ လာကြိုခိုင်းရမည်လား တွေဝေနေချိန် မြစ်ရေပြင်တွင် လှိုင်းလဲ မရှိတော့တာက တကြောင်း မိမိတို့ ဖြတ်ကူးနေကြ မြစ်ပြင်ဖြစ်နေတာကြောင့် တကြောင်း ကြားဖြတ်စက်လှေငှါး၍ တစ်ဖက်ကမ်းသို့ ကူးရန် စီစဉ်လေသည်။ တစ်စီး ၂၀၀၀ နှင့်ငှါး၍ ဟိုဖက်ကမ်းသို့ အဆင်ပြေ ချောမွေ့စွာ ရောက်ပါသည်။ ၄င်းနောက် အိမ်သို့ ည ၉နာရီနောက်ပိုင်းမှ ပြန်ရောက်လေသည်။
မယ်ကြည်တို့ အနောက်ဘက်ကမ်းတွင် သစ်ပင်ကြီးများ လမ်းပေါ် လဲကျနေပြီး မီးသတ်အဖွဲ့ဝင်များမှ ရှင်းလင်းပေးနေသည်ကို တွေ့မြင်ခဲ့ပြီးလျှင် လျှပ်စစ်မီးများ ပြတ်တောက် နေပြီဖြစ်သည်။ မယ်ကြည် နောက်ရက် သင်္ကြန် အကျနေ့တွင် မလည်ဖြစ်တော့ချေ။ အကျနေ့ညနေမှ မီးပြန်လာသည်။ မကြည့်ဖြစ်သော Bolleywood ဇတ်ကားများ တစ်နေကုန်ထိုင်ကြည့် လေသည်။ ယခုစာကိုလဲ အိန္ဒိယဇတ်လမ်းကောင်း တစ်ကားကြည့်ရင်း ရေးနေသည်သာဖြစ်သည်။
သင်္ကြန် အကျနေ့နှင့် အကြတ်နေ့ ၂ရက်လုံး အိမ်မာပင် မုန့်လုပ်စား ဇာတ်လမ်းကြည့် မဇ္ဈိမ Channal မှ ချင်းတွင်းငွေသောင်ယံသင်္ကြန် live လွင့်တာကြည့်ရင်း အဆင်ပြေနေလေသည်။ သို့သော် မနက်ဖန် သင်္ကြန် အတက်နေ့ ဖြစ်သည့်အားလျော်စွာ ချင်းတွင်း သင်္ကြန် သို့ မုံရွာ မှ အမမိသားစုနှင့် တစ်နေကုန်လည်မည်ဟု ချိန်းဆိုထားပြီးဖြစ်သဖြင့် မနက်ဖြန် မနက်စောစော ထရအုံးမည်ဖြစ်သည်။ မယ်ကြည် သင်္ကြန် တွင်း မီးပျက်နေသဖြင့် G3 တွင် တာဝန်မကျေပွန်သကဲ့သို့ဖြစ်က ခွင့်လွတ်ကြစေလိုပါသည်။ steemit မှ သူငယ်ချင်းအပေါင်း နှစ်သစ်တွင် လိုတိုင်းတ ရနိုင်ကြစေကြောင်း ဆုတောင်းပေးလိုက်ရပါသည်။
Author @kyi
Photo by me and facebook
ကျနော်တို့လည်း ချင်းတွင်းသင်္ကြန် လာလည်မလို့ခလေးက မနေတော့ဘယ်မှမထွက်ဖြစ်ဖူးမမရေ
ဟုတ်ပါ့ ဆရာတို့. လာမယ်ပြီး😁နောက်နှစ်ပေါ့ ဆရာ😁
ဟုတ်မမ နောက်နှစ်ပေါ့
ဟိုကူး ဒီကူးလေးပေါ့
အမှန်တော့
ညောင်ဦးဖီးလို
လက်ပစ်ကူးသွား လိုက်ပြီးရော ဟာကို ...
😂
မကူးချင်ပဲလား ရေမကူးတတ်လို့😋😋
မယ်ကြည်ဆိုသော
အပျိုဖျန်းလေ
ငွေသောင်ယံမှာ
ကဲနေသည်ပေါ့။
မဟုတ်ရပါအုဗျာ😇😇ဟိ
ငွေတောင်ယံ ကမ်းစပ်ဘေးမှာ ချစ်သူပစ့် ကိုကငိုသည်...
ငိုငို😁ဟိ😁😁
မရောက်ဖူးတဲ့ဒေသတစ်ခုရဲ့သကြန်အကြောင်းသိရလို့ကျေးဇူးတင်ပါတယ်
ဟုတ်ပုံတေ ထက်ရိုက်ခဲ့ပါ့မယ်😁
အော် ကြည် တို့ ကဲနေပီပေါ့လေ ငေးးးးးးး
ကနေ့ထက်သွားမေ😁ဟိ
သဲပန်းပုတွေသဘောကျတယ် ရောက်ဖူးချင်လိုက်တာနော် မမကြည် တော်တော်ပျော်ခဲ့ရဲ့လား
ပျော်ပါ့😁ကနေ့သွားအုံးမာ သဲပန်းပုတေ ရိုက်ပို့မယ်
မမရယ် ချင်းတွင်းသင်္ကြန်က facebook တွင် စတွေ့ကတည်းက စိတ်ဝင်စားနေတာဗျ ဒီတစ်ခေါက် မမသွားရင် ဓါတ်ပုံတွေအများကြီးရိုက်လာခဲ့ကာ ဝေမျှပါဦးနော် မမ
ရေစိုမဆိုးလို့ ဖုန်းထုတ်မရိုက်ရံတာ ကနေ့ရိုက်ခဲ့မယ်
တနိုင်ငံလုံး နံမယ်ကြီး ပါ့ TV ကလဲ လိုက် ပြတာဆိုတော့ လူမရောက်လဲစိတ်ကတော့ရောက်နေတယ်လေ
အေးလို့😁
ချင်းတွင်းသင်္ကြန်ပျော်စရာကြီးနေမယ်...လူတွေအများကြီးဘဲ...သဲပန်းပုကိုသဘောကျတယ်@kyi...💖