ယုံကြည်ခြင်း

in #myanmar7 years ago

မင်္ဂလာပါ ညီကိုမောင်နှမတိုရေ...
ခေါင်းစဉ်ကတော့ အဆင်ပြေသလိုပေးလိုက်ပါတယ်။ဖတ်ပြီးတော့ အကြံပြုပါအုံးဗျာ..
........
Believe = ယုံကြည်မှု ဟုဆိုရာတွင် lie =လိမ်ညာမှုဆိုတာ ပါနေတတ်တာပဲဟု အများပြောဆိုရေသားနေကြတာ ကြုံတွေဖူးကြမှာပါ။ မည်သို့ပင်ဆိုစေ အလုပ်ကိစ္စတစ်ခု ဆောင်ရွက်ပြီဆိုလျှင် ယုံကြည်ခြင်းသာ အဓိကကျသည်ဟု ထင်မိသည်။ သံသယနှင့်မယုံတစ်ဝက် ယုံတစ်ဝက် လုပ်ရပြီဆိုလျှင် အောင်မြင်မှုရဖို့ ရာခိုင်နှုန်းနည်းနေလိမ့်မည်။ မိမိ၏ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ ချစ်သူ စသည်တို့တွင် သံသယကင်းကင်း ယုံယုံကြည်ကြည်နှင့် ခက်တွဲသွားလျှင် ပျော်ရွှင်စွာနဲ့ အေးအေးချမ်းချမ်း အောင်မြင်မှုဆီကို အရောက်သွားနိုင်မည်။
ကျွန်တော် ဖတ်ဖူးသော ပုံပြင်ကလေးများရှိသည်။
တစ်ပါးသူအပေါ် ယုံကြည်မှုပေးထားခြင်းက ကိုယ့်အတွက်အောင်မြင်မှုတွေ ရရှိလာနိုင်သည် ဟုဖြစ်သည်။
.......
image
ခွန်းသိုက် နှင့် စောယု
တစ်ဦးနှင့်တစ်ဦး သဘောထားခြင်းတိုက်ဆိုင်ပြီး အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေ။ သူတို့နှစ်ယောက်ရဲ့သံယောဇဉ်ကို အတူတူကျောင်းတက်နေကြတဲ့ သူငယ်ချင်းတွေအားလုံး သိကြတယ်။ စတိတ်ကျောင်းသားဘဝကတည်းက အတူတူတစ်ခန်းတည်းမှာကျောင်းတက်ခဲ့ကြရတယ်။ ချမ်းသာတဲ့ စောယုရဲ့မိဘတွေက ခွန်းသိုက်နဲ့ ပေါင်းတာမကြိုက်ဘူး။ သူတို့်နှစ်ဦး ရေစက်ပါတယ်။ ဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်တော့လည်း အတူတူ၊ မေဂျာကတော့မတူတော့ဘဲကျောင်းတက်ခွင့်ရကြတယ်။ တစ်ဦးရဲ့စိတ်ကို တစ်ဦးနားလည်းရင် အပြန်အလှန် ခွင့်လွှတ်ခြင်းတွေနဲ့ပေါ့။
.. ဒီလိုနဲ့ ကျောင်းတွေပြီးဖို့ တဖြည်းဖြည်းနီးကပ်လာခဲ့တယ်။ ဝေးကြရတော့မယ်ဆိုတဲ့ အသိကခွန်းသိုက်ကို နေ့တိုင်းခြောက်လှန့်လာလေသည်။ ခွဲရမှာကြောက်လာပြီ။ သူနဲ့ပဲ အတူသွား အတူလာချင်နေမိပြီ။ စောယုလေးကို ချစ်နေမိပြီ။သို့သော်လည်း ဖွင့်ပြောလိုက်ရင် အခွင့်အရေးသမားအဖြင့်သက်မှတ်ပြီး စိတ်နာကြည်း မုန်းတီးသွားမှာစိုးသည်။
......
တစ်နေ့ ကျောင်းဆင်းချိန်မှာ တက္ကသိုလ်ရဲ့ အဓိပတိလမ်းမဘေးအတိုင်း လမ်းလျှောက်လာကြသည်။
စကားတပြောပြောနှင့် အချိန်တွေကုန်မှန်းမသိ လျှောက်လာခဲ့ရင်း စောယုတို့အဆောင်နားရောက်လေပြီ။
ခွန်းသိုက်က ပုခုံးထက်မှာလွယ်ထားတဲ့ စောယု၏လွယ်အိပ်ကလေး လှမ်းပေးရင်း....
ငါ...သွားတော့မယ်နော်..
မုန့်တွေကုန်အောင်စားအုံး...
ပြောရင်း.ပြောရင်း လက်ပြပြီးနှုတ်ဆက်လာခဲ့သည်။***********
ခွန်းသိုက် ရင်တွေခုန်နေသည်။
ညနေက စောယု၏လွယ်အိတ်ထဲက ရည်းစားစာလေးထည့်ပေးခဲ့တာ ပြန်တွေးရင် ရင်တွေတလှပ်လှပ်တုန်နေသည်။
သူ့ကို ပြန်ချစ်ပါ့မလား...
စိတ်နာသွားမလား.....
တွေးရင်း...အဲ့လိုမဖြစ်ပါစေနဲ့ ။ စိတ်ထဲက အကြိမ်ကြိမ်ဆုတောင်းနေမိသည်။


အိပ်ယာထက်ကို လှဲချရင်း လွယ်အိပ်ထဲက မုန့်ထုပ်တွေထုပ်လိုက်သည်။ မုန့်ထုပ်တွေနှင့်အတူ အသည်းပုံစာအိတ်လေးတစ်ခုကို စောယုတွေ့လိုက်သည်။ ထူဆန်းနေသည်မို့ ချက်ချင်းပဲ ဖွင့်ပြီးဖတ်လိုက်သည်။


စောယု....
ငါ တို့နှစ်ယောက်ရဲ့ သံယောဇဉ်တွေအတွက် ချစ်တယ်ဆိုတဲ့ စကားက နင့်အတွက်ခါးသီးနေမလား။
အဆုံးမရှိတဲ့ အနာဂတ်မှာ နင်နဲ့ဝေးရမှာ ငါကြောက်နေပြီ။ ငါနင့်ကိုချစ်တယ်။ ငါ့ကိုခွင့်လွတ်တယ် ၊ချစ်တယ်ဆိုရင်ငါလာကြိုနေကျ ကျောင်းလမ်းဘေးက ခရေပင်အောက်ကစောင့်နေနော်။ နင်စိတ်ဆိုးရင်တော့ နင်မလာတော့နဲ့နော်။
..... ခွန်းသိုက်...


စောယု စာလေးကိုဖတ်ပြီး ပြတင်းတံခါးဆီသို့ လှမ်းငေးကြည့်လိုက်သည်။ ထိန်ထိန်သာနေသည့် လမင်းကြီးနှင့် ကြယ်တာရာတို့အား တိုင်ပင်တော့မည်ထင်သည်။


နောက်တစ်နေ့ကိုရောက်ရှိလာလေသည်။
ခွန်းသိုက်လည်းစောယုစောင့်နေမည့် ခရေပင်ကြီးဆီကို သွားလေပြီ။ သူ... စိတ်ဆိုးနေပြီလား။ ငါ့ကို မုန်းသွားပြီလား ဟူသောစိတ်ဖြင့် လျှောက်လှမ်းလာခဲ့သည်။ ခရေပင်ကြီးအောက်ရှိထိုင်ခုံလေးရှိရာ လှမ်းကြည့်လိုက်သည်။ စောယုကိုမတွေ့ရပေ။ သူစိတ်ဆိုးသွားပြီထင်တယ်....တွေးရင်ခပ်လှမ်းလှမ်းမှ စောယုအလာကိုစောင့်နေသည်။
ရင်တွေခုန်နေသည်။ အခြားကျောင်းသား၊ကျောင်းသူတွေ အလျိုလျိုပြန်သွားကြလေသည်။ စောယု ဟုတ်နိုး ဟုတ်နိုးနှင့် ခရေပင်ကြီးနှင့်ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသည်။ သူ လာပီးစောင့်နေပါစေ...ဆုတောင်းသော်လည်း စောယုကို မတွေ့ရ။
ရေငတ်တုန်းရေတွင်းထဲကျသကဲ့သို့ စောယု၏သူငယ်ချင်းကို ရုတ်တရက်တွေ့လိုက်ရသည်။ လိုက်ပြီးမေးကြည့်တော့ စောယု စောစောကတည်းက အတန်းချိန်မတက်ဘဲ ပြန်သွားသည် ဟုသိလိုက်ရသည်။
သေချာနေပါပြီ။ စောယု...သူ့ကိုစိတ်နာသွားပြီ။
ဝမ်းနည်းခြင်းများစွာနှင့် ခရေပင်ကြီးဆီငေးကြည့်ရင်း ကျောခိုင်းထွက်ခွာလာခဲ့တော့သည်။


ခွန်းသိုက်.... မင်းကိုစောယုက စာပေးလိုက်တယ်..ရော့..ရော့...
ဝမ်းနည်းမှုတွေနဲ့ ကျောင်းမသွားပဲနေခဲ့သည့်ခွန်းသိုက်။
ကျောင်းဆင်းအပြန် သူငယ်ချင်းတွေကို စောယုကစာပေးလိုက်သဖြင့် ဝမ်းသာအားရဖြင့် အပြေးယူ၍
ဖောက်ပြီးဖတ်လိုက်သည်။


ငါ့ရဲ့ နှလုံးသားကိုတော့ ပြက်ရယ်မပြုသင့်ပါဘူးဟာ...နင့်လာကြိုမယ်ဆိုလို့ ငါစောင့်နေခဲ့တာ...
ငါထင်ပါတယ်၊နင်ငါ့ကို စနေတယ်ဆိုတာကို....
အဲ့ဒါကြောင့် ငါ..ခရေပင်ကြီးနဲ့ကွယ်ပြီး နင်လာတဲ့အထိ စောင့်နေတာလေ။ အပင်အောက်က ခုံပေါ်မှာတောင် နင်လာရင်ဝမ်းသာရအောင် ခရေပန်းကလေးတွေနဲ့ ချစ်တယ် လို့ရေးထားသေးတယ်။
ငါ့ရဲ့ စိတ်ကူးယဉ်ဆန်တာတွေအတွက် ငါရှက်လိုက်တာ။ ဒီတစ်ခါတော့ ငါနင့်ကို မုန်းသွားပြီ....
... စောယု...


ပူနွေးနွေးအရာတစ်ခု ခွန်းသိုက်၏ ပါးပြင်ထက်နေရာယူသွားသည်။ ဝမ်းနည်းခြင်း၊ နှမြောခြင်း၊ဒေါသဖစ်ခြင်းတွေနဲ့အတူ လက်ထဲက စာရွက်ကလေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း.....


သူငယ်ချင်းများအားလုံးခံစားနိုင်ကြပါစေ။
မိမိကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် အရာရာကို ရင်ဆိုင်ပြီး အောင်ပွဲတွေဆင်နိုင်ကြပါစေ။


ကိုယ်တိုင်ခံစားတင်ပြသည်။
@kyawthetaung(MSC-125)
image

Sort:  

အရှေ့နဲ့အနောက် မဆုံနိုင်တဲ့ အကြွေစေ့ ဘဝရောက်သွားတာပေါ့နော့်

ခေါင်းနဲ့ပန်းပေါ့😁😁😁😁😁

ဖတ်လို့ ကောင်းတယ်ဗျိုး

ကျေးဇူးပါ ဘုရား

အကိုရေ အရမ်းကို ဖတ်လို့ ကောင်းတယ်ဗျာ နောက်ပြီး
တိုက်ဆိုင်မှုရှိတဲ့သူတွေ အတွက်တော့ အရမ်းကို အတိက်
ကို ပြန်ပြီး သတိရစေတယ်လို့ ပြောပရစေ

ခုတလောsteemitမှာအချစ်logicလေးတွေ တော်တော်ဖက်ရတယ် 😁ဒီအကိုလည်းအချစ်ပဲကောင်းတယ်ဗျ

အပြန်အလှန်အရေးအသားလေးတွေသဘောကျတယ်အကို ဖိုက်တင်း

ကျလိကျလိ ဖြစ်လိုက်တာဗျာ ဖတ်ရတာ

အချစ်ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်ရဲ့ လက်ရာ မျိုးပဲဗျာ ။ ကောင်းတယ် bro။

ကျေးဇူးပါ...ကိုထွေး

စာကို သုံးခေါက်လောက်ဖတ်လိုက်ရတယ် ညီရေ
စောယုက ရောက်လာတာနောက်ကျသွားတာပေါ့ဟုတ်လား။
ခွန်းသိုက်က ယုံကြည်မှုရှိရှိနဲ့ အကြာကြီးသာ စောင့်နေခဲ့မယ်ဆိုရင်ကြည်နူးစရာဇာတ်လမ်းလေးဖြစ်သွားမှာပေါ့။

မဟုတ်ဘူးအကိုရ...
ခွန်းသိုက်မလာခင်ကတည်းက ကြိုရောက်နေနှင့်တာ။ အပင်နဲ့ကွယ်ပီး စောင့်နေတာလေ။

ဇာတ်လမ်းက ကြွေကွဲစရာလေးဗျာ ခံစားရပါတယ်

ဟုတ်တယ် အကိုရေ...

Woow အရမ်းကဗျာဆန်​လိုက်​တာ ဆရာ​လေး​ရေ...
ဖက်​ရတာ ဂွတ်တ​ယ်​ဗျာ။

ကျေးဇူးပါ ကိုလင်းရေ...