ကုသိုလ်တစ်ဝက် အပျော်တစ်ဝက်

in #myanmar7 years ago

အိမ်ရှေ့ ပြတင်းပေါက်တွင် ငရိန်တစ်ယောက် ထိုင်နေလေသည်။သူ၏မျက်လုံးများကား တစ်နေရာကို စူးစိုက်ကြည့်လျက်။တစ်စုံတစ်ယောက်က သူ့၏မျက်လုံး
စူးစိုက်ရာအတိုင်း လိုက်လံကြည့်မည်ဆိုလျှင် တွေ့ရမည်
ကား အိမ်ရှေ့ တွင် ခုတ်ထစ်ထားသော ဗန်ဒါပင် ငုတ်တို
တစ်ခုကို တွေ့ရမည်သာ။ထိုဗန်ဒါပင် ကို အဘယ်ကြောင့်ဤမျှလောက်အာရုံ စူးစိုက် ကြည့်ရှုနေသနည်းဟုဆို
ငြားအံ့။စစ်စစ်ကား သူသည် ထိုအရာကိုစူးစိုက်ကြည့်ရှု
နေခြင်းမဟုတ်၊ သူ့၏အတွေးများကား အတိတ်နှင့်အနာ
ဂတ်ဆီ ကူးလာသန်းချည်၊ပြေးလွှားခုန်ပေါက်နေခြင်းပင်ဖြစ်၏။သူတွေးတောနေသောအခြင်းအရာကား အဘယ်နည်း။
" ခြွင်း 😂😂 (အတိတ်ကိုပြန်သွားဟန်)" လွန်ခဲ့သော၂ရက်ခန့်က ဖြစ်လေသည်။"အမေ သားကို
ဗေဒင်ဆရာက ဟောလိုက်တယ်၊ဒီနှစ်သင်္ကြန် မလည်နဲ့
ထိခိုက်ဒဏ်ရာရမယ်တဲ့"။
"ကံလည်း နိမ့်နေတယ်တဲ့၊ပြီးတော့" ဘာညာသာရကာ
အစုံ ဗေဒင်ဆရာပြောလိုက်တာကို အမေဖြစ်သူကို ပြန်
လည်ဖောက်သည်ချမိသည်။အမေ့ဖြစ်သူမျက်နှာ၌ သား
ဖြစ်သူအတွက် စိုးရိမ်စိတ်က ထင်းကနဲ မဖုံးနိုင်၊မဖိနိုင်
ဖြစ်ပေါ်လာသည်။ထိုနောက် အမေဖြစ်သူပြောလိုက်
သော စကားကြောင့် "ဂိန်ကနဲ" ငိုင်သွားလေသည်။အမေပြောလိုက်သောစကားကား
"ဒီလိုဆို မနက်ဖြန်(၁၀)ရက်နေ့၊ရွာမှာ တရားစခန်းစပြီ။
တစ်ခါတည်းဝင်လိုက်တော့ ၊တနလာင်္သား သင်္ကြန်တာလည်းသင့်နေတာ၊သားအဖေလည်း ပြောနေတာ
သားရိန်ကို လမ်းမလည်ခိုင်းနဲ့၊တာသင့်နေတာဆိုပြီး
ပြောနေတယ် မနက်ဖြန်တစ်ခါတည်း တရားစခန်းပဲ့ဝင်လိုက်တော့."ဟူသော အမေစကားကြောင့် ငိုင်ကနဲဖြစ်
ခြင်းနှင့်အတူ အမေကိုမှ ဗေဒင်ဆရာ စကားဖောက်သည်ချမိလေခြင်းတည်းဟု စုတ်တသပ်သပ်ဖြစ်မိလေသည်။ကောင်းမှုပြုခိုင်းခြင်းကိုကား တွန့်ဆုတ်ချင်ဆုတ်မည်
၊မကောင်းမှုကား တိုက်တွန်းရန်ပင်မလို သော ပုထုဇဉ်
လူသားတို့၏ စိတ်သဘောထားကား သြချသင့်ပေစွ။
သင်္ကြန်မှာ သူငယ်ချင်းတွေနဲ့ လည်ရန် အစီအစဉ်ကား စာအုပ်ကြီးတစ်အုပ်မျှ ရှည်လျား၏။ယခု သားချစ်အမေ၏ စိုးရိမ်ခြင်းကြောင့် တရားစခန်း အတင်းဝင် စေခြင်း က ကျွန်ုပ်၏မဟာ အစီအစဉ်ကို လွှင့်ပစ်ရမလိုဖြစ်နေ၏။ချက်ချင်းဆိုသလို ဥာဏ်က လင်းကနဲ ထပြေး
၏။"အမေ သားသူငယ်ချင်း လွင်မင်းဦးက တရားစခန်း
ဝင်ဖို့ပြောနေတယ်၊အဲတာ မြို့မှာသွားဝင်မယ်နော်"ဆို
ပြီး အမေ့ကို ဖြီးဖြန်းလိုက်၏။အမေကား သားကို ယုံကြည်၏။"ဒါဆိုလည်း မြို့မှာပဲ့သွားဝင်"ဆိုစကားနှင့်အတူ
အမေတစ်ယောက် အလုပ်ရှုပ်တော့သည်။
"မြို့အိမ်မှာ အင်္ကျီအဖြူက ဘယ်နထည်ရှိသလဲ၊လိုရမယ်ရ ၂ထည် ထပ်ယူသွား ၊လုံချည်က မြို့ရောက်ရင်
တစ်လုံးထပ်ဝယ်၊လိမ်းဆေးဘူးယူသွား ၊တရားထိုင်လျှင် ခါးနာ ခြေနာ ဖြစ်တတ်တယ် ၊သွားတိုက်တံလည်းမေ့မယ်" စသည်ဖြင့်စုံပလုံစေ့စွာနှုတ်ကတဖွဖွမှာလျက် အင်္ကျီက ဝတ်ရရဲ့လားတိုင်းတွာလိုက်၊ယောဂီပိုင်း စသည့် တရားစခန်း၌အသုံးတည့်မည့် ပစ္စည်းများကို အိတ်ထဲထည့်ပေးနေလေသည်။
ကျွန်ုပ်လည်း ခေါင်းကို "တအင်း အင်း" ငြိမ့်ရင်း
အမေ့စကားလည်း မဆန့်ကျင်ချင်၊သူငယ်ချင်းတွေနှင့်လည်း လမ်းလည်ချင်ဖြင့် အတွေးကျပ်နေ၏။အမေကား
ကျွန်ုပ်မြို့တက်လာအချိန်ဆဲဆဲတွင်ပင် တရားစခန်းမဝင်
ဖူးသော ကျွန်ုပ်ကို တတွတ်တွတ်မှာနေဆဲဖြစ်လေသည်။ကျွန်ုပ်သည်လည်း မြို့ရောက်မှ ကြံမည်ဟုဆိုကာ
မြို့ကို လှစ်ထွက်လာလေသည်။
ယခုလည်း ဤအကြောင်းနှင့်ပင် ငရိန် ဟူသောကျွန်ုပ်
ဗန်ဒါပင်ငုတ်ကို ကြည့်သယောင် အတွေးနယ်ချဲ့နေခြင်း
ဖြစ်သည်။အမေ့စကားလည်း မဆန့်ကျင်ချင်၊အမေ့ကို စိတ်မပျက်စေချင်။ဒီနှစ်မှ သူငယ်ချင်းတွေနှင့် လည်ရမည်
ဖြစ်၍ လမ်းလည်း လည်ချင်လေသည်။ထိုကြောင့် အမေ
ပြောသောစကားများ အတိတ်ကို ပြေး၍ကြားယောင်လိုက်၊သင်္ကြန်တွင်း ပျော်ရမည့် အနာဂတ်ကို ကူးသန်းလိုက်ဖြင့် အတွေးများလည်း ညောင်းညာ၍ ခြေကုန်လက်ပန်းကျလာလေသည်။
ဒီနေ့ (၁၁)ရက် ဖြစ်လေပြီ။တွေး၍ကြံ၍ ကောင်းတုန်း။တရားစခန်းဘက် ဦးမလှည့်သေးပေ။ထိုအတွင်း
အကြံလေး တစ်ခု ဖြစ်လာ၍ ထိုအကြံနှင့်ပင် အမေ့ကို
လေချိုသွေးရမည်ဟု တွေးမိသည်နှင့် အတန်ငယ် စိတ်
ပြေလျော့ကာ လာလေသည်။ဤသို့ဖြင့် သည်နေ့(၁၂)
ရက်၊အိပ်လိုက်၊စားလိုက်၊ဖုန်းပွတ်လိုက်ဖြင့် စည်းစိမ်း
ယူနေသည်နှင့် ညနေ ပိုင်းသို့ရောက်လာအခိုက် ဖုန်း
မြည်သံက သံစုံတီးဝိုင်းနှင့်အတူ နိုးထလာ၏။ဖုန်းနံပါတ်
ကို လှမ်းကြည့်လျက် "ဒီနံပါတ် ငါတွေ့ဖူးပါတယ် အ
တွေးနှင့်အတူ ကိုင်လိုက်စဉ်..
"မောင်ရိန် ဒီမှာ တို့မေက နင်နဲ့ပြောမလို့တဲ့ ခဏကိုင်ထား"ဆိုပြီး ရွာက မရီးတစ်ယောက်၏အသံကိုကြားလိုက်ရသည်။"ဟိုက် သွားပြီ "အမေက မရီးဖုန်းနှင့်ကျွန်ုပ်ဆီဆက်ခိုင်းခြင်းဖြစ်သည်။ထိုနောက် အမေ၏အသံက
ထွက်ပေါ်လာသည်။
"သားရိန် ဘယ်မှာလဲအခုက တရားစခန်းမှာလား "ဟု
အမေရဲ့မေးခွန်းကို ရယ်သလိုလို နွဲ့သလိုလိုအသံဖြင့်
" ဟီး ..အိမ်မှာပဲ့သေး အမေ"
"အခုထိ တရားစခန်းမဝင်သေးဘူးလား ၊ဘာလုပ်နေလဲ
ရက်ကကြာနေပီ ခုထိမရောက်သေးဘူး၊လမ်းလည်ဖို့
ပြောတာမဟုတ်လို့၊လမ်းလည်သွားဖို့ဆို နှစ်ခါအပြင်မ
ပြောရဘူး"စသည်ဖြင့် ကျွန်ုပ်၏မားသားကြီးဆူလေပြီ။
ကျွန်ုပ်လည်း ကြိုတင်ကြံထားသော အကြံဖြင့်
"သူငယ်ချင်းက တရားစခန်းမဝင် တော့ဘူးတဲ့ ၊သား
တစ်ယောက်တည်း ဖြစ်နေလို့၊ပြီးတော့ တစ်ခါမှလည်း
မဝင်ဖူးဘဲ" ကျွန်ုပ်၏စကားပင်မဆုံးလိုက်ပေ။
" တရားစခန်းဝင်တာ ဟိုလူပါမှ ဒီလူပါမှလား ၊သူငယ်
ချင်းမပါလည်း ဘာဖြစ်လဲ မနက်ဖြန်သွားဝင်တော့"ဟု
လမ်းကြောင်းပိတ်လိုက်သဖြင့် ကျွန်ုပ်၏လေချိုသွေးရန်
အကြံက မအောင်မြင်သည်နှင့် စိတ်ကိုဆုံးဖြတ်လိုက်
သည်။
"ဟုတ်ကဲ့ အခုသွားစုံစမ်းလိုက်မယ်"ဟု ပြောပြီးသည်
နှင့် ဖုန်းကိုချ နီးရာ အထုပ်ဆွဲချ ကာ ဟိုကောက်ထည့် သည်ကောက်ထည့်ဖြင့် ခရီးဆောင်အိတ်တစ်လုံး ပြည့်
လေသတည်း။ပြီးနောက် "တရားစခန်းဝင်တော့မယ်၊
လိုက်ပို့"ဟု အိမ်ကို ပြောပြီး မဟာစည်ဗုဒ္ဓသာသနာရာ
သက်ပန် ရိပ်သာ ဌာန ကို ဒုန်းစိုင်း ခရီးနှင်ခဲ့လေသည်။
ရိပ်သာသို့ရောက်သောအခါ အစ်မက နှစ်ဆန်းတစ်ရက်နေ့ထိ အပ်နှံပေးခဲ့ပြီး ပြန်သွားလေတော့သည်။
တရားစခန်း တစ်ခါမှမဝင်ဖူးသော ကျွန်ုပ် ကြောင်တောင်
တောင်နှင့်ပင် ကျွန်ုပ်နည်းတူ အသစ်ဝင်ရောက်လာသော သူများနှင့် (၉)ပါးသီလံခံယူကာ ယောဂီအဖြစ်ရောက်လေတော့သတည်း။
ဤသို့နှင့်ပင် ရိပ်သာ၌ (၁၂)ရက်နေ့ ညနေမှစ
(၉)ပါးသီလကိုအတတ်နိုင်ဆုံးလုံခြုံအောင်စောင့်ထိန်း၍ တရားထိုင်ခြင်း၊ဘာဝနာပွားများခြင်းများကို ဆရာတော်များ၏သြဝါဒနှင့်အညီ စိတ်နှစ်၍ပင် ကြိုးစားအားထုတ်လိုက်သည်။(ရိပ်သာအတွင်း အတွေ့အကြုံ များကို စာရှည်မည်စိုးခြင်းငှာ ချန်လှပ်ထားအံ့)။
(၁၄)ရက်နေ့ည။ ။မနက်ဖြန်ဆိုရင် ကျွန်ုပ်တရားစခန်းဝင်သည်မှာ သုံးညအိပ်ဖြစ်ချေပီ။ထိုစဉ်"မနက်ဖြန် ငါတို့ထွက်တော့မယ် ကုသိုလ် လုပ်ပြီးပြီဆိုတော့ သင်္ကြန်(၂)ရက် ပျော်လိုက်ဦးမည်"ဟူ၍ယာဂီလူငယ် အချင်းချင်း ပြောသံကို ကျွန်ုပ်ကြားလိုက်၏။ကျွန်ုပ်သည်လည်း
လင်းကနဲ အတွေးပေါက်လျက်.
"ကိုကြီးတို့ ရက်မပြည့်သေးလည်း ထွက်လို့ရလား"ဟု
မေးရာ၊ ထွက်လို့ရကြောင်း အဖြေရသည်နှင့် မနက် အာရုံ တရားထိုင်ခြင်းပြီးနောက် သီလယူရာတွင် ကျွန်ုပ်
မှာ(၉)ပါး သီလ မခံယူတော့ဘဲ (၅)ပါးသီလသာ ခံယူလိုက်၏။အာရုံဆွမ်း စားပြီးသည်နောက်တွင်ကား ကျွန်ုပ်
သည်လည်း ထွက်မည့်ယောဂီအစ်ကိုများနှင့်အတူ
ယောဂီထိန်းကို ထွက်မည့်အကြောင်း လျှောက်ထားလျက် ဆရာတော်များအား ရိုခိုးကန်တော့၏။ထိုစဉ် ဆရာ
တော်က သင်္ကြန် အမှီထွက်တယ်ထင်တယ် ဟုမိန့်တော်
မူရာ ကျွန်ုပ်တို့မှာ ပြုံးဖြီး ဖြီးလျက် ရိပ်သာမှ ထွက်လာခဲ့
လေသည်။
အိမ်ရောက်သည်နှင့် အိမ်သားတို့၏ ပြန်ထွက်လာပြီ
လား၊မြန်လှချည့်လား အမေးကို ဂရုမပြုအားဘဲ အင်း
သာခံပြီး အဝတ်အစားလှဲ၊မလျှော်ရသေးသော အပြင်
အင်္ကျီတစ်ထည် ဆွဲစွပ်ရင်း လျှော်ပြီးသားဖြစ်တာပေါ့
ကွာဟု တွေးလျက် အိမ်ထဲမှဆိုင်ကယ်ဆွဲထုတ်ကာ
သူငယ်ချင်း တို့ဆီ အပြေးလှမ်းခဲ့လေတော့သည်။အမေ့
ဆီကိုကား ပြန်ထွက်လာပီဖြစ်ကြောင်း အကြောင်းမကြားရဲပေ။လမ်းတစ်လျှောက်တွင်ကား အခု ငါ အမေ့စကားလည်း မဆန့်ကျင်ဖြစ်တော့ဘူး၊ ဆရာတော်
မိန့်သလို ကုသိုလ်လည်း လုပ် တစ်နှစ်မှာ တစ်ခါသာကြုံ
ရသော မဟာသင်္ကြန်လည်း ဆင်နွှဲ၊သည်သင်္ကြန်မှာ
ကုသိုလ်တစ်ဝက်၊ အပျော်တစ်ဝက် လုပ်ဖြစ်တာပေါ့ကွာ
ဟုကိုယ့် အတွေးနှင့်ကိုယ် ပျော်နေလေတော့သတည်း။ ။
image
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252
[MY PHOTO]

Sort:  

ကောင်းပါ့ဗျား .. အ​ပျော်​ချည်းပဲ မဟုတ်​ဘဲ ကုသိုလ်​တရား​တွေပါ လုပ်​ဖြစ်​​တော့ ပို​ကောင်းသွားတာ​ပေါ့ဗျာ .. ​ အကြံပိုင်သ ဗျို့ ..

သြော် အဲ့လိုလည်း ရလားနော်
@kyawthuyeinလည်း နှစ်သစ်အချိန်အခါကာလ မှ စ၍ကျန်းမာရွှင်လန်း အောင်မြင်တိုးတက် ကြီးပွားချမ်းသာ လိုအင်ဆန္ဒများပြည့်ဝပါစေ

ပေးတဲ့ဆုနဲ့ပြည့်အောင် ကြိုးစားပါ့မယ်ခင်ဗျ.

တိုင်ပြောမယ်...အမေ့ကို မလိမ့်တပတ်လုပ်တယ်ပေါ့ဟလား... :P

ဟီး လုပ်ပါနဲ့ဗျ

ချင့်ချိန်တက်တက်တာ အကောင်းဆုံးပါဘဲကွယ်

ဟုတ်ကဲ့ပါ မစုရေ

ဝါး လက်တစ်လုံးခြား နှစ်ကျပ်ကွက်တေ ပညာသင်ပါရစေလား

ဟယ် တစ်ရက်ကို
ဘယ်လိုများဖြတ်သန်းခဲ့ပါလိမ့်

ဟုတ်​သား အဲ့တာမှ တကယ်​ကုသိုလ်​တဝက်​အ​ပျော်​တဝက်​ ပါလား

ပျော်တာလဲပျော်ပေါ့ကွယ် တော်သင့်ရုံပဲကောင်းပါတယ်

ရေပတ်ခံထွက်တာလောက်ပါပဲ့ခင်ဗျ အသောက်အစားတွေ ဘာတွေ မလုပ်ပါဘူး အဲ အစားတော့လုပ်တာပေါ့ 😂😂

လူငယ်​ဆိုတာလူငယ်​သဘာဝပါပဲကွယ်​။

ဟုတ်ကဲ့ပါမကြီး