သက်သေခံဥပဒေ ပုဒ်မ ၁

in #myanmar7 years ago

ပုဒ်မ ၁ ။ ။ ဤဥပဒေသည် တပ်မတော်နှင့် သက်ဆိုင်သည့် ဥပဒေအရအဖွဲ့စည်းထားသော စစ်ခုံရုံးများမှအပ အခြား စစ်ခုံရုံးများနှင့် တကွ မည်သည့် တရားရုံးတွင်မဆို စစ်ဆေးစီရငိသည့် တရားစီရင်ရေး မှုခင်းများနှင့် သက်ဆိုင်စေရမည်။ သို့ရာတွင် မည်သည့်တရားရုံး သို့မဟုတ်အရာရှိထံတွင် တင်သွင်းသည့် ကတိသစ္စာ ပြုလွှာသည် လည်းကောင်း ခုံသမာဓိ လူကြီးရှေ့တွင် စစ်ဆေးဆုံးဖြတ်သည့် မှုခင်းသည်လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရ။ image
အကြောင်းအရာ
(က) စစ်ခုံရုံး
(ခ) တရားစီရင်ရေးမှုခင်း
(ဂ) တရားရုံး
(ဃ) ကတိသစ္စာပြုလွှာ
(င) ခုံသမာဓိမှုခင်း
(က) စစ်ခုံရုံး ။ ။၁၉၅၉ ခုနှစ်တွင် ကြည်းရေလေ တပ်မတော်သားများအတွက် သီးသန့်ပြုလုပ်ထားသော ဥပဒေများကို ပယ်ဖျက်ပြီးနောက် တပ်မတော်ဥပဒေကို ပြဋ္ဌာန်းခဲ့သဖြင့် ယခုအခါ မည်သည့်တပ်မတော်သားပင်ဖြစ်စေ ပြစ်မှူတစ်စုံတခုကို ကျူးလွန်လျှင် ယင်းဥပဒေအရ ဖွဲ့စည်းသော စစ်ခုံရုံးဖြင့်စီရင်ရသည်။ ၁၉၅၉ ခုနှစ်တပ်မတော်ဥပဒေတွင် ယင်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေပဲ သက်သေခံဥပဒေသည် စစ်ခုံရုံးတွင် စစ်ဆေးစီရင်သည့် မှုခင်းကစ္စ အားလုံးနှင့် သက်ဆိုင်စေရမည်ဟု အတည်အလင်းသတ်မှတ်ထားသည်။
(ခ) တရားစီရင်ရေးမှု့ခင်း။ ။ ဤဥပဒေတွင် တရားစီရင်ရေးမှုခင်း ဆိုသောစကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိပေ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄(ဍ)တွင် တရားဥပဒေအရ ကျမ်း သို့မဟုတ် ကတိသစ္စာပြု၍ သက်သေ ခံချက် ရယူနိင်သော မှုခင်းကိုညတရားစီရင်ရေး ကျမ်း သို့မဟုတ်ကတိသစ္စာပြု၍ သက်သေလူတဦးနှင့်တဦး လူတဦးနှင်လူတစု သို့မဟုတ် လူတစ်ဦးနှင့်အများပြည်သူတို့အကြား တရားဥပဒေပြသနာနှင့် စပ်ဆိုင်သည့်ကိစ္စကို အဆုံးအဖြတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ့သောမှူခင်းသည် တရားစီရင်ရေးမှုခင်း ပင်ဖြစ်သည်။ တရားစီရင်ရေးမှုခင်းနှင့် စပ်လျဉ်း၍ ပုဒ်မ၃၃ တွင်ထပ်မံ၍ ဝေဖန်ပါမည်။
(ဂ) တရားရုံး ။ ။ ပုဒ်မ၃ တွင်တရားရုံးဆိုသော စကားရပ်ကို အဓိပါယ်ဖွင့်ဆို ရယူနိုင်သူတိုင်းသည် ဤစကားရပ်တွင် အကျုံးဝင်နသည်။ သို့ဖြစ်ရာ တရားမကျင့်ထုံး ဥပဒေ တရားရုံးဖြစ်သည်ဟု ဆိုရမည်။ ယခုအခါ ပြည်သူ့လွတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ပြည့်သူ့တရားသူကြီးအဖွဲ့ ဥပဒေအရ ပြည့သူ့တရားသူကြီးအဖွဲ့ ဒေသဆိုင်ရာတရားကြီးဖွဲ့ နှင့်တရားစီရင်ရေး အဖွဲ့မျာသည် တရားရုံးများဖြစ်သည်။
(ဃ) ကတိသစ္စာပြုလွှာ။ ။ ကျမ်းသစ္စာပြုလွှာ သို့မဟုတ် ကတိသစ္စာပြုလွှာသည် ပုဒ်မ ၃တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည် သက်သေအထောက်အထား ဆိုသော စကားရပ်တွင်အကျုံးမဝင်သဖြင့် ဥပဒေကအတည်အလင်း ခွင့်ပြုထားသည့် ကိစ္စများမှအပ သက်သေအထောက်အထားအဖြစ် လက်မခြ့နိုင်ပေ။ ကျမ်းသစ္စာပြုလွှာ သို့မဟုတ် ကတိသစ္စာပြုလွှာဆိုသည်မှာ တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၃၉ အရလည်းကောင်း ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေပုဒမ ၅၃၉နှင့် ၅၃၉-က အရလည်းကောင်းကျမ်း သို့မဟုတ် ကတိသစ္စာ ပြုစေနိုင်သူရှေ့တွင် သစ္စာပြု၍ ပေးခဲ့သောဖော်ပြချက်ပင်ထြစ်သည်။ ကတိသစ္စာပြုလွှာသည် သက်သေအေ
ထာက်အထားပင် မဟုတ်သော်လည်း တရားမကျင့်ထုံးအမိန့် ၁၉ နှင့်သက်ဆိုင်သောကိစ္စ များတွင် သက်သေခံအဖြစ် အသုံးပြုနိုင်ပေသည်။ ထို့ပြင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၇၄ အရ သမ္မန်စာ အတည်ပြုသည့် ကိစ္စ ပုဒ်မ၅၂၆ (၄)အရ ရုံးပြောင်း လျောက်ထားသည့် ကိစ္စနှင့် ပုဒ်မ ၅၃၉-က အရ ပြည်သူ့ဝန်ထမ်းနှင့် ပတ်သက်သည့် စွပ်စွဲချက်များတွင် ကတိသစ္စာ ပြုလွှာဖြင့် အထောက်အထားပြုနိုင်ပေသည်။ အလားတူပင် တရားမကျင့်ထုံး ဥပဒေ အရလည်းအချို့ကိစ္စများတွင် ကတိသစ္စာပြုလွှာကို အထောက်အထားအဖြစ် တင်ပြနိုင်သည်။
ကတိသစ္စာပြုလွှာသည် သက်သေခံ ဥပဒေနှင့် အကျုံးမဝင်သဖြင့် ယင်းသစ္စာပြုလွှာ၌ ထင်မြင်ချက် တဆင့်ကြားစကားများကို ဖော်ပြနိုင်သည်။ ကတိသစ္စာပြုသူကိုတဘက်အမှုသည်က ပြန်လှန်မေးခွန်းထုတ်ရန် အတွက် ရုံးသို့လာရောက်ရန် တောင်းဆိုခြင်း မပြုနိုင်သော်လည်း တရားမကျင့်ထုံးအမိန့် ၁၉ ၊နည်း ၂ အရ ထိုသူအားရုံးမှဆင့်ခေါ်နိုင်ပေသည်။ ထိုပြင်လိမ်လည်၍ ကတိသစ္စာပြုသူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၉၃ သို့မဟုတ် ၁၉၉ အရ တရားစွဲဆိုနိုင်သည်။ ကတိသစ္စာပြုလွှသည် ကျမ်း သို့မဟုတ် ကတိသစ္စာပြုပြီး လုပ်သည့် ကြေငြာချက်ဖြစ်၍ တာဝန်မဲ့စွပ်စွဲချက်မျိုး မဖော်ပြသင့်ပေ။
(င) ခုံသမာဓိမှုခင်း။ ။ ခုံသမာဓိမှုခင်းမှာ ဖျန်ဖြေသည့်သဘော သက်ရောက်သဖြင့် တရားရုံးများကဲ့သို့ ဥပဒေလုပ်ထုံး လုပ်နည်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် မလိုပေ။ သို့ဖြစ်ရာသက်သေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ကို အတိအကျလိုက်နာခြင်း မရှိသည့်အကြောင်း ကြောင့် ခုံသမာဓိ မှုခင်းသည် ပျက်ပြယ်ခြင်းမရှိ။ သဘာဝတရားမျှတမှုကို ထိခိုက်စေသည့် ပျက်ကွက်မှုတခုခုကိုပြုမှသာ ယင်းမှုခင်းသည် ပျက်ပြယ်မည်ဖြစ်သည်။ အမှူသည် တဦးဦးအား သက်သေတင်ပြခွင့်မပေးခြင်း၊ တဘက်အမှုသည်အား ပြန်လှန်မေးခွန်းထုတ်ရန် ခွင့်မပြုခြင်း ၊ တဘက်သတ်စုံးစမ်းပြီး အမိန့်ချမှတ်ခြင်း ၊ တခုခုပြုမှသာခုံသမာဓိမှုခင်းကို ပယ်ဖျက်ပေးရနိ လျောက်ထားနိုင်မည် ဖြစ်သည်။ image


(၁) တရားမကျင့်ထုံးဥပဒေအမိန့် ၂၆၊ နည်း ၁၆၊ပြစ်မှု့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၀၃-၅၀၅
(၂) မသောင်းတင်နှင့် မောင်စိန်ရွှင် ၊ ၁၉၆၄ မြန်မာပြည်စီရင်ထုံး ၁၉
(၃) မစ္စစ်စတီဗင်ဆင်နှင့် မလှရင်၊ ၁၉၆၄ မြန်မာပြည်စီရင်ထုံး ၁၇၉ (လွှတ်တော်)
(၄) အမိန့်၁၁ ၊နည်း ၈-၂၀၊ အမိန့် ၅၊ နည်း ၁၈၊၁၉၊အမိန့် ၃၂၊ နည်း၃ ၊ အမိန့်၃၈၊ နည်း၁ နှင့် ၅၊အမိန့် ၃၉ ၊နည်း ၁။