Cryptocurrency mining 1 to 7
မင်္ဂလာပါ
ဒီတခါတော့ ဘယ်လို Specification ရှိတဲ့ Item တွေ ဝယ်ယူသင်ြ့ပီးဈေးနှုန်း ဘယ်လောက်ရှိတယ်ဆိုတာတင်ပြသွားပါမယ်။
mother board
Mining သမားအများစုဟာ graphic card အများစု သုံးနိုင်တဲ့ Mother board ကိုသုံးကြပါတယ်။အမျိုးအစားတွေကတော့ ASROCK, MSI, ASUS,GIGABYTE,စတာတွေပေါ့။ဈေးနှုန်းမှာဆိုရင်
မြန်မာငွေ ၁သိန်းကနေ ၅သိန်း ကျော်အထိရှိပါတယ်။ဆိုတော့ GRAPHIC CARD များများသုံးနိုင်ပြီး ဈေးနှုန်းသင့်တင့်တဲ့ MOTHER BOARD ဝယ်ဖို့အကြံပေးပါရစေ။
RAM
RAM ကတော့ 8Gb 4Gb အမျိုးမျိုးရှိပြီး KISTON / CONSAIR က နာမည်ကြီးပါတယ်။
ဈေးကတော့ ၅ သောင်းကနေ ၁ သိန်းကြားရှိပါတယ်။8Gb ဝယ်သင့်ပါတယ်။
Cpu
Cpu မှာကျန်တော်သိသလောက် INTEL SERIES နဲ့ AMD SERIES ရှိပါတယ်။ဈေးနှုန်းမှာဆိုရင်လဲ ၅သောင်းကျော်ကနေ ၂ သိန်းကျော်အထိရှိပါတယ်။
Psu
Power supply ပါ။သူ့မှာလဲ နာမည်အမျိုးမျိုးနဲ့ watt အမျိုးမျိုးရှိပြီး EVGA နဲ့ CONSAIR ကနာမည်ကြီးပါ။ဈေးကတော့ WATT အလိုက် ၅သောင်းကနေ ၂ သိန်းကျော်ရှိ ပါတယ်။
Graphic card
Graphic card ကိုတော့အရင်ပို့တွေမှာကျန်တော်ပြောခဲ့သလို mining အတွက်အဓိကပါပဲ။သူ့မှာလဲ နာမည်အမျိုးပေါင်းများစွာရှိပါတယ်။
ဈေးနှုန်းမှာဆိုလဲ ၁သိန်းကနေ ၁၀သိန်း ဝန်းကျင်ရှိပါတယ်။ကိုယ်သုံးမဲ့ Budget ပေါ်မူတည်ပြီးဝယ်သင့်ပါတယ်။
R9 390/ RX 470/ RX 480/ GTX 1050/ 1050TI/1060/1070/1080/1080TI တို့နာမည်ကြီးပါတယ်။
Something went wrong here.